Wednesday, December 31, 2008

နှစ်သစ်ဆုတောင်း

နှစ်သစ်မှာ
ပျော်ရွှင်ချမ်းမြေ့ပါစေ...။
ဘလော့ချစ်မိတ်ဆွေအပေါင်း
ဘေးရန်ကင်းကွာ ချမ်းသာစွာ
မိမိကိုယ်မိမိ ဆောက်တည်နိုင်ပါစေ...။
လောက ချမ်းသာရေး
ဆထက်တန်ဘိုး ဆောင်ရွက်နိုင်ကြပါစေ...။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ...။
ဆုမွန်ကောင်း တောင်းလိုက်ပါသည်....ခင်ဗျာ.....။

Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Tuesday, December 30, 2008

ကိုရီးယားရောက် နိုင်ငံခြားအလုပ်သမားများအတွက် နောက်ဆုံးရ အထူးသတင်း

အထူးသတင်း

၃၀-၁၂-၂၀၀၈ ရက်စွဲနဲ့ထုတ်ပြန်တဲ့ The Korea Times သတင်းအရ ပြည်တွင်းစီးပွားေ၇း အခြေအနေများကြောင့် E9 ဗီဇာများကိုခေတ္တယာယီပိတ်ထားကြောင်း နှင့် ၂၀၀၉-၀၁--၀၁ မှစ၍ E9 ဗီဇာ ရယူထားသူနိုင်ငံခြားသား အလုပ်သမား ၃၄၇၅၀ ယောက်ရှိကြောင်း။ အလုပ်လက်မဲ့ဖြစ်နေကြောင်း၊ လက်ရှိ E9 ဗီဇာ ရယူရန်ရှိသူများကိုလည်း အသေးစိတ်ထပ်မံစီစစ်သွားမှာဖြစ်ကြောင်း၊သတင်းထောက် ဘက်စီဟို( Park Si-soo )ကေ၇းသားတင်ပြထားတယ်..။အပြည့်အစုံကို ဒီမှာ ဖတ်ကြည့်ပါ...။
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

လေးစားခင်မင်ရတဲ့ ကျွန်တော့်အမအတွက်

လေးစားခင်မင်ရပါသော အမခင်ဗျား…
ကျွန်တော်နဲ့ အမ ဘလော့ပေါ်မှာ ဆုံကြရတဲ့မောင်နှမတွေလို့ ဆိုရမှာပါ။အသက်အားဖြင့်ရော ပညာအားဖြင့်ရော ကြီးမြတ် နေသူတယောက်မို့ ဘယ်အချိန်ဖြစ်ဖြစ် လေးစားသတိရနေ မှာပါ အမ၇ယ်…။

ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ ရိုင်းပင်းကူညီတတ်တာတွေ၊ ကိုယ်ချင်းစာနာစိတ်ထားတာတွေ၊ သနားကျင်နာတတ်တာတွေ ဟာ ဘာသာရေးရဲ့အဆုံးအမ၊မိရိုးဖလာယဉ်ကျေးမှု ချစ်စရာ အလေ့အထလေးတွေပါဘဲ။ သူတစ်ပါးဒုက္ခရောက်နေရင် ဘယ်လိုမှ စိတ်မချမ်းသာတော့ဘူး၊ ကူညီလိုက်ရမှ ကျေနပ်သွားကြ တာပါဘဲ။ အမရဲ့ ကိုယ်ချင်းစာကူညီပေးမှု တွေကိုလဲ ၀မ်းမြောက်ဝမ်းသာဂုဏ်ယူပါတယ်အမ။
ဒါပေမဲ့ အမရေ…
လောကကြီးမှာ အကောင်းအဆိုး ဒွန်တွဲနေတဲ့ နိယာမတရားတွေကို ဗုဒ္ဓဘုရားရှင် တောင်မှသွေဖယ် ရှောင်ခွါလို့ မရတာ။ ပါရမီဖြည့်စဉ်ဘ၀ကနေ ဘုရားအဖြစ် ရောက်တော်မူ သည့်ကာလအထိ မာရ်နတ်အပါ အ၀င် အနှောက် အယှက်ပေးသူ၊ ဒုက္ခပေးသူပေါင်းဟာ မရေမတွက်နိုင် လောက်အောင် များပြားခဲ့တယ်မဟုတ်လား။လောကကောင်းကြိုး သတ္တ၀ါတွေ ကောင်းကြိုး အစဉ်ကြိုးစား လုပ်ဆောင်တော်မူတဲ့ လောက သုံးပါးမှာ အမြတ်ဆုံးဘုရားရှင်တောင် ရင်ဆိုင်ခဲ့ရ သေးတာဘဲဟာ..ငါတို့တွေက ဘာဆန်းတာမှတ်လို့ ဆိုတဲ့ စိတ်လေး ထားကြည့်ပါအမ။ စိတ်ပေါ့ပါးသွားလိမ့်မယ်။
အမရေ…
ကျွန်တော်တို့ တိုင်းပြည်မှာက ပညာတတ်တွေကိုဘဲ အားထားနေရတာ။ အမှန်တရားတွေအားလုံး ကို ဖုန်းလွှမ်းခံနေရတဲ့ ခေတ်သမိုင်းတစ်လျှောက်မှာ အမတို့လို ပညာရှင်တွေမှ သမိုင်းအ မှန်ဖေါ်ထုတ်ပေးနိုင်ပါ။ အမအပါအ၀င် နိုင်ငံခြားရောက် ပညာရှင်တွေက လွတ်လွတ်လပ်လပ် ဖေါ်ထုတ်ပေးမှ ယနေ့လူ ငယ်လေးတွေ ကိုယ့်တိုင်းပြည်အကြောင်း ကောင်းကောင်းနား လည်သိရှိနိုင်လိမ့်မယ်လေ…။
အဲဒီတော့အမရယ်…
မရွေ့အစောင်း
ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနဲ့ယှဉ်
ရှေ့ရှုနှင်ပါလို့ဘဲ…တိုက်တွန်းချင်ပါတယ်…။
အမရဲ့ သမိုင်းစာမျက်နှာတွေကို မျှော်လင့်နေတဲ့…
မောင်ငယ်လေး
ကိုဝင်းလတ်
Summary

ဖတ်ကြည့်ချင်သေးလား....

Thursday, December 25, 2008

၂၅-၁၂-၂၀၀၈

" merry christmas "
“ ပျော်ရွှင်မှုအပေါင်း ခညောင်းပါစေ”
ဆုတောင်းပေးလိုက်ပါသည်...................၀င်းလတ်
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Wednesday, December 17, 2008

လိုအပ်ချက်များအတွက်...

ညီငယ်လေး YNS . Gmail ကနေ ပို့လိုက်တာပါ...သဘောကျ နှစ်သက်မိလို့ သူငယ်ချင်းတွေကို ထပ်မံဝေငှလိုက်ရပါတယ်...
ဖတ်ကြည့်နော်....။
(၁) "ငါ မဆိုးဘူး " လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။
(၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်ပေးနေတာပဲ။
(၃) ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။
(၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ၀မ်းနည်းမှုကို မေ့စေတယ်။
(၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘ၀ဟာ အကိုင်း၊ အခက်၊ အရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။
(၆) နေကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါတို့လဲ အလင်း ဖြာနိုင်ပါတယ်။
(၇) ချစ်ခြင်းမေတ္တာနဲ့ တကမ္ဘာလုံးကို ပိုင်ဆိုင် စေနိုင်သလို အမုန်းရန်ငြိုးနဲ့တကမ္ဘာလုံးကို ဆုံးရှုံးစေနိုင်တယ်။ (၈) လူ့တန်ဖိုး ဆိုတာ ဖြားယောင်း မြူဆွယ်ခံရတဲ့ တခဏမှာ အဆုံးအဖြတ်ပေးလိမ့်မယ်။
(၉) ကြင်နာမှု မရှိတဲ့ စကားလုံးတိုင်းဟာ အရသာ ကင်းမဲ့လှတယ်။
(၁၀) တခါခါ အချစ်ရဲ့ အင်အားဟာ အရာရာကို မေ့စေနိုင်အောင် ကြီးမားတယ်။ တခါခါ မနာလို ၀န်တိုမှုဆိုတဲ့ သဲလေး တပွင့်တောင် ၀င်မဆန့်နိုင်အောင် သေးငယ်တယ်။
(၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲ ဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တ မရဖို့ပါပဲ။
(၁၂) ပျင်းရိခြင်းသည် လူရဲ့ အသိဥာဏ်ကို သံချေး တက်စေပါတယ်။
(၁၃) ပျော်ရွှင်ခြင်း ဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ ဆင့်ပွားလိမ့်မယ်။
(၁၄) လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။
(၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့ အရာကို မေ့ပြီး မရသေးတဲ့ အရာကိုမှပိုတန်ဖိုး ထားတတ်တယ်။
(၁၆) အရာရာကို အောင်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အောင်နိုင်တာနဲ့ နိုင်းရင်မဖြစ်စလောက်လေးပါ။
(၁၇) အရာရာကို ဆုံးရှုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဆုံးရှုံးတဲ့ အရှုံးနဲ့နိုင်းရင် မဖြစ်စလောက်လေးပါ။
(၁၈) ဦးတည်ရာ မပျောက်ခဲ့ရင် ကိုယ့်ကိုယ်ကို မဆုံးရှုံးတော့ဘူး။
(၁၉) နေ့သစ်ကိုကြိုတဲ့ သီချင်းတွေ ဆိုခဲ့ဖူးရင် အမှောင်ကိုလဲ ပွေ့ဖက်ရဲရမယ်။
(၂၀) ပျံသန်းနိုင်တဲ့ အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့။အိပ်မက် မက်နိုင်တဲ့ အချိန်မှာ အိပ်မက်ကို လက်မလွှတ်ပါနဲ့။အချစ်ကို ခံစားမိတဲ့ အချိန်မှာ အချစ်ကို လက်မလွှတ်ပါနဲ့။ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်။ ဒီနေ့ လက်လွှတ်လိုက်ရင် မနက်ဖြန် ပြန်ရမယ်လို့ မပြောနိုင်ပါဘူး။
(၂၁) လောကမှာ အပင်ပန်းဆုံးအရာဟာ မရေမရာနဲ့ ဘ၀ကို ဖြတ်သန်းနေခြင်းပါပဲ။
(၂၂) လူ့ဘ၀ရဲ့ အကြီးမားဆုံး အမှားဟာ "အမှားကိုများ လုပ်လိုက်မိပြီလား" လို့အမြဲ စိုးရိမ်ပူပန်နေတဲ့ စိတ်ပါပဲ။ (၂၃) လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ရွေးခြယ်မှု နှစ်ခုမှာ မလုပ်ဘူးဆိုတာကို ရွေးချယ်လိုက်ရင် သင့်အတွက် အခွင့်အရေးဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။
(၂၄) လုံးဝ ပြီးပြည့်စုံတဲ့ သူငယ်ချင်းမျိုးကို သင်လိုချင်ရင် ဒီတသက် သင် သူငယ်ချင်းရှိတော့မှာ မဟုတ်ဘူး။ (၂၅) အမုန်းနောင်တ နည်းနည်းနဲ့ အတိတ်ကို ထားခဲ့ပါ။ဖြုန်းတီးမှု နည်းနည်းနဲ့ ပစ္စုပ္ပန်မှာ နေထိုင်ပါ။အိပ်မက် များများနဲ့ အနာဂတ်ကို ကြိုဆိုပါ။
(၂၆) ကိုယ့်ကို လူတုံး၊ လူအလို့ သဘောထားပြီး မသိတာရှိရင် မေးပါ။ ဒါမှ သင်များများတတ်မယ်။ (ပညာရှာပမာ သူဖုန်းစား)
(၂၇) နေရောင်ရှိတဲ့ ဘက်ကိုပဲ မျက်နှာမှုရင် အရိပ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။
(၂၈) အရှုံးနဲ့ ရင်ဆိုင်ရမှာကို ကြောက်ပြီး မလုပ်ခဲ့ရင် အောင်မြင်မှုဆိုတာ ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး။ (၂၉) သတ္တိရှိတယ်ဆိုတိုင်း ကြောက်ရွံ့ခြင်း မရှိတာ မဟုတ်ပါဘူး။ ကြောက်ရွံ့ခြင်းကို ရင်ဆိုင်ရဲမှ၊ ဖြေရှင်းရဲမှ သတ္တိရှိတာပါ။
(၃၀) လူတွေ မသိမိုက်မဲတာကို ဘုရားသခင်က ဘယ်တော့မှ အပြစ်မယူခဲ့ဘူး။လူတွေကသာ ဘုရားသခင်ကို မသင့်မြတ်ဘူးလို့ ပြောကြတာပါ။
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Monday, December 15, 2008

တနင်္ဂနွေ သတင်းထောက်လေး ကိုဝင်းလတ်

ဒီတစ်ပတ် တနင်္ဂနွေနေ့က တော့ ကိုဝင်းလတ်တို့ သတင်းထောက်အလုပ် လုပ်လိုက်ပါတယ်...
ရတဲ့ သတင်းနှစ်ပုဒ်ကို ဒေဂူးရွှေညီအကိုတွေအတွက် ဖြန့်ဝေလိုက်ပါတယ်...။
သတင်း(၁)
ဒေဂူး၊ဒါးလ်ဆောဂု၊ ရှင်းဒါန်းဒုံ၊ ၀ါးလျုံးရှိဂျန်း မှာရှိတဲ့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) ထိန်းသိမ်းစောင့်ရှောက်ရေး အကျိုးဆောင် အဖွဲ့၏ ပုံမှန်အစည်းအဝေးကို ၁၄-၁၂-၂၀၀၈ (တနွင်္ဂနွေနေ့) နေ့လယ် ၁ နာရီမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အကျိုးတော်ဆောင်များအနေနဲ့ မိမိတို့ မြို့ငယ်လေးရဲ့ တစ်ခုတည်းသော ဘုန်းကြီးကျောင်း အောင်မြင်စွာ တည်ထောင်နိုင်ခဲ့တော့ ၀မ်းသာပီတီအပြည့်နဲ့ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။ ကျောင်းတော်ကြီးအတွက် စုပေါင်းလှူဒါန်းငွေများကို ခွဲဝေသုံးစွဲမှု၊ လက်ကျန်ငွေနဲ့ ဆက်လက်တိုးတက်တည်ရှိနိုင်ဘို့ လိုအပ်သည်များကို စုပေါင်းဆွေးနွေး သွားကြပါတယ်၊ ဘုန်းကြီးကျောင်း နဲ့ပတ်သက်ရင် ဒီမှာလဲကြည့်လို့ရတယ်
သတင်း(၂)
၁၀-၁၂-၂၀၀၈ ရက်နေ့က ဒဲဂူးမြို့ စူးဆောင်းဂူ (대구광역시 수성구 에있는 ) မှာ종안 경찰청 ဗဟို ရဲဌာနချုပ် မှ အထူးလုံခြုံရေးအရာရှိ( 보안과장 )နဲ့ နိုင်ငံခြားသားများတွေ့ဆုံဆွေးနွေးပွဲလေး ကျင်းပ ခဲ့ကြောင်း သိရပါတယ်...။ တက်ရောက်သူ နိုင်ငံခြားသား (၂၄)ယောက်မှာ ဆုံစော အပိုင်က နိုင်ငံခြားသား ကိုယ်စားလှယ် (၅) ယောက် တက်ရောက် ခဲ့ပါတယ်။မြန်မာ၊ထိုင်း၊ပါကစ္စတန်၊ တရုတ်နဲ့ဗီယက်နမ် လူမျိုး တစ်ယောက်စီ တက်ယောက် ခဲ့ကြပါတယ်....။
ဆွေးနွေးပွဲမှာ 2007-2008 မှာ နိုင်ငံခြားသားနဲ့ ပတ်သက်တဲ့ အမှုပေါင်း 200 ကျော်ရှိတဲ့အကြောင်း၊လူသတ်မှု ၃-ခုပါဝင်ကြောင်း၊မှုခင်းအဖြစ်အများဆုံးက ဘဏ်ငွေထုတ်စက်များမှာ မသမာတဲ့ နည်းလမ်းဖြင့် ငွေထုတ်ယူမှု၊ အချင်းချင်းခိုက်ရန် ဖြစ်ပွားရာမှ လက်လွန်သွားခြင်း၊ အရွယ်မရောက်သေးတဲ့ မိန်းကလေးများကို သွေးဆောင်ဖျားယောင်း ဖျက်ဆီးခြင်း ဆိုတဲ့ အချက်(၃)ချက်ဟာ နိုင်ငံခြားသားများ ကျူးလွန်တဲ့ပြစ်မှု အများစု ဖြစ်ကြောင်း အထူးလုံခြုံရေး ရဲ အရာရှိမှရှင်းလင်းတင်ပြခဲ့ပါတယ်။ပြစ်မှုမကျူးလွန်ရေး၊မိမိအနီးပတ်ဝန်းကျင်မှာ ပြစ်မှုကျူးလွန်ရင်လဲ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ကြရေး၊ လိုအပ်တဲ့အကူအညီများကို ရဲတပ်ဖွဲ့ထံ တောင်းခံရယူနိုင်ကြောင်းဖြင့်လည်း အကျယ်တ၀င့် ပြောကြားတယ်လို့ သတင်းရပါတယ်။ အလွယ်တကူ ဆက်သွယ်နိုင်တဲ့ အရေးပေါ် ဖုန်းနံပတ် 112 နဲ့ပတ်သက်ပြီးလဲ ရှင်းလင်းသွားကြောင်းသိရပါတယ်။ အရေးပေါ် ဖုန်းနံပတ် 112 ကို အိမ်ဖုန်း/ လမ်းဘေးဖုန်းမှခေါ်ရင်112 စင်တာမှာ လိပ်စာပါပေါ်ပါတယ်...။ ဟန်းဖုန်းက ခေါ်ရင်တော့ အနီးဆုံး ၂၄ နာရီ ဆိုင်သို့မဟုတ် ဆိုင်းဘုတ်တစ်ခုခုနဲ့ မြို့နာမည် ပြောရင် စက္ကန့်၃၀ အတွင်း ရှာဖွေနိုင်ပြီး အချိန်မီ လာရောက်အကူအညီ ပေးနိုင်ကြောင်းသိရပါတယ်...။ဒယ်ဂူး တစ်မြို့လုံးကို လုံခြုံရေး ကင်မရာ(၇၆)လုံးဖြင့် စောင့်ကြည့်နေကြောင်းလည်း ပြောကြားသွားပါတယ်။
ဆက်လက်ပြီး တက်ရောက်လာတဲ့ နိုင်ငံခြားသား ကိုယ်စားလှယ်များက ဆွေးနွေးကြရာမှာ မှုခင်းဖြစ်ပွားသည့် အခါ ဘာသာပြန်ပေးလျှင် တွေ့ကြုံရသည့် ပြဿနာ၊မှုခင်းဖြစ်ပွားလျှင် ရဲနှင့် ပူးပေါင်းဆောင်ရွက်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများ၊ ရဲတပ်ဖွဲ့ နှင့် နိုင်ငံခြားသားများ အကြား အပြန်အလှန် နားလည်ပေးနိုင်မည့် အခွင့်အလမ်းများ ကို မိမိတို့တွေ့ကြုံခဲ့ရသည့်ဖြစ်ရပ်များ ကို အခြေခံ၍ ပြန်လည်ဆွေးနွေးသွားခဲ့ကြကြောင်း သိရပါတယ်။
အထူးလုံခြုံရေးတပ်ဖွဲ့အနေဖြင့် တက်ရောက်လာတဲ့ နိုင်ငံခြားသားကိုယ်စားလှယ်များကို အဆင်သဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအသိအမှတ်ပြုသွားမှာဖြစ်ကြောင်းနှင့် နောက်နောင် ယခုလိုဆွေးနွေးပွဲများကို လည်းတက်ရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ကဲ...ဒီတပတ် သတင်းထောက်အလုပ် ကတော့ ဒါပါဘဲ သူငယ်ချင်းရေ....။
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Tuesday, December 9, 2008

ခရစ်စမတ် ဆုတောင်း

္က္ကဤနေ့တွင် ဒါဝိဒ်၏ မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။ (လု-2-11)

သူငယ်ချင်းရေ....
ဘာလိုလိုနဲ့ ခရစ်စမတ်နေ့တောင်ရောက်တော့မယ်နော်....
မှတ်မိသေးလား...မြန်မာပြည်မှာ ဒို့ငယ်ငယ်တုန်းက ဒီလိုညတွေဆို ခရစ်ယာန်လူငယ်တွေ ဂစ်တာတွေတီးရင်း တစ်အိမ်တက်တစ်အိမ်ဆင်း ကောင်းချီးမင်္ဂလာတွေ ပြုကြတာလေ....။ ဒို့ကတော့ လမ်းထိပ်ကထဲက လွင့်ပျံလာ တဲ့ သီချင်းသံကြောင့် အိပ်ယာက နိုးလာပြီး အိမ်တံခါးဖွင့် စောင့်နေခဲ့တာပေါ့...။ ခရစ်ယာန်သူငယ်ချင်း တွေ အိမ်ထဲရောက်လာပြီး “ဤ အိမ်ပေါ်မှာကောင်းချီးမင်္ဂလာ ရောက်စေသော်” အစချီပြီး သူတို့ ဘုရားသီချင်းတွေ ဆိုတီးတာ နားထောင်ရင်း ကြည်နူးမိခဲ့ပါတယ်...။
(အခုတော့ ဒီလိုမျိုး လက်မခံနိုင်တော့မှန်း တကယ့်ကို သေချာလွန်းခဲ့ပြီ----ဖိုးချိုသီချင်း....အတားအဆီးတွေများတာဘဲ..ကန့်သတ်ချက်တွေထဲမှာ ခရစ်စမတ် ထင်ပါရဲ့ )

၁၂။ သင်တို့သည်အဘယ် နိမိတ်ဖြင့်သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့်ပတ်ရစ် ၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊ ၁၃။ ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊ ၁၄။ ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီးပေါ်၌ လည်းငြိမ်သက်ခြင်းရှိစေသတည်း။

သူငယ်ချင်းရေ...
ရောင်စုံမီးပုံးလေးတွေချိတ်ထားတဲ့ ခရစ်စမတ် သစ်ပင်ကြီးမှာ မီးရောင်စုံတွေလင်းလက်ပြီး လှပနေတဲ့ ညလေးတစ်ညကို ပြန်သတိရလိုက်တာကွာ...။အေးချမ်းလှတဲ့ ဒီဇင်ဘာရဲ့ မီးရောင်စုံညလေးတွေဟာ ခရစ်တော်မွေးဖွားခြင်း ကို ၀မ်းမြောက်စွာ ကြိုဆိုခဲ့ကြသလို...ခရစ်ယာန်ဘုရားကျောင်းထဲက သီချင်းသံလေးတွေကလဲ ဘုရားသခင်ကို ချီးမွမ်းမြွတ်ဆိုကြတယ်တဲ့...။

လူတို့အားမေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကိုချီးမွမ်း ၍ မြွက်ဆိုကြ၏။ (လု02-11~15)

သူငယ်ချင်းရေ...
ဘယ်ဘာသာတွေမှာဘဲဖြစ်ဖြစ် ငြိမ်းချမ်းခြင်း ကိုမြတ်နိုးကြတာပါဘဲ..။မေတ္တာ ကရုဏာ တရားတွေဘဲ ရင်ဝယ် ကိန်းဝပ်နေကြတာပါဘဲ...။လောဘ၊ဒေါသ၊မောဟ တရားတွေ ကင်းစင်ကြတာပါဘဲ...။လောကပါလတရားတွေ ရှိကြတာခြင်း အတူတူဘဲလို့ ကိုယ်ကတော့ ထင်တယ်...။(အဲ..မရှိတဲ့သူတွေတော့ သူ့သဘော သူဆောင်သွားမှာပါ....နော့်.....)

ထိုပြည်မှာသိုးထိန်းတို့သည် ညဥ့်အခါတောအရပ်တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ်၍၊ ၉။ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ထာဝရဘုရား၏ ဘုန်းတော်ထွန်း တောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။ ၁ဝ။ ကောင်းကင်တမန်က လည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ ၁၁။ ယနေ့တွင်ဒါဝိဒ်၏ မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။ ၁၂။ သင်တို့သည်အဘယ် နိမိတ်ဖြင့်သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့်ပတ်ရစ် ၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊ ၁၃။ ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊ ၁၄။ ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီးပေါ်၌ လည်းငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အားမေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကိုချီးမွမ်း ၍ မြွက်ဆိုကြ၏။

ကဲ သူငယ်ချင်းရေ... ကျမ်းစာထဲကအတိုင်း ဖွားမြင်တော်မူတဲ့ ကယ်တင်ရှင်ခရစ်တော်ဟာ လောက လူသားတွေ ကောင်းကြိုးအတွက် ပါဘဲ...။လူသားတွေ ဆင်းရဲဒုက္ခကနေ ကယ်တင်ဖို့ရန် ဖွားမြင်တော်မူခဲ့တယ်....။ အခုလို ခရစ်တော်မွေးဖွားတဲ့ ဒီဇင်ဘာလမှာ လောကကြီး သာယာပါစေ...ချမ်းမြေ့ပါစေ...။ဆင်းရဲဒုက္ခ မှ လွတ်ပါစေ လို့ဆုတောင်းပေးကြရအောင်....။
(အော်....ခဏ...အမေနဲ့ သားသမီးတွေလဲ ကျန်းမာချမ်းသာကြပါစေ ဘေးအမျိုးမျိုး လွတ်ငြိမ်းနိုင်ကြပါစေလို့ မြန်မာပြည်ကို မှန်းပြီးဆုတောင်းပေးကြရ အောင်နော်....)
ဒီပို့ရေးဖြစ်ဖို့ ကျမ်းစာ ပို့ပေးတဲ့ ကိုအောင် ကိုကျေးဇူးတင်ပါတယ်...။

mmary



ဖတ်ကြည့်ချင်သေးလား....

Wednesday, December 3, 2008

ပြည်တွင်း၌ အလုပ်အကိုင်များအဆင်သင့်ရှိနေ(သတင်းစာပါကြော်ငြာ)

တရားမဲ့တဲ့ ဖြတ်ထုံး
အနှစ်မရှိတဲ့အသုံးအနှုန်း
အာဃာတတွေနဲ့ဖုံး
အတ္တတွေ အရေခြုံထားတုန်း
ငါဆိုတဲ့ မာနစွဲတွေ နဲ့သူကတော့ခပ်ပြုံးပြုံး
ဒုက္ခနွံထဲမှာတော့ အတုံးအရုန်း
ကမ္ဘာကိုတော့ ကြွားလို့မဆုံး
အနှစ်နှစ်ဆယ်လုံးလုံး
ရီရတဲ့ ပြက်လုံး....။
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Saturday, November 29, 2008

မန်လည်ဆရာတော်ဘုရား၏ မှတ်သားစရာလကာင်္

သူငယ်ချင်းရေ
တို့တတွေ အခုဘ၀မှာ ခံစားနေကြရတဲ့ သုခဒုက္ခ တွေဟာ နောက်နောင်က ကောင်းမွေဆိုးမွေတွေကြောင့် ဖြစ်ရတာတဲ့။ဒါဆို မတရားတဲ့အလုပ်...အမှန်ကန်တဲ့ အပြုအမူ...ဆက်မလုပ်ကြဖို့လိုပြီပေါ့...။
ကမ္မနိယာမ သဘောတရားအရ ကောင်းတဲ့ကုသိုလ်ကံဟာ ကောင်းမွေကိုပေးမှာအမှန်ပါဘဲ...။
ဗီဇနိယာမ သဘောအရ ကောင်းတဲ့ မျိုးစေ့ကို စိုက်ပျိုးသူဟာ ကောင်းမွန်တဲ့အပင် ရှင်သန်ပေါက်ပွားပေမပေါ့..။ တရားတစ်ပုဒ်ထဲက မှတ်သားရတဲ့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးကို မျှဝေလိုက်ပါတယ်..မင်းကြိုက်ရင် ယူသွားပေါ့ကွာ..



အကောင်းအဆိုး အကျင့်မျိုးက
ပြစ်ကျိုးပေးနေ ရှိမြဲပေတည့်
နဘေဥမင် ကောင်းကင်ပြင်၌
အောင်းဝင်ပျံတက် ကံဝိဘက်မှ
လွတ်ကွက်လွတ်ရာ မရှိစွာခဲ့
ကြမ္မာဝဋ်ဆိုး မကောင်းကျိုးဖြင့်
ကြိုးကမြွေဖြစ် လည်ရစ်ဖွဲ့ခွေ လိုလိုသေ၏...။
ပုဗ္ဗေရှေးက ပြုခဲ့ကြသည့်
ပါပအကျိုး ထိုကံဆိုးကြောင့်
မိုးကျိုးကျရာ ခံထိစွာခဲ့..။
သံသရာဓွန့် ဘယ်မစွန့်ဘူး
မြို့ဝန်နောက်မှာ ပါးကွက်ပါသို့
ဖြစ်ရာဖြစ်ရာ ဘ၀မှာလျှင်
မကွာတန်တစ် ဖက်ထစ်အမြဲ
မကွဲမကွ လိုက်တတ်စွရှင့်
ကံမ္မနိယံ ထုံးစံမှတ်ယူ
ထိုသို့ဟူ၏...။
ဤလူတစ်စု ကိုယ်ပင်ပြုသား
ကိုယ်မှုကိုယ်ကံ ကိုယ်လုပ်ကြံတိုင်း ကိုယ်ခံရမြဲ....။
မလွဲတို့ခြေ မောင်သိစေတော့
အမွေဆက်ခံ မြောင်းမည်ခံ၍
ကံကံအကျိုး ကောင်းအဆိုးကို
လူမျိုးတကာ သတ္တ၀ါတို့
မှန်စွာမသွေ ရမြဲပေတည့်...။

(သီတဂူဆရာတော်၏ တရားတော် တစ်ပုဒ်မှ ထုတ်နှုတ်တင်ပြပါသည်...)




Summary

Rest of your post


ဖတ်ကြည့်ချင်သေးလား....

Tuesday, November 25, 2008

လွတ်ကျသွားတဲ့ မြို့တော်...

ကျွန်တော့ရင်ထဲမှာ စာတွေအများကြီးရယ်ပါ...
ကျွန်တော့်ရင်ထဲကနေ အပြင်ကို ထွက်ကျမလာသေးဘူး...(ဘယ်တော့မှန်းလဲမသိသေးဘူး)
ရင်ထဲမှာ နာနေလို့
ပင်ဂွင်းငှက်လေးကိုယ်စား
လွပ်လပ်ခွင့်ပြုပါ...
ပင်ဂွင်းငှက်(ညီလေးရေ...)
အဝေးကနေ...ဝေးကြလေပြီကွ...
မင်းရဲ့လွတ်ကျခဲ့တဲ့ မြို့တော်ကို ဘယ်တော့များ မင်း ပြန်ကောက်နိုင်မှာလဲ...ညီလေးရေ....

Summary



Rest of your post

ဖတ်ကြည့်ချင်သေးလား....

Tuesday, November 11, 2008

မိုးကိုမျှော်တဲ့ လူငယ်တွေ

နွေဆူးလင်္ကာ ရေးဖွဲ့တဲ့ ကဗျာလေးပါ...ဘယ်လောက်ကောင်းလိုက်သလဲ......

လိမ်ဆင်ကြီးမှန်းသိရက်နဲ့တော့
့ဘ၀ကိုပုံလောင်းရလောက်အောင်ထိ
ငါတို့တွေမိုက်ရူးရဲမဆန်ဘူး။

ဒီလိုနဲ့ပဲ ...
အချိန်တွေအကြာကြီး
ငါတို့တွေမှောင်ခဲ့ရဖူးပြီ။

တွင်းဆုံးကျနေတဲ့
ဘ၀တွေအားလုံးအတွက်
ထွက်ပေါက်တစ်ခုကို
ကူရှာပေးရုံလေးပါ။

မိုးခေါင်နေတာကို
လွန်ဆွဲနေရုံနဲ့တော့
မရွာနိုင်မှန်း သိခဲ့ကြပြီ။

ထောင်ချောက်တွေကြားမှာ
ကိုယ့်အမှန်တရားနဲ့ကိုယ်
ပျော်မွေ့ရှင်သန်နေကြတဲ့
လူငယ်တွေလေ ...
အားမတန်ပေမယ့်
ဘယ်တော့မှ မာန်မလျှော့ဘူး။ ။

posted by နွေဆူးလင်္ကာ at 6:38 PM on Nov 7, 2008
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Monday, November 3, 2008

နှုတ်ချို သျှိုတစ်ပါး

နိုင်းနိုင်းစနေ ဘာသာပြန်ထားတာပါ...ဖတ်ကြည့်ပြီးကြိုက်လို့ မျှဝေလိုက်ပါတယ်...

နားဝင်ချိုတဲ့စကားကို လူတိုင်း ကြိုက်ကြတယ်။ ဒါပေမယ့် နားဝင်ချိုအောင် လူတိုင်း မပြောတတ်ကြဘူး။ ကျွန်မဖတ်ဖူးတဲ့ တစ်ခြားလူပြောတဲ့ နားဝင်ချိုစကား တွေကို မျှဝေ လိုက်ပါတယ်။

၁)သမီးနဲ့အတူ အိမ်ဘေးက ကလေးတွေ ခြံထဲမှာ ဆော့ကစားနေကြတယ်။ ကလေးတွေက စိုက်ထားတဲ့ နှင်းဆီပန်းတွေကို ခူးခြွေနေတာကို အိမ်ရှင်ယောက်ျား ကတွေ့တော့ “ဒီမျောက်လောင်းတွေ နှင်းဆီပင်ကို ဖျက်ဆီးနေ ကြတယ်..ငါ သွားဆုံးမလိုက်ဦးမယ်” လို့ ဒေါနဲ့မောနဲ့ပြောတော့ အိမ်ရှင်မက “ရှင်အသာနေစမ်းပါ ...ကျွန်မသွားမယ်” ဆိုပြီး ခြံထဲ ဆင်းသွားတယ်။ ကလေးတွေနားရောက်တော့ လေသံနိမ့်ပြီး “သားတို့ သမီးတို့ ဒီနှင်းဆီပင်မှာ အဆူးတွေရှိတယ်.. အခုနားတင်ပဲ အပင်ကို ပိုးသတ်ဆေး ဖြန်းထားတယ်။ ဆူးစူးမိပြီး ပိုးသတ် ဆေးတွေ အနာထဲဝင်ရင် အဆိပ်ဖြစ်တတ်တယ်... အန်တီက စိတ်ပူလို့ပြောတာ... တစ်ခြားနေရာ သွားဆော့ကြနော်” လို့ပြောလိုက်တယ်။

၂)တည်းခိုခန်းတစ်ခုမှာ ဧည့်သည်တွေအတွက် ရေချိုးခန်းမှာထားတဲ့ ပုဝါတွေ အမြဲပျောက်တော့ သူဌေးက စိတ်တိုပြီး “တည်းခိုခန်းပုဝါ ခိုးသူအား တရားဥပဒေအရ အရေးယူမည်” လို့ သတိပေးစာ ရေးပြီး အိပ်ခန်းတိုင်း လိုက်ကပ်ခဲ့တယ်။ နောက်တစ်ရက်မှာ သူဌေးက အဲဒီစာကို “ ဥပဒေနှင့် ငြိစွန်းနိုင်ပါသဖြင့် တည်းခိုခန်း ပုဝါ အား မခိုးပါနှင့်” လို့ ပြောင်းရေးလိုက်တယ်။ နောက်တစ်ရက်နေပြီးတော့ သူဌေးက အဲဒီစာကို တဖန် “အကယ်၍ ပုဝါအား သင်ကြိုက်နှစ်သက်ခဲ့သော် ကောင်တာတွင် အသစ်ဝယ်ယူနိုင်သည်။ ပုဝါဟောင်းကို ယူပြီး အသစ်တန်ဖိုး ပေးနေရမှာ စိုးသောကြောင့်ဖြစ်သည်”လို့ ပြောင်းရေးလိုက်ပြန်တယ်။

၃)လူမမာ အမယ်အိုတစ်ဦး ဘယ်လိုပဲ ဆေးတိုက်တိုက် မသောက်ဘဲ ခေါင်းမာနေ ခဲ့တယ်။ ညအချိန် ချောင်းတွေ မပြတ်ဆိုးတော့ သားဖြစ်သူက “ချောင်းတွေ ဒီလောက်ဆိုးနေတာ ဆေးတိုက်တော့လည်း မသောက်ဘူး... အမေကို ငါသွားပြောမယ်” ဆိုတော့ ချွေးမဖြစ်သူက “နေဦး...အမေ ဆေးသောက်လာအောင် နောက်တစ်နည်း ပြောကြည့်မယ်” ဆိုပြီး အကြံထုတ်တော့တယ်။ နောက်နေ့မနက် ရောက်တော့ သားက အမေ့ကို“ သားအမိ ဆိုတာ စိတ်ချင်း ဆက်နေကြတယ်.. ညည အသံတိုးတိုးလေးနဲ့ အမေချောင်းဆိုးနေတာတောင် သားကြားတယ်... သားခံစားရတယ်.. အမေ အိပ်ရာမ၀င်ခင် ဆေးအမြဲသောက်ပါနော်” လို့ပြောမှ အမယ်အိုက ဆေးသောက် တော့တယ်။

၎) မိန်းမဖြစ်သူက ပြုတင်းပေါက်ဖွင့်ထားတော့ လေစိမ်းတွေက ၀င်လာတယ်။ ယောက်ျားက “ မအေးဘူးလား.. ဘာဖြစ်လို့ ပြုတင်းပေါက် မပိတ်တာလဲ” လို့ပြောမယ့်အစား “ မိန်းမရေ..နင်ချမ်းမှာစိုးလို့ ငါပြုတင်းပေါက် ပိတ်လိုက်ပြီနော်”လို့ ပြောလိုက်သတဲ့။

၅) လူတစ်ယောက်က သူ့မိတ်ဆွေကို ပိုက်ဆံတစ်ထပ် လှမ်းပေးလိုက်ပြီး “ ပိုက်ဆံတွေ ရေကြည့်ဦးနော်... အိမ်ပြန်ရောက်လို့ နည်းနေရင် ငါ့အဆိုးမဆိုနဲ့” လို့ ပြောမယ့်အစား “ ပိုက်ဆံတွေ ရေကြည့်ဦးနော်... ငါဦးနှောက်က သိပ်ကောင်းတာ မဟုတ်ဘူး.... လျော့ပေးမိမှာစိုးလို့” လို့ ပြောသတဲ့။

တူညီတဲ့ အဖြစ်အပျက်တစ်ခုကို မတူညီတဲ့ ရှုထောင့်ကကြည့်မိပြီး မတူညီတဲ့ ခံစားမှုနဲ့ မတူညီတဲ့ စကားတွေ ပြောထွက်တတ်တယ်။ တစ်ဖက်သားကို ထိခိုက်စေတဲ့ စကားပြောမိတာဟာ ကိစ္စတစ်ခုကို ရှုထောင့်ပြောင်းပြီး နောက်ကို တစ်လှမ်းဆုတ်ပြီး မတွေး၊ မကြည့်ခြင်းကြောင့်ဖြစ်တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။original post from : http://www.youthwant.com.tw

Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Thursday, October 23, 2008

မေတ္တာထား၊လေးစားပါ.. ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချဆက်ဆံခြင်း မပြုရ။

ကျွန်တော်ပြန်ပြောချင်တဲ့စကား....
ရေနံဈေးကျ၊ ရွေဈေးကျ (မိုးသီးဇွန် ဘလော့မှ ဆောင်းပါး)
အမေရိကန် စတော့ ဈေးကွက်ကျဆင်းမှုကြောင့် ဈေးကွက်အားလုံးကို ဂယက်ရိုက်ခတ်ခဲ့တယ်။ အမေရိကန် အစိုးရ နှင့် ဥရောပအစိုးရတို့ မှာ ဘဏ်ရေးပြုပြင်ပြောင်းလဲမှုများ၊ ငွေကြေးထောက်ပံမှုများပြုလုပ်ခဲ့သော်လည်း ဈေးကွက်အတွင်း စိုးရိမ်မှုများက တိုးတက်လျက်ရှိနေသေးတယ်။ ဒါကြောင် ဈေးကွက်တွင်အမြဲတန်း ထိပ်ဆုံးမှနေရာယူခဲ့တဲ့ ရွေဈေးနဲ့ ရေနံဈေး သည်ပင် ကျဆင်းလာပါတယ်။ ရေနံဈေးက တစည်ကို ၇၁ ဒသမ ၈၀ ဖြစ်လာတယ်။ အရင်က တစည်ကို ဒေါ်လာ ၁၄၀ ဒေါ်လာနီးပါးအထိ ဖြစ်ခဲ့တယ်။ ရွှေက တအောင်စကို အမေရိကန်ဒေါ်လာ ၇၈၇ဒသမ၇၀ ဒေါ်လာ ဖြစ်လာတာကိုတွေ့ရတယ်။ မြန်မာပြည်မှာ အိမ်ဈေးတွေ တန်ဖိုးကျဆင်းလာနိုင်ပါတယ်။ မြန်မာပြည်က အိမ်ဈေးက ၀ယ်လိုအားမရှိပဲ ဈေးနှုန်းဖေါင်းပွနေတာကြာပါပြီ။ အဓိကဈေးနှုန်းဖေါင်းပွရတဲ့အကြောင်းတွေကတော့.....
၁- နအဖ ငွေစက္ကူကိုအယုံအကြည်မရှိမှုကြောင့်ပိုက်ဆံရှိတဲ့ သူတွေက အိမ်တွေကို ပဲဝယ်ထားတယ်။
၂- ခွန်ဆာ၊ ရလလဖ၊ ကေအိုင်အို၊ ၀ အဖွဲ့  ၊ ကိုးကန့် အဖွဲ့  စတဲ့ တိုင်းရင်းသားအပြစ်ခတ် ရပ်ဆဲရေး လုပ်ထားတဲ့အဖွဲ့ တွေ ထဲမှာ က မူးယစ်ဆေးဝါးရောင်းဝယ်မှုကရတဲ့ငွေမဲတွေကို အိမ်ယာမြေတွေကိုဝယ်ပြီး ငွေမဲကိုငွေဖြူလျော ကြတဲ့အတွက် အိမ်ဈေး အဆမတန်တက်လာတယ်။
၃- နိင်ငံခြားရောက်မြန်မာများက လည်း မြန်မာ များကလည်း နိင်ငံခြားမှာ ကျွန်လိုလုပ်ပြီး ရတဲ့ဒေါ်လာငွေနဲ့ မြန်မာပြည်မှာ အိမ်တွေကို ၀ယ်ကြတယ်။ ဒီတော့ အိမ်ဈေးတွေက ထိုးတက်လာခြင်းဖြစ်တယ်။ အိမ်ဈေးကွက် ဗူစီပေါင်း ( Bubble ) ဖြစ်လာတယ်။အိမ်ဈေးတွေက အဆမတန်တက်နေတဲ့ ၀ယ်လက်က မရှိဘူးဖြစ်နေတယ်။
(
http://komoethee.blogspot.com/2008/10/blog-post_5394.html )

မိုးသီးဇွန်...သို့

၃- နိင်ငံခြားရောက် မြန်မာများက လည်း မြန်မာ များကလည်း(နှစ်ခါထပ်ရေးထားတယ်..ရေးချင်ဇော သိပ်များပုံရတယ်)နိင်ငံခြားမှာ ကျွန်လိုလုပ်ပြီး ရတဲ့ဒေါ်လာငွေနဲ့ မြန်မာပြည်မှာ အိမ်တွေကို ၀ယ်ကြတယ်။ ဒီတော့ အိမ်ဈေးတွေက ထိုးတက်လာခြင်းဖြစ်တယ်။ အိမ်ဈေးကွက် ဗူစီပေါင်း ( Bubble ) ဖြစ်လာတယ်။အိမ်ဈေးတွေက အဆမတန်တက်နေတဲ့ ၀ယ်လက်က မရှိဘူးဖြစ်နေတယ်။ ........ဆိုတဲ့ စာသားဟာ ကျွန်တော်ဖတ်ဖြစ်တာ ဒါဆို ဒုတိယအကြိမ်ဘဲ...ခင်ဗျားသေသေချာချာ စဉ်းစားပြီးပြောတာ..သုံးသပ်ပြတာဆိုရင် ခင်ဗျားရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဘာမှ မတုံ့ပြန်လိုပါဘူး..ခင်ဗျားသိအောင်ပြောရရင်.....
၁) နိုင်ငံခြားကို ဘာကြောင့်ထွက် အလုပ်လုပ်ကြရတယ်ဆိုတာ အားလုံးသိပြီးသားကိစ္စပါ...။အိမ်ဈေးကွက် အပြောင်းအလဲ ဖြစ်စေတဲ့အထိ နိုင်ငံခြားရောက်အလုပ်သမားတွေမှာ ငွေအင်အားရှိလို့လား...။ ရသလောက်ငွေကို ခြစ်ကုတ်စုပြီးမှ ၀ယ်ကြရတာပါ...။
၂) အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုတဲ့စကားဟာ ခင်ဗျားနဲ့ကျမှ ကျွန်ဘ၀ရောက်တော့တယ်...အားပေးမှု မလုပ်ဘဲ ရှုံ့ချချင်စိတ်ရှိတာဖေါ်ပြနေတာဘဲ..။
၃) နိုင်ငံကြီး လွတ်လပ်ဖို့ ဒီမိုကရေစီရဖို့ ကြီုးစားနေကြသူတွေထဲမှာ ခင်ဗျားတို့က ဦးဆောင်သူတွေပါ..စိတ်ထားလေး ပြင်လိုက်စေချင်တယ်...။
၎) မြန်မာပြည်ကနေခိုးထွက်..နိုင်ငံခြားမှာပညာသင်...ကြာရှည်နေခွင့်ရဖို့ နည်းလမ်းရှာ..ဒီမိုကရေစီအေ၇းကို ခုတုံးလုပ်..သူများနှာခေါင်းပေါက်နဲ့အသက်ရှူ..အဲဒီလိုမျိုးထက်စာရင် ကိုယ်ခွန်ကိုယ့်အားနဲ့ နိုင်ငံခြားထွက် အလုပ်လုပ်သူတွေကို နိုမ့်ချ မပြောဆိုသင့်ပါဘူး...။
၅) နိုင်ငံခြားထွက် အလုပ်လုပ်ပေမဲ့ ကိုယ့်နိုင်ငံအတွက် ပြန်ကြည့် နေကြတယ်ဆိုတာ နာဂစ်ရေဘေး ကိစ္စကို ကြည့်ရင် သိနိုင်ပါတယ်...။
၆)နိုင်ငံခြားရောက်နေပေမဲ့ ကိုယ်ကျိုးကိုယ်စီးပွားတစ်ခုထဲကိုဘဲ ကြည့်တတ်ကြတဲ့အထဲမှာ မြန်မာ လူမျိုးဟာ ရာခိုင်နှုန်း အနည်းငယ်ဘဲ ပါပါလိမ့်မယ်...။
ရ) အရာအားလုံးကို သိမ်းကျုံး အပြစ်ပြောဝေဖန်သလိုမျိုးဆိုရင် ကိုယ့်တန်ဘိုးကို ကိုယ်တိုင် တန်ဘိုးဖြတ်တာဖြစ်လိမ့်မယ်...။
၈) ဟိုတုန်းက လူ့ဘောင်သစ် ပါတီမှာ ခင်ဗျားရဲ့ရာဇ၀င်ကောက်ကြောင်းကို ပြန်စဉ်းစားရင် ပါတီဝင် တစ်ချို့ရဲ့သဘောထားတွေကို စာမျက်နှာဟောင်း ပြန်လှန်ရလိမ့်မယ်...။
၁၀) ဘာဘဲဖြစ်ဖြစ်လေ...အခု ခင်ဗျားတင်တဲ့ ဆောင်းပါးပါ တတိယ အချက်ကိုတော့ ကျွန်တော်အပါအ၀င် နိုင်ငံခြားမှာ အလုပ်လာလုပ်ကြတဲ့ မြန်မာနိုင်ငံသားမှန်သမျှကတော့ သဘောကျ ကျေနပ်ကြမှာမဟုတ်ဘူးလို့ တစ်ထစ်ချ ပြော၇ဲတယ်...။
ကျွန်တော်ရတဲ့ အချိန်လေးမှာေ၇းလိုက်ရလို့ ပြည့်ပြည့်စုံစုံမဟုတ်ပေမဲ့ ပြောချင်တာတွေကို ပြောလိုက်ရတော့နိုင်ငံခြားရောက် မြန်မာအလုပ်သမား တွေ၇ဲ့ ကိုယ်စား ကျေနပ်မိပါတယ်...နိုင်ငံအတွက် အသက်စွန့်တော်လှန်နေကြသူတွေထဲမှာ... ဒီမိုကရေစီသူရဲကောင်းတွေထဲမှာ... ခင်ဗျားနာမည် ရှေ့ဆုံးက ကဗျဉ်းထိုးလိုက်စမ်းပါ...ကျေးဇူးပါ....
ခင်ဗျားရဲ့ ဘလော့ထဲက အောက်ပါစာသားတွေကိုတော့ လေးစားတယ်ဗျာ

၁-- လူလူချင်းမေတ္တာထားရမည်။
၂-- အပြန်အလှန်လေးစားရမည်။
၃-- လူလူချင်း ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချဆက်ဆံခြင်း မပြုရ။
၎-- ညီရင်းအကို စိတ်ဓါတ်ကိုမွေးမြုရမည်။
၅-- အမျိုးသမီးများကိုခွဲ ခြားဆက်ဆံခြင်းမပြုရ။
၆-- တရိစ္ဆာန်များကို ညင်းပန်းနှိပ်စက်ခြင်းမပြုရ။
၇-- သဘာဝပတ်ဝန်းကျင်ကို မဖျက်ဆီးရ။
၈-- မတရားမှုမှန်သမျှ ခေါင်းငုံမခံရ ။
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Wednesday, October 22, 2008

ပုံပြင်လေးပါဘဲ..ဖတ်ပြီးမှသေသေချာချာစဉ်းစားပေါ့

ပုံပြင်လေးတပုဒ် ( စိုးမိုးသူ )
ဟန်ဂူရွာမှာ ဖတ်ဖြစ်တဲ့ပုံပြင်လေးပါ..လောကကြီးမှာ ကျွန်တော်တို့အားလုံးဖြစ်နေတာနဲ့များ တူနေမလားလို့...ဖတ်ကြည့်လိုက်ပါလား

“အကိုအမများ သူငယ်ချင်းများခင်ဗျား ”


ညီလေးတယောက်ပို့လာတဲ့ပုံပြင်လေးလက်ဆင့်ကမ်းလိုက်ပါရစေ။ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူပြည်သားတိုင်း ဆင်ခြင်သင့်တဲ့အတွေးအခေါ်တရပ်ပါပါတယ်။ဒီထက်ပိုပြောရရင် လူသားတိုင်းရဲ့အရေးဟာလူသားတိုင်းနဲ့သက်ဆိုင်ကြောင်း ခံယူနိုင်ကြစေချင်ပါတယ်....လက်ရှိအာဏာရှင်စနစ်ဆိုးကြီးအောက်မှာ မိမိကိုတိုက်ရိုက်မထိသေးလို့ မိမိနဲ့မဆိုင်ဘူးလို့မှတ်ထင်နေပြီး နိုင်ငံ့အရေးကို ခေါင်းရှောင်နေကြတဲ့သူတွေ သန်း၅၀ကျော်ရှိပါတယ်။အာဏာရှင်ဆိုတာ သူ့အာဏာခိုင်မြဲဖို့အတွက်လိုအပ်လာရင်ဘယ်သူ့မှမချန်ပါဘူး။။။။။။ပုံပြင်လေးနဲ့နှိုင်းယှဉ်ကြည့်ကြပါ......

"ကြွက်ထောင်ချောက်"

ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲ လို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာ မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီးအစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ ခေါင်းလာမရှုပ်နဲ့ကွာ။

ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျ။ လို့ ပြောလိုက်တယ်။
ဝက်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ တကယ်တော့ ကျနော်အနေနဲ့ ခင်ဗျားကိုဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။

ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်း ထပ်ပြောလိုက်တယ်။
နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့် နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ။ လို့ ပြန်ပြောလိုက်တယ်။ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။ အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါ တစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။

တစ်ညတော့ ဗြောင်း ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင် တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့ အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။ အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ် လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာ ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။

ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။ အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့ နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။

နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ ကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို စီစဉ်ရတော့တယ်။

ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့ မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် ... သတိရပါ။ ကျနော်တို့ထဲက တစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့ အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီး ဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန် ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲက တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။ဒါကတော့ တောင်အာဖရိက ကနိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ စကားပါ။ရှေ့ကပုံပြင်နဲ့မတူပေမယ့် မဆိုင်သလိုနေတဲ့သူတွေအတွက် ဥပမာပေးရာမှာတော့ နီးစပ်မှုရှိပါတယ်။"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်...သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ""If you are neutral in a situation of injustice,you have chosen to side with the oppressor."(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)ကျွန်တော့်ဘ၀မှာလည်း အမြဲမှတ်မိနေတဲ့စကားတခွန်းရှိပါတယ်။ ပြောခဲ့တဲ့သူက ကျွန်တော့်အဒေါ် ကျောင်းဆရာမ အပျိုကြီးပါ။ ကျွန်တော့်ကို အရမ်းချစ်သလောက် အရမ်းထိန်းချုပ်ဖို့ကြိုးစားလို့ ကျွန်တော်ကသူ့ကိုအမြဲ ကလန်ကဆန်လုပ်လေ့ရှိပါတယ်။အကြောမတည့်ဘူးပေါ့ဗျာ။။။။။။။ဒါပေမယ့်သူပြောသမျှ ဆုံးမစကားတွေထဲမှာ ကျွန်တော်ခုထိမှတ်ထားတဲ့စကားတခွန်းကတော့"တာဝန်သိသူမှာပဲ တာဝန်ရှိတယ်" တဲ့လူသားတိုင်းမှာ မိမိလူ့အဖွဲ့အစည်းနဲ့ လူသားထုတရပ်လုံးရဲ့ ငြိမ်းချမ်းရေး၊လူအခွင့်အရေးနဲ့ တရားမျှတရေးတို့ကို ထိန်းသိမ်း ကာကွယ်ဖို့တာဝန်ရှိကြောင်းသိကြပါစေဗျာ...။။။။။။။။။။။။။။ဘဘသန်းရွှေကြီးနဲ့အပေါင်းအပါတွေလည်းပါသပေါ့.....regardsmoethwayGeneration Wavehttp://www.generationwave.co.cc/

Summary

Rest of your post


ဖတ်ကြည့်ချင်သေးလား....

Tuesday, October 14, 2008

ကျွန်တော့် Comment လေးတွေအကြောင်း(၂)

“ဆန့်ကျင်ဘက်တွေ ကျင့်သားရလာတော့”

မျက်ရည်လေးတစ်စက်..
တောက်...ခနဲ မကျခင်မှာ
မျိုသိပ်ထားခဲ့ရတဲ့ စွမ်းအင်
ဘယ်သူမှ လှမ်းမမြင်ကြပါဘူး...။

ဟားတိုက်လို့ ရယ်လိုက်ကာမှ
အရွဲ့တိုက်တတ်လာမှန်း
ခနဲ့တတ်လာမှန်းကို
လောကကြီးကသိတော့
ငါ့ကိုဝိုင်းပြောကြတယ်....ဒီတော့လဲ...
အေးစက်စက်အတွေးတွေနဲ့
အသေကောင်လို နေပြလိုက်တာဘဲ ကောင်းတယ်...နော်.....။

“အိပ်မက်နိဒါန်း ( http://2mydreams.blogspot.com/ )၏ ကွဲပြားခြင်းရဲ့နောက် ကဗျာကို ကျွန်တော်ပေးခဲ့တဲ့ ကွန်မင့်”
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Sunday, October 12, 2008

သီချင်းလေးတစ်ပုဒ်နဲ့ အပန်းဖြေဦး

သူငယ်ချင်းရေ...
ကိုယ်လဲ ရသစုံခံစားမိတယ်..မင်းကိုလဲပေးမယ်..
ယူနော်....
ဒါလေးကို နားထောင်လိုက်ဦး


မျိုးချစ်မြန်မာဘလော့ထဲကရတာပါ...ကျေးဇူးတင်ပါတယ်မျိုးချစ် ခင်ဗျား....


ပြည်တွင်းက အမည်မသိ လူငယ်တွေရဲ့ သီချင်းလေးတစ်ပုဒ်ပါ ထွက်တာတော့ နဲနဲကြာပါပြီ
စ ရကထဲက တင်မယ်လုပ်ပြီး မအားလို့မတင်ဖြစ်ရာကနေ ပျောက်သွားလိုက်တာ ခုမှဘဲ သူငယ်ချင်း ကြည်သူလွင် ကောင်းမှုကြောင့် ပြန်ရခဲ့ပါတယ်၊ နားဆင်ကြည့်ကြပါ။

Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Saturday, October 11, 2008

အိပ်မက်နိဒါန်း ဘလော့ထဲက ကဗျာလေးကောင်းလို့ ကွန်မင့်ရေးခဲ့လိုက်တာကို ပြန်တင်ကြည့်တာပါ..တစ်ခုခု ပြောခဲ့ဦး...ကျေးဇူးဘဲ...

“နာကျင် တဲ့ အရောင်


အမိန့်ပေးသံ မဟုတ်တဲ့
တောင်းပန်သံ အတွက်
နင့် အသံလှိုင်း
လက်ခံနိုင်တဲ့နေရာက ပျက်နေတယ်။


မျက်ရည် မဟုတ်တဲ့
နှလုံးသွေးစက် အတွက်
နင် အလင်းရောင် မဲ့နေတယ်။


အားပေးမှု့ မဟုတ်တဲ့
နှစ်သိမ့်မှု့ အတွက်
နင် တံခါးတွေကို ယောင်လို့တောင် မဖွင့်ခဲ့ဘူး။



ရယူခြင်း မဟုတ်တဲ့
ပေးဆပ်ခြင်း အတွက်
နင့် ခံစားတက်တဲ့နေရာမှာ သွေးခုန်နှုန်း မရှိဘူး။


အရောင် မဟုတ်တဲ့
အရောင် အတွက်
နင် ကျေနပ်ခြင်းကို
ကိုယ်နဲ့မဆိုင်သလို ပစ်ထားတယ်။



အချစ်ဆိုတာကို
တစ်ဖဲ့တစ်ရွဲ့လေးတောင် ပေးဖို့
နင် မရက်ရော ခဲ့ဘူး။


နင့်ရဲ့ ခါးသက်သက် အရသာတွေကို
လိမ်ညာ အရောင်ဆိုးကြိတ်မှိတ်မျိုချပြီး


အမြစ်တွယ်နေတဲ့ နှလုံးသားဗလာကို
ဆွဲနှုတ်ပစ်ဖို့ မကြိုးစားတဲ့ ငါက
ဘယ်သူလဲ . . . . . . . . . .။

(အိပ်မက်နိဒါန်း...၏ ကဗျာ)(http://2mydreams.blogspot.com/ )


“နာကျင်တဲ့ အရောင်”

ပြင်းထန်တဲ့လှိုင်းလုံး
တစ်ဝုန်းဝုန်း စကားလှိုင်း
မုန်တိုင်းထက်အားသန်
မင်း...မာန်တွေလျှော့လိုက်ပါဦး။

တဖက်သတ်အထင်အမြင်နဲ့
စွဲချက်တွေတစ်ပုံတပင်ကို
ငါ့နှလုံးသားရင်ပြင်မှာ
နင့်ကိုလေ အဆိုးမမြင်ပါဘူး..။

အချစ်ဆိုတာကို
တစ်ဖဲ့တစ်ရွဲ့လေးတောင် ပေးဖို့
နင် မရက်ရော ခဲ့ဘူး....တဲ့။

တကယ်ဆို ပိုသူဘယ်သူလဲ
နင်တကယ်ပဲ မသိလျော့လေသလား...။

အရာရာအလျော့ပေး
မင်းအပြုံးလေးမြင်ချင်လို့ပါ...။

လောကကိုအရွဲ့တိုက်
မင်းကြောင့်ပဲငါမိုက်ခဲ့တာ...
အခုတော့ ....
လက်ခုတ်လေးတီးဖို့တောင် မင်းမေ့နေပြီပေါ့.။

မင်းဆီကိုအပြေးလာတုန်းက
ချွေးစို့တော့ သုတ်ပေးဖေါ်ရပေမဲ့
လောကဒဏ်ကို ဖြတ်ကျော်လာမှ
ဆီးကြိုဖို့ မင်းမေ့နေတာ
ငါ...အပြစ်မပြောတော့ပါ..
ကဲ...မင်း...နေသာသလိုသာနေပါ....ကွာ။

(ယောင်္ကျားလေးတွေဖက်ကတွေးလိုက်တာနော်..သဘောမကျရင်ရင်လဲ..ဆောရီး..)
(ကျွန်တော်ပေးတဲ့ ကွန်မင့်)
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

သူငယ်ချင်းဘလော့တစ်ခုက ကဗျာလေးကို ကွန်မင့်ပြန်ရေးလိုက်တာပါ...
ကိုယ့်ဖာသာ သဘောကျလို့ ပြန်မျှဝေလိုက်ရပါတယ်... ပို့စ်ပိုင်ရှင်(ချစ်သူ့ပုံရိပ်. http://loveintoourminds.blogspot.com/ )ကိုလဲ တောင်းပန်ပါတယ်..နော်...။

“ချစ်ခြင်း၏ နိယာမ”
အဝေးဆုံးက အတွေးတွေက
တစ်နေရာစီ ရှိနေတဲ့ ငါတို့နှစ်ယောက်ကို
ဒီလောက် နီးကပ်သွားစေတာ
ဘယ် သိပ္ပံပညာရှင်မှ
အဖြေရှာမရလောက်ဘူး ..

သေချာတာတစ်ခုကတော့
ဘာမှ ဖန်တီးနေဖို့မလိုပဲ
နှစ်ကိုယ့်တစ်စိတ်ဖြစ်ခဲ့တာ
ပညာရှင်တွေ ရှာမတွေ့ခဲ့တဲ့
ချစ်ခြင်းရဲ့နိယာမပေါ့ .... ။
(ချစ်သူ့ ပုံရိပ်...ကဗျာ)

“ချစ်ခြင်း၏ နိယာမ”
အယူအဆလွဲတွေနဲ့
အရူးတစ်ယောက်လိုတွေးမနေနဲ့
ဆန်တစ်ပြည် နှစ်ကျပ်ခွဲမဟုတ်တော့ဘူး...။
အဝေးဆုံးကအတွေးကို
နီးစေဖို့ဆို
အခုရွာမှာ အမေငိုနေတယ်...။
ဘယ် သိပ္ပံပညာရှင်မှ
အဖြေရှာလို့မရတာ
စားနပ်ရိက္ခာပြဿနာဘဲ
ကဲ..နင်လဲ..ဘာတတ်နိုင်သေးလဲ....။
သေချာတာတစ်ခုက
ချစ်ခြင်းရဲ့နိယာမမှာ
ပန်းကန်တစ်ချပ်ကိုနှစ်ယောက်အတူ စားလို့မရတာဘဲ..
ကဲ..နင်လဲ..ဘာတတ်နိုင်သေးလဲ..။
(ကျွန်တော်ပေးတဲ့ ကွန်မင့်)

သူ့ဆီမှာကဗျာလေးတွေကောင်းပါတယ် ဖတ်ကြည့်စေချင်လို့ http://loveintoourminds.blogspot.com/လင့်ပေးလိုက်တယ်..။
Summary

Rest of your post



ဖတ်ကြည့်ချင်သေးလား....

Thursday, October 9, 2008

စိတ်ပြေလက်ပျောက် ပေါက်ပေါက်ရှာရှာ

အ -နဲ့တွေ့လို့ ပြေးလို့မလွတ် မှ ပြန်လာမယ်....”
သူငယ်ချင်း
ရီစရာ ပြောရဦးမယ်..ကိုယ့်သူငယ်ချင်းတစ်ယောက်အကြောင်းပါ...။
ဒို့ တွေ ကိုရီးယား ရောက်ခါစက သူငယ်ချင်းတွေဆုံပြီဆိုရင်..လုပ်ငန်းခွင်ထဲက အတွေ့အကြုံတွေ ဖလှယ်ကြတာပေါ့..။
ဟို စက်ရုံမှုးကဘယ်လို..။ အတူလုပ်ရတဲ့ “ က” ကြီးသား(ကိုရီးယားလူမျိုးကို မြန်မာအခေါ်) ကဘယ်သို့ ဘယ်ချမ်းသာပေါ့...စုံနေအောင်ပြောကြတာပါဘဲ..။
တစ်ခုမှကို အကောင်းမရှိပါဘူး...။ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာ..ဆဲဆိုပြီးခိုင်းတာ...စကားနားမလည်တော့ ပြဿနာ တက်တာတွေပေါ့..။အဲဒီလိုဆူညံနေအောင် အတွေ့ အကြုံ တွေ ဖလှယ်ပြီးပြီလဲဆိုရော စကားဝိုင်း ထဲမှာ ဘာမှ မပြောဘဲ သူများတွေပြောတာကိုဘဲ တစ်ချိန်လုံး နားထောင်တတ်တဲ့ သူငယ်ချင်း ပဲခူး သား တစ်ယောက်က ထပြီးပြောလိုက်တယ်....
“ဟေ့ကောင်တွေ စိတ်လျှော့ဟေ့..စိတ်လျှော့ ။စိတ်မကြေနပ်တာတွေ တွေ့ရရင် ဖြေဖျောက်တဲ့နည်းရှိတယ်.. မှတ်ထားကြ”
“ပြောပါဦး ဆရာရဲ့”
စိတ်ထဲကနေ အခါတစ်ရာလောက်ရွတ်နေ“ဒေါသမထွက်နဲ့ စိတ်ကိုထိန်း၊တစ်လငွေဆယ်သိန်း” ... “ဒေါသမထွက်နဲ့ စိတ်ကိုထိန်း၊တစ်လငွေဆယ်သိန်း” ....လို့”
“အံမယ် တယ်ဟုတ်တဲ့ ဂါထာပါလား”
................................
အဲ..အခုတစ်လော..အဖမ်းအဆီးတွေ သိပ်များနေတယ်...နေရာအနှံ့ မလွတ်တမ်း ဖမ်းနေတယ်..
ဟိုကအဖမ်းအဆီးသတင်း..ဒီကအဖမ်းအဆီးသတင်း..... စိတ်ညစ်ရလောက်အောင်ကို ကြားနေရတာပေါ့...။ ညနေဖက် အလုပ်သိမ်းပြီး ညစာချက်ပြုတ်နေရင်းက ပဲခူးသားသူငယ်ချင်းကို ကိုယ်ကပြောလိုက်တယ် ...
“ကိုယ့်ဆရာရေ..ဆူဝမ်မှာတော့ ဖမ်းပြန်ပြီတဲ့...ငထိန်တို့ အုပ်စုတော့ ပါသွားပြီဗျို့....”
“ဟာ..ဟုတ်လား...အေးဟေ့..သတိသာထားနေကြ”
ဒီလို ပြောပြီး..ကိုယ့်ဆရာကရေချိုးခန်းထဲ ၀င်သွားလေရဲ့...။
တစ်ဝုန်းဝုန်းနဲ့ ရေချိုးသံကြားနေရာကနေ တိတ်သွားပြီး...သီချင်းအော်ဆိုသံ ကြားလိုက်တယ်...။
ကိုယ်လဲ..သူ့သီချင်းသံကို သေသေချာချာ နားစွံ့ လိုက်တာပေါ့..။
ပြီးတော့ တစ်ယောက်ထဲ ဟင်းချက်နေရင်း...ရီမိတယ်....။
ပဲခူးသားသူငယ်ချင်းဆိုတဲ့သီချင်းက ဗဒင် သီချင်းပါဘဲ...စာသားဖျက်ပြီးဆိုထားတာ...။
အော်..တော်လဲတော်တဲ့လူပဲ..ကဲ...မင်းလဲလိုက်ဆိုကြည့်ပါဦး...။
ဆုံးဖြတ်ချက်တွေ ပြီးမြောက်တော့မှ ပြန်လာမယ်..
အ-နဲ့တွေ့လို့ ပြေးလို့မလွတ်မှ ပြန်ခဲ့မယ်....
ပတ်စပို့က အသက်မရှိတော့လို့ စီအိုင်(C I ) နဲ့ မင်းဆီ တန်းလန်းကြီး ကိုယ်ပြန်ခဲ့ပါမယ်....”

အ=လ၀က(Immegration)
စီအိုင်=နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ်
(တန်းလန်းကြီးဆိုတာ တခြားမဟုတ်ဘူးနော်...တောင်တောင်အီအီ မတွေးနဲ့ဦး... ဖမ်းမိခဲ့လို့ပြန်ရတော့ ရည်ရွယ်ချက်မပြီးပြတ်သေးတာကိုပြောတာ...)



Summary

Rest of your post


ဖတ်ကြည့်ချင်သေးလား....

Wednesday, October 8, 2008

ဟိုတုန်းက တက္ကသိုလ်

လွတ်လပ်ရေးရပြီး စ မြန်မာနိုင်ငံရဲ့  တက္ကသိုလ် ပညာ အဆင့်အတန်းကိုမြင်နိုင်ပါတယ်။

ကျွန်တော်တို့ မမှီလိုက်တဲ့ အဲဒီခေတ်ရဲ့ မြန်မာ့ပညာရေးအဆင့်အတန်းကို ဒီဘလော့ ဖတ်ကြည့်ပြီး ၀မ်းသာ ၀မ်းနည်းဖြစ်ရပါတယ်..ဒီပို့စ် တင်တဲ့ မောင်ရင် ( http://maungyin.blogspot.com/) ကို ကျေးဇူးအထူးတင်ရှိပါတယ်..
ဖတ်ကြည့်လိုက်ကြရအောင်....

ဟိုးတုန်းက ရန်ကုန်တက္ကသိုလ် ကို မထင်မှတ် ဘဲ You Tube မှာ သွားတွေ့ မိတယ်။ အဖြူအမည်း ရုပ်ရှင်မှတ်တမ်းတိုကလေးအဖြစ်နဲ့ ။ ဟိုးတုန်းက ဆိုတာ တော်တော့်ကို ဟိုးတုန်းက။ အတိအကျဆိုရရင်လွန်ခဲ့တဲ့နှစ်ပေါင်း ၅၁နှစ် ဖြစ်တဲ့ ၁၉၅၇ ခုနှစ်က လွတ်လပ်ပြီး စ မြန်မာ နိုင်ငံ ရဲ့ ရန်ကုန် တက္ကသိုလ် အဖြစ်နဲ့ သွားတွေ့ တာ။ documentary လေး ကလက်ချာ တစ်ခု ကိုမှတ်တမ်းတင်ထားတယ်။.....သင်တဲ့လူ က ပရော်ဖက်ဆာ ဒေါက်တာကျော်သက်။ ဒီ ဒေါက်တာကျော်သက် ဆိုတာ ၁၉၂၁ ခုနှစ် မှာရန်ကုန်မြို့ မှာမွေးဖွားကြီးပြင်းခဲ့ တဲ့ မွန်-ဗမာ စပ်လူငယ်တစ်ဦး။ လန်ဒန်ယူနီဗာစီတီ London University ကနေ သမိုင်းဆိုင်ရာ ပါရဂူဘွဲ့ ကိုရခဲ့တယ်။ ပီအိပ်ခ်ျဒီ ဘွဲ့ အပြီး ကမ္ဘာကျော် ယေး(လ်)တက္ကသိုလ် ကြီး ရဲ့ ဘွဲ့ လွန်တန်းတွေမှာ နှစ်နှစ်ကြာ စာသင်ကြားပို့ ချခဲ့သေးတယ်။ ပြီးတော့ မှ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းသမိုင်း ပညာဌာန မှာ ပရော်ဖက်ဆာအဖြစ်တာဝန်ထမ်းဆောင်သွားခဲ့တယ် ဆိုပါတယ်။ပရော်ဖက်ဆာ ဒေါက်တာ ကျော်သက် ရဲ့ လက်ချာ အကျဉ်းချုပ်ကတော့..မြန်မာနိုင်ငံလွတ်လပ်ရေး ရ ခါစ ကမြန်မာ လယ်သမား များအပေါ်မတရား ငွေ တိုးချေးစားခေါင်းပုံဖြတ်ခဲ့တဲ့ အိန္ဒိယသားချစ်တီး များအကြောင်း… တရားဝင်စာရင်း တွေအရ မြန်မာနိုင်ငံ ရဲ့  လယ်မြေ ၇၅ ရာခိုင်နှုန်း ဟာချစ်တီးကုလားများလက်ထဲမှာရောက်ရှိနေပြီး။ တရား မ ၀င် စာရင်းများ အရဒိထက် ပိုနိုင်ကြောင်း၊ လွတ်လပ်ရေးရပြီးစ၊ စစ်ဘေးစစ်ဒါဏ်ကိုလဲပြင်းစွာ ခံခဲ့ရသောမြန်မာပြည် ရဲ့  ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေမှာကြုံရမယ့်အခက်အခဲများအကြောင်း၊ မြန်ဆန်သောပြန်လည်ထူထောင် ရေး လုပ်ငန်းတွေ လုပ်ရမှာ ဖြစ်ကြောင်း၊ ဗြိတိသျှ မှ မြန်မာကို တစ်ချို့ သော တန်ဖိုးများ၊ စိတ်ကူးများ ကို သင်ကြားပေးခဲ့တာတွေရှိခဲ့ကြောင်း၊ မြန်မာ ခေါင်းဆောင်များ ဟာ ဒီမိုကရေစီလမ်းကိုရွေးချယ်လျှောက်လှမ်းသွား မှာဖြစ်ကြောင်း၊ တိုင်းပြည်နဲ့ လူမျိုး အကျိုးစီးပွားအတွက် အင်မတန်ကိုခက်ခဲစွာ လုပ်ကိုင်ကြရမှာလဲဖြစ်ကြောင်း၊ရေရှည် အနေနဲ့  ဒီမိုကရေစီ စနစ် ကို a cup of tea အနေနဲ့ တင်စားသွားပြီး၊ မြန်မာ့ခေါင်းဆောင် များ ဟာ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ စနစ် ကိုပဲရွေးချယ်လျှောက် လှမ်းသွားကြမှာဖြစ်ကြောင်း ပို့ ချသွားခဲ့ပါတယ်။ဒီလက်ချာမှာ ကျောင်းသားတစ်ယောက် မေးခွန်းမေးခဲ့ရာ မှာတော့  မြန်မာနိုင်ငံဟာ အာစီယံ အသင်း ၀င်နိုင်ငံ ဖြစ်လာနိုင်ချေရှိပါသလား လို့ မေးမြန်းသွားရာမှာ Neutral ခေါ် ဘက်မလိုက်နိုင်ငံ အဖြစ်သွားတော့မယ့်  ကိုယ့်ခြေထောက်ပေါ်ကိုရပ်ရတော့မယ့် မြန်မာနိုင်ငံ တော် အရေး ကို ပရော်ဖက်ဆာ ဒေါက်တာကျော်သက် က ဟာသနှောပြီး လှပ စွာ ပြန်ဖြေသွားပုံကလေး ကိုလဲ မြင်နိုင်ပါတယ်။ ကြည့်ကြည့်ပါ..ဒီမှာ..



ဒီမှတ်တမ်းရုပ်ရှင်ကလေးမှာ တစ်ခေတ်တစ်ခါ က လွတ်လပ်ရေးရပြီး စ မြန်မာနိုင်ငံရဲ့  တက္ကသိုလ် ပညာ အဆင့်အတန်းကိုမြင်နိုင်ပါတယ်။ အဲဒိခေတ်ကတည်းက ရန်ကုန် တက္ကသိုလ် မှာ ဒီလို အင်္ဂလန်က ပီအိခ်ျဒီ ဘွဲ့ ရ ၊ ယေး(လ်) လိုမျိုး တက္ကသိုလ်ကြီးမှာစာပို့ ချပေးခဲ့တဲ့ပရော်ဖက်ဆာ ဒေါက်တာကျော်သက်လို မျိုး ဆရာတွေ ရှိနေခဲ့တာကို နိုင်ငံခြားသားများကိုယ်တိုင်အံ့သြ ယူ ရ တဲ့ သင်ကြားပို့ ချပေးတဲ့ဆရာရဲ့  ပညာအရည်အချင်း၊ သင်ကြားပို့ ချပေးတဲ့ဘာသာစကား teaching medium ဟာ အင်္ဂလိပ်ဘာသာစကားဖြစ်နေခြင်း၊ ဆရာတင်မက ကျောင်းသားများပါ အင်္ဂလိပ်စကားကို အင်မတန် ချောမွေ့ စွာ ပြောဆို နိုင် ခြင်းတွေ ကိုကြည့်ရင်၊ ဒီကနေ့ ဒေသတွင်းက နာမည်ကြီးနေတဲ့တက္ကသိုလ်ကြီးတွေ မှာတောင်အဲဒိ အချိန်က အဲလို အဆင့်အတန်း မီ ခဲ့တာရှားပါတယ်။အလွယ်ဆုံးဥပမာပြရရင် အခု စင်္ကာပူမှာ မြန်မာကျောင်းသား တွေပညာဆက် ဆည်ပူးစရာတက္ကသိုလ်ကြီးနှစ်ခုထဲက အခု အရှေ့တောင်အာရှမှာ နာမည်ထွက်လာတဲ့ စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) ဆိုရင် အဲဒိ အချိန်က Raffles College နဲ့ the King Edward VII College of Medicine တို့ ပေါင်းပြီး နောင်တစ်ချိန် NUS ဆိုတာဖြစ်လာမယ့် University of Malaya ဆိုတာ လေးသန္ဓေ ဖြစ်လာခါစပဲရှိပါသေးတယ်။ နောက်တစ်ကျောင်းဖြစ်တဲ့ နန်းယန်း Nanyang Technological University ဆို ရင်လဲအဲဒိခေတ် ၁၉၅၅ က တရုတ်ဘာသာနဲ့ သာသင်ကြားပေးတဲ့ တရုတ်ကျောင်းအဆင့်ပဲရှိခဲ့ပါတယ်။အဲလို..အဲလို ဒေ သတွင်းက တက္ကသိုလ် တွေ မယှဉ်နိုင်ခဲ့တဲ့ ၊ ပညာရေးသမိုင်းကြောင်း အင်မတန် ကောင်းခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကြီး ရှိခဲ့တဲ့ မြန်မာနိုင်ငံ ကလဲ ဒီအတိုင်းမနေပါဘူး။ စင်္ကာပူလို တက္ကသိုလ်ကြီး ၂ ခု ၃ ခုထဲရှိတာက တော့ပျင်း တောင်ပျင်း ပါသေးတယ်။ဒီကနေ့ ခေတ်မီဖွံ့ ဖြိုး သော နိုင်ငံတော် ကြီးရဲ့ နိုင်ငံတကာ အဆင့်မီပညာရေး စနစ်ဆိုတာကြီး အောက်မှာ အခုဆို တက္ကသိုလ်ကြီးတွေ စုစုပေါင်း ၁၄၄ ခုရှိပါပြီ။ ရန်ကုန်တိုင်းတစ်ခုထဲမှာတင် တက္ကသိုလ် ကောလိပ် ပေါင်းစုံ အရေအတွက် ၃၀ တိတိရှိပါတယ်။အဲဒိထဲမှာကျောင်းသားများတဲ့ တက္ကသိုလ်ကြီးတွေ၊ နည်းပညာ တက္ကသိုလ်ဆိုတာတွေ ကိုကြည့်လိုက်တော့ ရန်ကုန် အရှေ့ပိုင်း၊ အနောက်ပိုင်း ဆိုပြီး ဒဂုံ၊ လှိုင်သာယာ၊ နဲ့  သန်လျင် တွေမှာ ပို့ ထားတာတွေ့ ရပါတယ်။ ဒေသန္တရ အနေအထား နဲ့ ..ဆိုရရင် တော့ တော်တော် ကောင်းပါတယ် ။ ထိုင်ခုံအလှုပ်ခံရမယ့် ကျောင်းသား ဆူပူမှု ၊ဆန္ဒပြမှု ဖြစ်လာတယ်ဆိုရင် တခါတည်း မြစ်ကူးတံတား တွေကို ပိတ်ဆို့ လိုက်ပြီး မြို့ လယ်ကပြည်သူနဲ့ မပူးပေါင်းနိုင်အောင် စီစဉ်ထားတဲ့အတွက် ဗျူဟာ အရကြည့်လိုက်ရင် သတ်ကွင်းကရှင်းနေတဲ့အတွက် ၊ ဖြတ်လေးဖြတ်လုပ်ဖို့ လွယ်ကူတဲ့၊ ကျောင်းသား ပြည်သူ စစ်ကူ ထပ်ရောက်မလာအောင်ဖြတ်တောက်နိုင်တဲ့ အတွက်..ဆိုတော့…..အင်မတန် ကို ကောင်းပါတယ် (စစ်ရေးဗျူဟာ အရ)၊ ။နောက်တစ်ခါ ဒီကနေ့ တက္ကသိုလ်တွေမှာ ယူနီဖောင်းဝတ် မှ ကျောင်းတက်ရတယ်လို့  ကြားစက လာနောက်နေတယ်ထင်တာ။ တစ်ကယ် အဟုတ်ပဲ။ ပုံလေးပါတွေ့  လိုက်ရတော့ပိုသေချာသွားတယ်။ ကောင်းပါတယ် (စစ်ရေး ဗျူဟာ အရ ) ပစ်ကွင်း ဖမ်းကွင်း ရှင်းရှင်း နဲ့  ရန်သူ မိတ်ဆွေ ခွဲခြားရလွယ်သွားတယ်ပေါ့။ ရန်..ငါ ..စည်းပြတ်တယ်ဆိုတာမျိုးဆိုတာ ဒါထင်ပါရဲ့ ။ ပြီးတော့  ယူနီဖောင်းဆင်တူလေးတွေနဲ့ဆိုတော့ တက္ကသိုလ် ကျောင်းသားဆိုတဲ့ ဂုဏ် ကို ဦးချိုးပြီးသားလည်းဖြစ်သွားပြန်ရော။



ထားပါတော့..ဒါတွေက ကိုယ့်ထက်နားလည်တဲ့ သူ များ မဟာဥာဏ်နဲ့ စီမံထားတာဆိုတော့ ကောင်းမယ်ထင်လို့ စီမံတာနေမှာပါလို့ ပဲမှတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ က ပရော်ဖက်ဆာ ဒေါက်တာကျော်သက်တို့ ခေတ် က သမိုင်းမေဂျာ မှာ တောင် ဒီလောက် ပညာအဆင့်အတန်းမြင့်ခဲ့တာ အခု လို အိုင်တီခေတ်၊ နည်းပညာခေတ်ကြီးမှာ ပါရဂူတွေတောင်မွေးထုတ်ပေးနိုင်ပြီဖြစ်တဲ့ မြန်မာ့ တက္ကသိုလ် ပညာရေး အဆင့် က ၁၉၅၀ ခေတ်တွေထက် အဆပေါင်း မနှိုင်းသာအောင် မြင့်မားနေရော့မယ်..... လို့ ………….…………………………………………………စိတ်ကူးကြည့်မိလိုက်တာ..လင်းလက်ကြယ်စင်ဘလော့ဂ်မှာ..ဒီသတင်းလေး သွားတွေ့ တယ်…စိတ်မကောင်းစရာပဲ..B.A. (History) တဲ့…


ဓာတ်ပုံတွေ ဒီ ဘလော့ဂ်များ က ကူး ယူပါတယ်)http://linletkyalsin.blogspot.com/2008/07/agent_20.html
မောင်ရင်.

ဖတ်ကြည့်ချင်သေးလား....

Thursday, September 25, 2008

ဟိုအကြောင်းဒီအကြောင်း

ရွာအမှု ဘုန်းကြီးပတ်ခြင်း
သူငယ်ချင်းရေ....
ဒီတခါ ကိုရီးယားမှာ သာသနာပြုနေတဲ့ မြန်မာဘုန်းတော်ကြီးတစ်ပါးရဲ့အတွေ့အကြုံလေးကို ပြောဦးမယ်..။
ကိုယ်တို့ အူဆန်မြို့ကဟွန်ဒိုင်းအကြီးစားစက်မှုလုပ်ငန်းကုမဏ္ဍီမှာ အလုပ်လုပ်တုန်းက ရွှေမြန်မာတွေစုစုပေါင်း အယောက် လေးဆယ်လောက်ရှိတယ်။ နောက်ပိုင်းမှာ အယောက်အစိတ်လောက်ပဲကျန်တယ်..။ဗုဒ္ဓဘာသာဝင်တွေ စုလို့ကုသိုလ်လုပ်ကြတယ်..။ ကိုရီးယားမှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်းနှစ်ကျောင်း(အဲဒီတုန်းက နှစ်ကျောင်းဘဲရှိသေးတယ်)ကို လစဉ် အလှုငွေထည့်ကြတယ်..။နိုင်ငံခြားမှာသာသနာပြုနေကြတဲ့ရဟန်းတွေရဲ့ ဇွဲစိတ်ဓာတ်တွေကို ကြည်ညိုလွန်းလို့ ပါဘဲ..။
နွေရာသီအားလပ်ရက်မှာ ကိုယ်တို့တွေလစဉ်ကုသိုလ်ပြုနေတဲ့ ဘုန်းတော်ကြီးတွေကို မြင်ဘူးအောင်..ပြည်ပသာသနာပြုရတဲ့ အခြေအနေလေးတွေသိရအောင် ဗဟုသုတရအောင်ဆိုပြီး ဆိုးလ်မြို့ က ဘုန်းကြီးကျောင်းတွေကို အလည်ခရီးထွက်ခဲ့ကြတယ်...။မသွားတတ်မလာတတ်သေးတော့ ဘုန်းကြီးတွေဆီ ဖုန်းဆက်မေး..ဘယ်လိုလာရမလဲပေါ့..။ကျောင်းသားသစ်လေးတွေဘဲ ရှိသေးတာကို...။
ဘုန်းကြီးကျောင်းရောက်လို့ အေးအေးဆေးဆေး အနားယူပြီး ဧည့်သည်ရှင်းချိန် မှ ဘုန်းကြီးကိုတွေ့ရတာပေါ့.. ။ စကားစမည်ပြောကြတာပေါ့..ကိုယ်ကလဲ မသိတာတွေလျှောက်..ဘုန်းကြီးကလဲဖြေပေါ့...။
အဲဒီမှာ ဘုန်းကြီးပြောပြတဲ့စကားလေးနားထောင်ပြီး အော် နိုင်ငံခြားမှာ သာသနာပြုရတာ မလွယ်ပါလားလို့ တွေးမိ တယ်...။

Summary

ဒီလို..ဒီလို ကိုရွှေမြန်မာတစ်ယောက်...အလုပ်ပြုတ်ပြီးဘုန်းကြီးကျောင်းရောက်လာတယ်..။ဘုန်းကြီးကလဲ ကိုယ့်မြန်မာလူ မျိုးတွေဒုက္ခရောက်ရင် ကယ်တင်ရမဲ့တာဝန်ရှိတယ်ဆိုပြီး လက်ခံထားလိုက်တယ်..။ အစဦးပိုင်းတော့ ကိုရွှေက ပိုက်ဆံလေးရှိတော့ အပြင်မှာဘဲ ထမင်း စားနေသေးတယ်...။ ဘုန်းကြီးကျောင်းမှာနေပြီး ဘုန်းကြီးဝေယျာဝစ္စ လုပ်ပေးရကောင်းမှန်းလဲမသိဘူး..နေတတ်သလိုနေတယ်...။ အိပ်ခန်းထဲကလဲ မထွက်ဘူး..။ရက်တွေကြာလာပြီး အလုပ်ကလဲမရသေး ပိုက်ဆံလဲမရှိတော့ ဘုန်းကြီးဆွမ်းကျန် မျက်စောင်းထိုးရတော့တာပေါ့..။ နိုင်ငံခြားကဘုန်းကြီးကျောင်းတွေဆိုတာ တို့မြန်မာပြည်လို ဆွမ်းကိစ္စက အစဉ်ပြေတာမဟုတ်ဘူး..။ တစ်ခါတစ်လေ ချက်စရာဟင်းမရှိရင်..၀ယ်ပေးမဲ့ ဒကာဒကာမ မရှိရင် ဘုန်းကြီးကိုယ်တိုင် ဈေးထွက်ဝယ် ရတာတဲ့။ ကိုရွှေကလဲ တရားမ၀င်အလုပ်သမားဖြစ်နေတော့ ဘုန်းကြီးက မတော်လို့ဈေးထွက်ဝယ်ရင်း အဖမ်းခံရမှာစိုးရိမ်ပြီး ကိုယ်တော်တိုင် သင်္ကန်းတစ်ကားကားနဲ့ ဈေးသွားရရှာသတဲ့။ တစ်ခါတစ်လေ ထမင်းဟင်းချက်တာအစဉ်မပြေပြန်တော့ ဘုန်းကြီးကိုယ်တိုင် မီးဖိုဆောင် ၀င်ရသတဲ့..။ ရက်တွေတော်တော်လေးကြာတော့ မဖြစ်ခြေဘူး ငါကိုယ်တိုင်အလုပ်ရှာပေးမှတော်ရော့မယ်ဆိုပြီး ကိုရီးယား ဒကာဒကာမ အဆက်အသွယ်နဲ့ အလုပ်ရှာပေးလိုက်ရတယ်တဲ့..။စဉ်းစားစရာက သူ့ကို ဘာလို့ များ မြန်မာအချင်းအချင်း အလုပ်ရှာမပေးတာလဲ..လက်မခံချင်တာလဲပေါ့..အကြောင်းတခုခုရှိမယ်လို့ စဉ်းစားမိခဲ့တယ်..။
လတွေအတော်ကြာလာခဲ့တယ်...ကိုရွှေအလုပ်အစဉ်ပြေနေတယ်ပေါ့..။
တစ်ရက်မှာ ဘုန်းကြီးဆီကိုရွှေကဖုန်းဆက်တယ်..။အသံကလဲတုန်တုန်ရင်ရင်နဲ့..တစ်ခုခုဖြစ်နေတဲ့ပုံဘဲဆိုပြီး သေသေချာချာကိုရွှေအသံကို နားထောင်လိုက်ရတယ်တဲ့..။ကိုရွှေက “အရှင်ဘုရားတပည့်တော်ကို ကယ်ပါဦး အခု ဆေးရုံရောက်နေလို့..(....)ဆေးရုံမှာပါ” ပေါ့..ဒါနဲ့ ဆေးရုံကိုဘုန်းကြီးလိုက်သွားတော့ ကိုရွှေမှာ ဒဏ်ရာတွေဗလပွနဲ့ စကားတောင် ကောင်းကောင်းမပြောနိုင်ရှာဘူးတဲ့..။ ဖြစ်ပုံက တစ်ခြားနိုင်ငံခြားသား တွေက ၀ိုင်းရိုက်ကြတာတဲ့..ကံကောင်းလို့မသေတာတဲ့..။ဒါနဲ့ဘုန်းကြီးလဲ ကိုရီးယားဒကာဒကာမတွေကို အကူအညီထပ်တောင်း..မတရား ရိုက်နှက်တာဆိုရင် ဥပဒေအရ ဖြေရှင်းရအောင်ပေါ့..။ လျော်ကြေးလေးဘာလေးလဲ ရအောင်ဆိုပြီးဘုန်းကြီးကပြောပေးရတယ်တဲ့..။ဘုန်းကြီး နဲ့ ကိုရီးယားတွေ ရဲစခန်းလဲရောက်..ရဲနဲ့တွေ့မှဘဲ အားကျိုးမာန်တက် လိုက်လုပ်ပေးတဲ့ကိုရီးယားတွေကို ဘုန်းကြီးက ပြန်တောင်းပန်လိုက်ရတယ်တဲ့..။ရဲပြောလို့သိရတာက ကိုရွှေက အတူနေနိုင်ငံခြားသား အလုပ်သမားတွေဆီက ပစ္စည်းခိုးလို့တဲ့..။လက်ပူးလက်ကျပ်မိတဲ့တနေ့မှာ အရိုက်ခံရတာပါဘဲ..။ နောက်ဆုံးဘုန်းကြီးကဆေးရုံစရိတ်သိန်းလေးဆယ်လောက်ကိုပါ တာဝန်ယူကူညီလိုက်ရရှာတယ်..။ ဒါပေမဲ့ မပြီးသေးဘူး မြန်မာပြည်ပြန်ဘို့လေယာဉ်စရိတ်ထောက်ပံ့ရပြန်ရောတဲ့..။သံရုံးမှာ ပတ်စပို့ကိစ္စ လုပ်တော့လဲ ဘုန်းကြီးမှာတစ်နေကုန်ပြီးဆွမ်းငတ်တော့မဲ့ အခြေအနေမှာ နွားနို့နဲ့ပေါင်မုန့်နဲ့ စခန်းသွားခဲ့ ရတယ်ဆိုပဲ..။
ကိုယ့်ရွှေမြန်မာ ပြဿနာတက်တော့ကိုယ့်ပြဿနာလိုသဘောထားခဲ့တဲ့ဘုန်းကြီးခမျာ ကောင်းတာဆိုးတာ ဘေးဖယ်ထားလို့ ငွေကုန်လူပန်း ကူညီပေးခဲ့လိုက်ရတာ ဘုန်းကြီးဆီမှာရှိတဲ့ ရှိစုမဲ့စုငွေလေးကုန်ပါရောလား..။
နောက်တော့ကိုယ်ရွှေက မြန်မာပြည်ရောက်ပြီး အိမ်ထောင်တွေဘာတွေတောင်ပြုလိုက်တယ်..ကြီးပွားနေတယ်လို့ ကြားတယ်တဲ့..ဘုန်းကြီးမြန်မာပြည်ပြန်တော့ တွေ့ခဲ့သေးတယ်လို့ပြောတယ်...။
ကိုရွှေက လက်ဆော့တတ်တော့ ကိုယ့်မြန်မာအချင်းချင်းတောင် လက်မခံချင်လောက် အောင် ဖြစ်ရတာ၊ ဒါကြောင့်သူ့ကိုဝေးဝေးကရှောင်ကြတာတဲ့..။တစ်ခြားနိုင်ငံခြားသားတွေလက်ထဲမှာ မသေတာဘဲ ကံကောင်းသွားတာပေါ့..။ပြောရတာတော့ ကိုယ့်မြန်မာအချင်းချင်းကိစ္စပါဘဲ မကောင်းပါဘူး..။
ဒါပေမဲ့ ဘုန်းကြီးခမျာ သာသနာလဲပြု မြန်မာအမှုလဲ ရှင်း...
အင်း...ရွာအမှုဘုန်းကြီးပတ်ဆိုတာ ဒါပါလားလို့..။(တစ်ချိန်က ဤအကြောင်းတွေကို ဗဟုသုတဖြစ်အောင်ပြောပြတဲ့ ဘုန်းကြီးကို ဦးတင်ပါတယ်ဘုရား)



ဖတ်ကြည့်ချင်သေးလား....

Friday, September 19, 2008

ကဲ ကြည့်လိုက်ကြရအောင်...

ကိုရီးယား...တရုတ်...မြန်မာ ....ဘယ်သူကကောင်းလဲ ပြောခဲ့နော်.....

ကိုရီယားသီချင်း

တရုတ်သီချင်း

မြန်မာသီချင်း

ဖတ်ကြည့်ချင်သေးလား....

Thursday, September 18, 2008

အပန်းဖြေပါ...ပန်းမခြွေပါနဲ့....။

အမှတ်တရနေ့လေးတနေ့ပါဘဲ...


ဒီလိုနေ့မျိုးတွေကို မလိုချင်တာ..မကြုံချင်တာ..ရင်ထဲကဆန္ဒအပြည့်ပါ....။ဘယ်ဘ၀မှာဘဲဖြစ်ဖြစ် မကြုံပါရစေနဲ့လို့ အကိုဆုတောင်းပါတယ်..ညီလေးရေ...။


မင်းနဲ့ အကိုတို့ဟာ ခဏတွေ့ရပေမဲ့..တစ်သက်လုံးမေ့မရအောင် ဖြစ်စေခဲ့ရတာကို..ဒီနေ့အထိ ပြောလို့ မဆုံးသေးဘူးညီရေ...။


မြန်မာပြည်ကနေ ဒို့တစ်တွေ စီးပွားရှာဖို့ရည်ရွယ်ချက်နဲ့ ချစ်တဲ့မိသားစု ညီအကိုမောင်နှမတွေကို ခွဲခွါပြီး စွန့်စားလာကြတယ်...။ကိုရီးယားနိုင်ငံဆိုတာ အိပ်မက်တစ်ခု ကနေ မမျှော်လင့်ဘဲ တကယ် ရောက်လာခဲ့ကြတယ်...။ 3Dအလုပ်တွေကို မညီးမငြူ ပျော်ပျော်ကြီး လုပ်နေကြတယ်..။ဒုက္ခမျိုးစုံ တွေ့ကြုံကြပေမဲ့တစ်ဦးနဲ့တစ်ဦး နှစ်သိမ့်မှုတွေပေးကြ..လိုအပ်တာလေးတွေ ဖေးမကူညီကြနဲ့ တကယ့်ညီနောင်ရင်းချာပမာ ချစ်ချစ်ခင်ခင်ရှိခဲ့ကြတယ်နော်...။ စိတ်ဆိုးရင်ခဏ သောက်လိုက်ပျော်လိုက်ကြနဲ့ အချိန်တွေကို ကုန်လွန်စေခဲ့ကြတယ်....။


(၁-၁၀-၂၀၀၆)


ဒီလိုချုဆော့ပိတ်ရက်လေးမှာပေါ့...။


“အကို..ကျွန်တော်သွားနှင့်မယ်...အကိုတို့အလုပ်ပြီးရင်လိုက်ခဲ့...”


နှုတ်ဆက်ပြီး ဆိုင်ကယ်မောင်းထွက်သွားတဲ့ ညီလေးကို အလုပ်လုပ်နေရင်းခေါင်းငြိမ့်လို့ အေး..အေး ဆိုပြီး အမှုမဲ့အမှတ်မဲ့ နေခဲ့မိတယ်...အဲဒီစကားဟာ နောက်ဆုံးနှုတ်ဆက်စကားပါဘဲ...။


အကိုလဲ အလုပ်ပြီးတော့ မင်းနောက်ကို လိုက်လာသေးတယ်..။မိတ်ဆွေတစ်ယောက်နဲ့ချိန်းထားလို့ဆိုပြီး ရွှေကမ္ဘာ(မြန်မာစတိုးဆိုင်)မှာမတွေ့တော့ အကိုလဲ တစ်ခြားတစ်နေရာ ထွက်ခဲ့တာပေါ့..။ ညတစ်နာရီ ထိုးလောက် ဖုန်းလာတယ်...မူးနေတဲ့မင်းက.....


“အကို..ဘယ်မှာလဲ...အခုပြန်လာခဲ့ပါ..ဒီမှာ ၀ိုင်းကောင်းနေတယ်....မိုးပေါ်ရောက်နေပြီ...။နတ်သမီးလေးတွေ တွေ့ရအောင် အကို ပြန်လာပါ..အခု ပြန်လာ..”


ဆိုပြီး မူးနေတဲ့အသံနဲ့ အကို့ကို ဖုန်းဆက်ခေါ်သေးတယ်...။


မနက် ၆နာရီလောက်မှာပေါ့...


ဖုန်းသံကြားလို့ နားထောင်လိုက်မိပါတယ်...။


အံ့သြတုန်လှုတ်သွားခဲ့ရတယ်...လုံးဝမထင်ဘူး...နောက်နေတာဘဲထင်တယ်...။


ဒါနဲ့ တစ်ခြားဖုန်းလေးငါးလုံးကို ဆက်တိုက်ခေါ်ပြီးစုံစမ်းကြည့်တော့...


“ဟုတ်တယ်... သိန်းသန်းဇော် ညကဆိုင်ကယ်မှောက်လို့ အခြေအနေမကောင်းဘူး.. အခုအထိ သတိမရသေးဘူး..”


ဆိုတဲ့ စကားတွေဘဲ ကြားရတယ်...။


အကို ဆေးရုံကိုရောက်တော့... အရေးပေါ်ခွဲစိတ်ခန်းထဲရောက်နေပြီဆိုတာရယ်... အချိန်ကြာကြာ ခွဲစိတ်ရမယ် ဆိုတာရယ်ဘဲ သိရသေးတယ်..။ ည (၁၁)နာရီကျော်လောက်မှာထင်တယ်...ခွဲခန်းထဲ ကထွက်လာတဲ့ ဆရာဝန် က ၉၀% မကောင်းဘူးတဲ့...။အဲဒါလဲ သိလိုက်ရရော..ဒို့အပေါင်းအသင်းတွေ အကုန်လုံး ခေါင်းမီးတောက် ကုန်တော့တာပါဘဲ...။


(၃-၁၀-၂၀၀၆)


ညနေ ၅နာရီထိုးလောက်မှာ ငါ့တို့ချစ်တဲ့...ငါတို့ကိုချစ်တဲ့ မင်း...တို့ကမ္ဘာလေးထဲက အပြီးထွက်သွားခဲ့တယ်...။


မင်းမိဘတွေကို ဘယ်လို လုပ်ပြောရမလဲ...


ဘယ်သူမှ ပြောမထွက်ကြဘူး...နောက်ဆုံး မပြောချင်ဆုံးစကား..ပြောမထွက်တဲ့စကားတွေကို အားတင်းရင်းပြောလိုက်ရတယ်...။အပြင်မှာဘာတွေဖြစ်ကုန်ပြီလဲဆိုတာ ဆေးရုံရေခဲတိုက်ထဲမှာရှိနေတဲ့ မင်း ....မသိဘူးနော်....။


(၅-၁၀-၂၀၀၆)


အသုဘချတဲ့နေ့ပေါ့...။ဒေဂူးမြို့မှာရှိကြတဲ့ မြန်မာတွေလာလိုက်ကြတာ...မင်းချစ်တဲ့အပေါင်းအသင်းတွေ...အများကြီးပါဘဲ...ဟိုးအဝေးကြီး ဆိုးလ် မြို့ကသူငယ်ချင်းတွေလဲ လာကြတယ်...။


ကဲ..ငါ့ညီကို ဘယ်လောက်ချစ်ကြသလဲ...ကြည့်စမ်း...။


အကို မငိုပါဘူး...


ငါ့ဘေးမှာ ငါနဲ့ အတူတူအိပ်နေကြ ငါ့ညီလေး...ငါ့တို့ကို ခွဲသွားပြီ......


နောက်ဆုံးအချိန်အထိ အကို့ကို သတိတရ လှမ်းဖုန်းဆက်ပြီးစကားတွေပြောခဲ့တဲ့ ညီလေး...ခွဲသွားပြီ...


တွေ့ဆုံကြုံကွဲ ဆိုတာဒါဘဲလေ...ဘာငိုရမှာလဲ...စိတ်တင်းထားပါတယ်....


ဒါပေမဲ့


သူငယ်ချင်းတွေအားလုံး မျက်ရည်ကျနေတာမြင်ရတော့ ရင်ထဲမှာ မခံစားနိုင်တာတော့အမှန်ပါ....။


ရွှေကမ္ဘာလေးထဲမှာ မကြာပါလားညီလေးရယ်....။

“အကို...အိပ်ပြီလား..ဘယ်နှစ်နာရီရှိသေးလို့လဲ...”

“ဟ..နှစ်နာရီထိုးနေပြီလေ...အိပ်ချိန်ကွ...မင်းကဘယ်မှာလဲ...“

“ကျွန်တော် လမ်းမပေါ်မှာ...တစ်ယောက်ထဲ..မိုးတွေကလဲရွာနေတယ်...မိုးရွာထဲမှာ...“

“အေး..ပြော..ဘာလုပ်ပေးရမလဲ...”

“ကျွန်တော့်ကို ချစ်ရင်..အခုလာခဲ့...ကရင် ကိုပါနိုးပြီးလာခဲ့...အကိုတို့မလာရင်မချစ်လို့ဘဲ..ကျွန်တော်ကတော့ မိုးရေထဲမှာ စောင့်နေမယ်....မနက်မိုးလင်းတဲ့အထိ...”

“ဟာ..ဒီကောင်တော်တော်ဂွကျတာဘဲ...ပြဿနာဘဲ”

အဲဒီလိုနဲ့ မနက်နှစ်နာရီကျော်လောက် မိုးရွာထဲမှာ ထီးမပါဘဲ တစ်ယောက်ထဲဖြစ်နေတဲ့မင်းဆီကို ငါတို့အရောက် လာခဲ့တယ်..တော်တော်ဒုက္ခပေးတဲ့ကောင်ဘဲလို့လဲ တစ်တွတ်တွတ်ဆဲဆိုခဲ့ကြရသေးတယ်... မှတ်မိနေတယ်ငါ့ညီရေ...။အဲဒိညက မင်းပြောခဲ့တဲ့စကားတွေကို ပြန်ပြောရရင်....

(ရည်ရွယ်ချက်က..ကောင်းစေချင်တဲ့ဆန္ဒနဲ့ပါ..စိတ်ထဲမှာ သူငယ်ချင်းနှစ်ယောက် သင့်သင့်မြတ်မြတ်နဲ့ ပြဿနာမဖြစ်ကြဘဲပျော်ပျော်ရွှင်ရွှင်ရှိစေချင်တယ်...အသာစီးရနေသူကလဲငါအသာစီးကနေဖိပြောတာကို သူခံရမှာဘဲ...နိုမ့်ကျသူကလဲ အရှုံးပေါ်မှာ အကောင်းဆုံးအဖြေရှာပြီး ခင်မင်မှုမပျက် ရှေ့ဆက်ကြစေချင်တာ..)

အဲဒီညက မိုးလင်းတဲ့အထိ မင်း..သူတို့နှစ်ယောက်ရဲ့ကိစ္စကို ကိုယ်ကိစ္စ..ကိုယ့်ပြဿနာလို ခံစားပြီး မချိတင်ကဲဖြစ်နေတာ ငါတို့အားလုံးနားလည်တယ်...ဒါပေမဲ့ အဲဒိတုန်းက မင်းကို ပြောခဲ့တယ်မဟုတ်လား...သူတို့ကိစ္စသူတို့ရှင်းပလေ့စေ..မင်းဝင်မပြောနဲ့လို့...။
အေး..အခုတော့ ငါ့ညီ...မင်းရှိနေတုန်းထဲက ကိစ္စက မပြီးသေးတဲ့ပန်းချီကားဖြစ်နေတယ်...
အခုတော့ စိတ်မကောင်းစရာပေါ့ကွာ...
အချစ်ဆုံးတွေက အမုန်းဆုံးတွေဖြစ်ကုန်ကြတယ်...
မာနတွေ..ခါးသက်တယ်...
ဒေါသတွေ...ပူလောင်တယ်...
အဲဒါတွေကို ပြေပျောက်စေချင်ပေမဲ့..တို့တစ်တွေမစွမ်းသာဘူးညီရေ....
ကိုရီးယားမှာ မြန်မာဆိုတာ နည်းနည်းလေးပါ...ဒီ ဒေဂူးဆို...ပိုလို့တောင်နည်းသေးတယ်...။
လူနည်းစု တို့ ရွှေညီအကိုတွေက စုစုစည်းစည်းရှိကြမယ်...ချစ်ချစ်ခင်ခင်ရှိကြမယ်ဆိုရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ...။
တစ်ယောက်နဲ့တစ်ယောက် အမုန်းတရားတွေသင်ပုန်းချေကြ...
အချိန်ကာလတိုတိုလေးမှာ မြင်တွေ့နေရတခဏလေးမှာ...ပျော်ပျော်ရွှင်ရွှင်ရယ်ရယ်မောမောနဲ့ စကြနောက်ကြ..တစ်ဝါးဝါးတစ်ဟားဟားနဲ့ ပင်ပန်းသမျှတွေဖြေဖျောက်ကြ...ဘယ်လောက်ကောင်းလိုက်မလဲ..။
ကိုယ့်မြန်မာပြည် ကိုယ်ပြန်ရောက်လို့ အခုလို တွေ့ချင်လှချည့်ရဲ့...ပျော်ချင်လှချည့်ရဲ့ ဆိုလို့ ရပါအုန်းမလား...။ အခုလိုလွတ်လွတ်လပ်လပ်နေရချိန်လေးတွေ အနှောင်အဖွဲ့တွေကင်းနေချိန်လေးတွေကို အသားလွတ်ဆုံးရှုံးကြရမှာ နှမျောစရာမကောင်းဘူးလား....
ပန်းဥယာဉ်ဆိုတာ ပန်းပွင့်လေးတွေရှိမှ လှတာ...
လိပ်ပြာလေးတွေပုတုန်းကောင်လေးတွေ ပျံဝဲနေကြတာကြည့်ပြီးစိတ်ချမ်းသာရတာ...
သင်းပံျ့မွှေးကြိုင်နေတဲ့ ပန်းရနံ့လေးတွေရှုရှိုက်လိုက်ရမှ အမောပြေ စိတ်ကြည်နူးတာ..
ဒို့တွေအားလုံးဟာ ဥယာဉ်လေးထဲမှာအမြဲပျော်ရွှင်ကြည်နူးနေဘို့ စိတ်ချမ်းသာနေဘို့ လိုတယ်မဟုတ်လား...ပင်ပန်းသမျှတွေ အပန်းဖြေဘို့ဥယာဉ်လေးလှဖို့အမြဲလိုတယ်လေ...။
အဲဒိပန်းဥယာဉ်လေး စိမ်းလန်းစိုပြေနေဖို့ရာ..ဒို့တစ်တွေမှာ တာဝန်ရှိတယ်..
ပြောချင်တယ်...အပန်းဖြေပါ...ပန်းမခြွေပါနဲ့....လို့
(မင်းတို့အားလုံးဖတ်ပြီး ငါ့ကိုတော့စိတ်မဆိုးနဲ့ကွာ...သေသူကို တိုင်တည်ပြီးပြောလိုက်ပါရစေ...)

ဒီနှစ်ချုဆော့ပိတ်ရက်ကစောတယ်ညီလေးရေ...








mmary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Saturday, September 6, 2008

အချစ်ဦး(첫사랑)

ကျွန်မလေ..

ရှင့်ကို ဒီလိုပထမဆုံးမြင်လိုက်ရတဲ့အချိန်ကစပြီး.......

ကျွန်မရဲ့ ရင်ထဲမှာ အလွန်လှုပ်ရှားသွားခဲ့ရပါတယ်...။

ရှင်လေ...

ဒါကိုကြိုပြီးရိပ်မိနေမှာပါ...နော်...။

အချစ်ထဲမှာ နစ်မြုပ်သွားခဲ့ပါပြီ....။

ရှင့်ရဲ့ယောကျာင်္းပီသတဲ့ကိုယ်ခန္ဒာ....

ရှင့်ရဲ့ခန့်ညားထည်ဝါတဲ့အပြုံး....

ရှင့်ရဲ့သာယာချိုသာတဲ့စကားသံ....

အို...ကျွန်မ ဘယ်လိုလုပ်ရပါ့...။

အသက်ရှုဖို့တောင်မေ့သွားခဲ့ရပါပကောရှင်ရယ်....။

ရှင့်ထံပါးမှာ စိက်နစ်ထားလိုက်မိပါပြီ...။

ကျွန်မလေ...တစ်နေ့လုံး ရှင့်ကိုပဲစဉ်းစာနေမိတော့တယ်...။

မနက်ဖန်လဲ ရှင့်ကို လွမ်းနေမိဦးမှာပါ...။

ရှင်ရယ်...

အကယ်၍များ

ဆုပ်ကိုင်ထားနေတဲ့ ကျွန်မရဲ့လက်ကလေးကို ယောင်ပြီးလွှတ်ခဲ့မိရင်တောင်

ပြန်ဖမ်းပေးပါနော်...။

အဲဒီလောက်ချစ်မိတဲ့ ကျွန်မရဲ့အချစ်ကို လက်ခံပေးပါရှင်ရယ်...နော်...။

(ကိုရီးယားအဆိုတော် 장윤정 ရဲ့ သီချင်းလေးကို ဆီလျော်အောင်ဘာသာပြန်ထားတာပါ..။ အရမ်းကြိုက်တဲ့သီချင်းလေးပါ..နားထောင်ကြည့်ပါ...)
Post တင်နိုင်ဖို့ ကူညီတဲ့ ရွှေကမ္ဘာ(ဒေဂူး)ကို ကျေးဇူးတင်ပါတယ်။



Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Tuesday, September 2, 2008

“သားမောင်လူမိုက် အတွက်”

ဘလော့တစ်ခု မှ ဖတ်ရတဲ့ “အိမ် ပြန် လမ်း” ဆိုတဲ့ ကဗျာလေးအတွက် ထပ်ရေးလိုက်ရတာပါ ဖတ်ကြည့်လိုက်ပါဦး....

“သားမောင်လူမိုက် အတွက်”

မေ့သားမောင်လူညိုထွား
ရမ်းကားလို့ မိုက်လိုက်တာ..
မင်းသွားမဲ့ တတိယနိုင်ငံဆိုတာ..
ငါအမေမတားပါဘူး...။
မင်းနဲ့အတူ ဘယ်သူပါပါ..
လူရာဝင် လူ့အတွေးတွေနဲ့
ပြည်အရေး နည်းနည်းလေးတွေးပါ..။
စကတ်တွေ ဗလတ်တွေ ဘာဘဲဝတ်ဝတ်
သူ့နေရာ သူဝတ်ရမှာ
အမေ ..ငါ နားလည်တယ်ဟာ...။
မင်း ဇာတိ တို့ပြည်ကြီးကိုမှ
ဇနပုဒ်သာသာ ထင်မှတော့
မင်းစိတ်ဟာ အရင်းအတိုင်း
ရိုင်းလိုက်လေ ငါ့သားရယ်...။
ပြည် ခွါစဉ် ကြွေးကြော်ခဲ့တာက
ပြည်မြန်မာ လွတ်လပ်ရေး
အသက်သွေးစတေးဖို့ဆို...
အမေအို ငါ့ကိုများ
ပြောသွားခဲ့စကား
နားထဲမှာ ကြားယောင်
ခုများဖြင့် နားရှက်စရာမောင်....။
မင်းအမေ ငါ့ကိုထားခဲ့တဲ့
တို့ရွာမှာ ဘာတွေဘဲဖြစ်ဖြစ်
မင်း နဲ့အတူ ငါ့ ချွေးမ
မြေးအလှတွေ ပျော်ရွှင်ရွှင်
လောကနိဗ္တာန် ထင်မြင်သည့်
အဲဒိ ပြည် တတိယနိုင်ငံမှာ
မင်း ပျော်သလိုသာနေပါ...။
အမေ့မှာ အမေ့စကား
အမေ့သား နားမထောင်ခဲ့တာတော့
မင်းကိုမွေး ငါ့ ၀မ်းရည်
သွေးစက်တွေ သနလိုက်ပါပေ့...။
မင်း ဟာမင်း ပြန်ချင်ချင် မပြန်ချင်ချင်
တို့ရွာခွင် အနားကို မကပ်လေနဲ့
ရွာနာ မှာငါ အမေ စိုးတာကြောင့်
မင်းကိုယ်စား ငါ့မှာ သားတစ်ရာ
ဇာနည်တွေ မွေးကာထားပြီမို့
မင်းကိုလေ ထပ်ကာကြွားလိုက်မယ်..
သူတို့သာ ငါ့သား....။
(စာကျွင်း= အမေထပ်မွေးထားသော သားတစ်ရာသည် ယခု အကျဉ်းထောင်များတွင် ရှိနေသည်)

“အိမ်ပြန်လမ်း”
အမေ့သားမောင်
လူညိုထွား ၊ မြန်ပြည်ဖွား
အညာသားစစ်စစ်က
တတိယနိုင်ငံသားကြီး လုံးလုံး ဖြစ်ရတော့မယ် အမေ ။
ရင်နာလိုက်တာ အမေရယ်
အမေ့ ချွေးမချောက
တတိယနိုင်ငံခ၇ီးအတွက်
စကတ်လှလှတွေတောင် ချုပ်ဝတ်နေပေါ့အမေရယ် ။
ထန်းခေါက်ဖာထဲက ထမီစုတ်တွေ ထားခဲ့မလို့ တဲ့လေ။
အမယ်မင်း
လိုရမယ်ရ၊ ငါ့ နှစ်နံစပ်တကွင်းလေး
ရေသနုပ် လုပ်ရဦးမဟဲ့
စူးကေ့စ်ထဲထည့်ထား၊ ဗျာမများနဲ့ ။
ဟိုကျရင်
အ အာ အိ အီ မမေ့နဲ့
ဗျည်း၊ သရ ခြဲသိ
ငပိလည်း လွမ်းမိမှာပ ။
အမေ့ကိုပင်
မခွဲချင်ပဲခွဲရ
နှစ်နှစ်ဆယ်ခရီး က ကြမ်းလှ ရမ်းလှ
သားတို့လည်း ဇွဲလုံ့ လတွေ လျှော့ကြ ပေါ့ကြပေါ့အမေရယ်။
လောကဓံလို့ပြောရမလား
မောဟဒဏ်လို့ ပြောရမလား
စေဒနာဥာဏ်အသိရှိပေမယ့်
သောကတဖန် ခါခါ ပွားနေရတော့
လောကနိဗ္တာန်ဆိုတာကို မြန်းကြသာပ။
ဥရောပနဲ့ ဗမာပြည်
ရွေမြို့ တော်နဲ့  ဇနပုဒ်လောက်ကွာပေမယ့်
တဲအိုနဲ့ အမေ့မျက်နှာချိုချိုသာမြင်မိ
ဇာတိဆိုတာကို ဘယ်သင်းမမေ့နိုင်ပါ။
တနေ့
သားလူမိုက်
ခေါင်းငိုက်စိုက်နဲ့ နေဝင်ရီတရော
ယာတောလမ်းက ပြန်လာခဲ့မယ် အမေ … … …။
အောင်ဟိန်း (မုံရွာ)
၁၉ ရက်၊ ဇန်န၀ါရီ ၊ ၂၀၀၇
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Monday, September 1, 2008

သီးလေးသီးအငြိမ့်(ကိုရီးယားပွဲ)

Summary

Rest of your post


ဖတ်ကြည့်ချင်သေးလား....

Friday, August 22, 2008

နိုင်ငံခြားရောက်မြန်မာလူငယ်များ၏ အနာဂတ်အပေါ် စာရေးဆရာအောင်သင်း၏အမြင်

အင်တာဗျူး - ခေတ်ပြိုင်[Photo]

စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦးအောင်သင်းသည် လူငယ်များတိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟောပြောရေးသားနေသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ အသက်အရွယ် ထောက်လာသည့်တိုင် နိုင်ငံခြားရောက် လူငယ်များ မိမိတို့စိုက်ထုတ် ရင်းနှီးခဲ့သည်များကို ချင့်ချိန်တတ်အောင် အကြံပေးလိုသည့်ဆန္ဒ ရှိနေသည်။
ရန်ကုန်မြို့မှ စာရေးဆရာကြီး ဦးအောင်သင်းအား ခေတ်ပြိုင်ဂျာနယ် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့် အထူးသဖြင့် ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေးမြန်းရာ ဆရာအောင်သင်းက ယခုကဲ့သို့ ဖြေကြားသည်။
ဖြေ ။ ။ ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမသြ၀ါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေဟာ ဘာပဲဖြစ်ဖြစ် အခြေအနေအရ ရပ်ဝေးမြေခြားမှာ သွားပြီးတော့ စီးပွားရှာကြ တယ်။ ဘ၀ကိုတည်ဆောက်ကြတယ်ဆိုတော့ ကျနော့်စိတ်ထဲမှာ အင်မတန် သနားတယ်။ ချစ်လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။ နောက်ပြီးတော့ သူတို့အပေါ်မှာ အထင်လည်းကြီးတယ် ဆိုပါတော့နော်။
ဘာကြောင့်လဲဆိုတော့ ကိုစိန်ကျော်လှိုင် သတိထားမိလားမသိဘူးခင်ဗျာ့။ ကျနော်တို့ မြန်မာလူမျိုး တွေဟာ များသောအားဖြင့် အိုးနဲ့ အိမ်နဲ့ သိပ်မခွာချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြား သိပ်မသွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြားထဲမှာ သွားပြီးတော့ ဒီလိုလုပ်တဲ့ အတွက်ကြောင့် ကျနော် သူတို့ကို တကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။
အော် ငါတို့ထက်တော်တဲ့ ကလေးတွေပါလားလို့ ကျနော့်စိတ်ထဲမှာ မေတ္တာထားမိပါတယ်။ ဒါကြောင့် ကျနော်တို့ သူတို့ကို စကားပြောချင်တာက ပြောတဲ့အခါမှာ အဆုံးအမရယ်လို့ မဟုတ် ဘဲနဲ့ သူတို့ရဲ့အဖိုး၊ သို့မဟုတ်လို့ရှိရင်လည်း အင်မတန်ရင်းနှီးတဲ့ ဘကြီး၊ ဦးကြီးအဖြစ်နဲ့ ကျနော် ပြောချင်တာပါ။
မေး ။ ။ ဟုတ်ကဲ့ အဲဒီလို ပြောတဲ့နေရာမှာ ကျနော်တို့ အခု ဆရာပြောတဲ့ လူငယ်အမျိုးအစား တွေကို ပြန်ကြည့်တဲ့အခါကြတော့ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြတယ်ဆိုတဲ့ နေရာမှာ အထူးသဖြင့် ကိုရီးယားတို့၊ ဂျပန်တို့၊ နောက်တခါ မလေးရှားအစရှိတဲ့ နိုင်ငံတွေမှာ ပုံစံ အမျိုးမျိုးနဲ့ လုပ်အားကို အသုံးချပြီး အထူးသဖြင့် ကိုယ်ကာယ လုပ်အားကို အသုံးချပြီး လုပ်ကြ ရတဲ့ လူငယ်တွေ အတော်လေးများပါတယ်။ ဆိုတော့ အရေအတွက် အတော်လေးများများလာ ပါတယ်။ အထူးသဖြင့် စီးပွားရေး ကြပ်တည်းတဲ့အခါမှာ မလွှဲမရှောင်သာ ခုနဆရာပြောသလို ကိုယ့်အိမ်ကိုယ့်ယာ ခွာချင်လို့ မဟုတ်ဘဲနဲ့ မလွဲမသွေ ခွာဖို့ဖြစ်လာတဲ့အကြောင်းတွေရှိလာလို့ ခွာကြတဲ့ လူတွေလည်း ပါပါလိမ့်မယ်။ ဘာများဆရာ့အနေနဲ့ ပြောချင်ပါလဲခင်ဗျာ။
စွန့်တယ်ဆိုတာ စားရဖို့
ဖြေ ။ ။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ဘ၀လေးတွေကို ကျနော် ခဏခဏစဉ်းစားမိပါတယ်။ စဉ်းစားလိုက်တဲ့အခါကြတော့ သူတို့မှာလေ အရင်းအနှီး တော်တော်ကြီးပါတယ်။ အရင်းအနှီး ဆိုတာ ကိုစိန်ကျော်လှိုင်ရေ… ရင်းနှီးလိုက်ပြီဆိုရင် အမြတ်လိုချင်လို့ပဲ။ အကျိုးအမြတ်လိုချင်လို့ပဲ။ အဲတော့ အရင်းအနှီးဆိုတာ ကုန်ဆုံးသွားတာ။ ဥပမာဆိုပါတော့။ ကိုစိန်ကျော်လှိုင်က ဘူးသီးစိုက် တယ်။ စပါးစိုက်တယ်။ အဲဒီစပါးကို ရောင်းလိုက်ရတယ်ဆိုတာ ကိုယ်က ပေးလိုက်ရတာပဲ။ ပြီး တော့မှ ရလာတဲ့ဥစ္စာ အကျိုးအမြတ်။ အဲဒီလိုဆိုတဲ့အခါကြတော့။ အရင်းအနှီးဆိုတာက ကိုယ်က ပေးလိုက်ရတာပဲ။ အဲဒီပေးလိုက်ရတဲ့ ဥစ္စာက အကျိုးအမြတ်ရှိမှ စွန့်စားရကျိုး နပ်မှာပေါ့။ သဘောကတော့ စွန့်တယ်ဆိုတာ စားရမှာပေါ့ ကိုစိန်ကျော်လှိုင်ရယ်။ ဟုတ်လား။ မစားရပဲနဲ့ စွန့် တယ်ဆိုတာ အဓိပ္ပာယ်မှမရှိဘဲနဲ့။ ဒါကြောင့် သူတို့တွေကို ကျနော် ပထမဦးဆုံး သတိပေးချင်တာ ကတော့ ကိုယ်စိုက်ထားရတဲ့ အရင်းအနှီး နို့မဟုတ်လို့ရှိရင် ကိုယ့်ဘက်ကနေ ဆုံးရှုံးခံလိုက်ရတဲ့ အရင်းအနှီးကို တွက်စေချင်တယ်။ အဲဒါကို ပထမဦးဆုံး သတိပေးခြင်ပါတယ်။
လူငယ်များရင်းနှီးခဲ့သည့် အရင်းအနှီးအမျိုးအစား
အဲဒီ့သတိပေးခြင်တာ ပထမဦးဆုံး နံပါတ် (၁) မြင်သာတဲ့ အရင်းအနှီးက ဘာလဲဆိုလို့ရှိရင် ဥပမာ- ငွေ (၅) သိန်းပဲ ကုန်မယ်၊ (၁၀) သိန်းပဲကုန်မယ်။ (၁၅) သိန်းပဲကုန်မယ် အဲဒီငွေဟာ ဘယ်လိုရင်းနှီး ရတယ်ဆိုတာ ပုံစံ တယောက်နဲ့ တယောက်မတူဘူး။ တချို့ကြတော့ မိဘကပေးနိုင်လို့၊ တချို့ ကြတော့လည်း ကိုယ်ပိုင်ပိုက်ဆံရှိလို့၊ ငွေကြေးရှိလို့၊ တချို့ကြတော့လည်း ချေးငှားပြီးတော့ သွား ရတယ်။ ချေးငှားသွားတဲ့အခါမှာလည်း အတိုးက ကြီးသလား၊ နည်းသလား၊ အဲဒီလိုဆိုတော့ အဲဒီ ဟာတွေက မြင်သာတဲ့ အရင်းအနှီးတွေပါ။ အဲဒီ့ မြင်သာတဲ့ အရင်းအနှီးအကြောင်းကိုတော့ ကျနော် မပြောတော့ဘူး။ သူတို့ဘာသာသူတို့ မြင်တတ်တယ်။ ငါ ဒီလောက်ငွေကုန်ထားပြီ။ ဘယ်လောက် အရင်းအနှီးရှိတယ်။ ငါဘယ်လောက် စိုက်ထုတ်ရလိမ့်မယ်။ ဘယ်လောက် အကျိုးရှိမှဖြစ်မယ် ဆိုတာ သူတို့ တွက်နိုင်ပါတယ်။ ကျနော် အခုပြောချင်တာက မမြင်သာတဲ့ အရင်းအနှီးတွေကို သတိပေးချင်ပါတယ် ကိုစိန်ကျော်လှိုင်။
အရွယ်အရင်းအနှီး
အဲဒါတွေထဲမှာ ပထမဦးဆုံးကတော့ ကိုစိန်ကျော်လှိုင်ရေ သူတို့ကိုယ်သူတို့ သတိမထားမိတဲ့ အရင်း အနှီးကို ကျနော်ပြောချင်ပါတယ်။ အဲဒါကတော့ အရွယ်၊ အသက်အရွယ်ဆိုတာ အရေးကြီးပါတယ်။ ဆိုပါတော့ ကိုစိန်ကျော်လှိုင်ရယ်။ ကလေးတယောက်က အသက် (၂၂) နှစ်မှာ နိုင်ငံခြားကို ထွက် တယ်။ အဲဒီ (၂၂) နှစ်ဆိုတော့ (၃) နှစ် လုပ်မယ်ဆိုလို့ရှိရင် သူပြန်လာတဲ့အချိန်မှာ အသက် (၂၅) နှစ် ဖြစ်သွားပြီ။ တကယ်လို့ အသက် (၂၅) နှစ်မှာ ထွက်မယ်။ (၃) နှစ်ဆိုရင် သူပြန်လာတဲ့အခါကြ အသက် (၂၈) နှစ် ဖြစ်သွားပြီ။
အသက် (၂၅) နှစ်ကြမှ ထွက်ဖြစ်တယ်ဆိုရင် (၅) နှစ်နေမယ်ဆိုရင် အသက် (၃၀)။ ကိုယ့်အရင်း အနှီးက အဲဒီ့ (၃) နှစ်၊ (၅) နှစ်ပေးလိုက်တဲ့ အရင်းတွေသည် အရွယ်ကောင်းတွေဖြစ်နေတော့ အင်မတန်ကောင်းတဲ့ အရွယ်ကို ကိုယ်ပေးလိုက်ရတာ။ ပေးလိုက်ရတာအခါကြတော့ ဥပမာ အသက် (၃၀) ကျော်သွားမယ်ဆိုလို့ရှိရင် နောက်တခါ ပြန်သွားတဲ့အခါကြ သင်္ဘောဆိုလို့ရှိရင် လည်း သင်္ဘောသားဆိုရင်လည်း လက်မခံတော့ဘူးနော် ကိုစိန်ကျော်လှိုင်။
အဲဒီတော့ ပြောချင်တာက အဲဒီအရွယ်အရင်းအနှီးကို ကြပ်ကြပ်ကြီး သတိထားဖို့လိုမယ်လို့ ကျနော် ပြောချင်ပါတယ်။ အဲဒီတော့ ပထမဦးဆုံး အရွယ်အရင်းအနှီးပါ။ အဲဒီ့ အရွယ်အရင်းအနှီးကို ဆုံးရှုံး လိုက်တဲ့ ကိစ္စဟာ ပေါ့ပေါ့သေးသေး မထင်နဲ့။ နောက်တခါပြန်ပြီး အလုပ်တခုကို စဖို့လို့အတွက်ကို တော်တော်လေး အခက်အခဲကြုံသွားတတ်ပါတယ်။ ဥပမာဆိုပါတော့ အသက် (၂၂) နှစ်နဲ့ အသက် (၃၀) ဆိုလို့ရှိရင် တော်တော်ကွာသွားပြီ။ အသက် (၂၅) နှစ်နဲ့ (၃၀) ဆိုရင်လည်း တော်တော် ကွာသွားပြီ။အဲဒီတော့
အလုပ်ရှင်တွေ လိုချင်တဲ့ ဥစ္စာက ငယ်ငယ်အရွယ် သန်တုန်းမြန်တုန်းကို လိုချင်တာပေါ့။ အထူးသဖြင့် ကာယကိုအားပြုပြီး၊ အားစိုက်ပြီးလုပ်ရတဲ့ သူတွေဆိုလို့ရှိရင် ပိုပြီးတော့ အဲဒီဟာကို တန်ဖိုးထားကြတယ်။ အဲဒီတော့ အရွယ်အရင်းအနှီးဟာ သိပ်ပြီးတော့ အရေးကြီးတယ်ဆိုတာကို ပထမဦးဆုံး သိဖို့လိုပါတယ် ကိုစိန်ကျော်လှိုင်ရေ။ ဒါ သူတို့ သတိထားဖို့ပါ။ ကောင်းပြီ။ အဲဒီတော့ ကျနော်ဒါတွေပြောနေတာ တခြားကြောင့်မဟုတ်ဘူးနော်။ နောက်ပိုင်းရောက်တဲ့အခါကြတော့ ပိုပိုပြီး ထင်ရှားလာလိမ့်မယ်။ သိပ်အရေးကြီးပါတယ်။
ဦးနှောက်အရင်းအနှီး
နောက်တခုက ဘာလဲဆိုတော့ ဦးနှောက်အရင်းအနှီး။ ဦးနှောက်အရင်းအနှီးဆိုတာက နိုင်ငံခြားကို သွားလိုက်တယ်။ ဥပမာဆိုပါတော့။ ပညာနဲ့ အလုပ်လုပ်ဖို့သွားလိုက်တယ်။ အဲ့ ပညာနဲ့။ အခုဆို ပါတော့ ကျနော့် တပည့်တပန်းတွေထဲက၊ ကျနော့်ဆွေမျိုးသားချင်းလို ဖြစ်နေတဲ့ ကလေးတွေထဲက ဥပမာ- ကုလသမဂ္ဂမှာ သွားအမှုထမ်းတယ်။ သူတို့က ဆည်းပူးနိုင်တယ်။ ဟိုမှာ ဆည်းပူးစရာ ပညာတွေရှိတယ်။ ပညာတိုးတိုးနေတာ။ မဆည်းပူးလို့လည်းမရဘူး။
သူတို့လုပ်ငန်းက ကာယလုပ်ငန်းအနေနဲ့ ထွက်တဲ့အခါကြတော့ ဆည်းပူးဖို့ အချိန်မရှိဘူး။ မရှိတဲ့ အခါကြတော့ သူတို့က ခိုင်းတာလုပ်တာကြီး အကျင့်ပါသွားတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က ဒီဦးနှောက်နဲ့ ကြံစည်တွေးတောတဲ့ဘက်မှာ သူက ခြောက်ခန်းသွားတယ်။
ဆိုကြပါစို့။ သံချည်သံကွေး လုပ်တယ်ဆိုပါတော့။ သံချည်သံကွေး လုပ်ပြီးတော့ သံချည်သံကွေးရဲ့ ဟိုဘက် ဘာတတ်စရာရှိသေးလဲ။ ဥပမာ- ဘာမှတတ်စရာ သိပ်မရှိတော့ဘူး။ စားပွဲထိုးဆိုပါတော့။ စားပွဲထိုး ကျွမ်းကျင်တယ်။ ကောင်းပြီ။ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ စက်ရုံအလုပ်သမားလုပ်တယ်။ စက်ရုံမှာ အလုပ်ကြမ်းလုပ်ရတယ်။ သူ့အတွက် ဘာပညာတိုးတက်ဖို့ရှိလဲ။
ဥပမာ- ကားမောင်းတယ်။ ကားမောင်းတာကနေပြီးတော့ ပိုက်ဆံတော့ရနေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အဖို့မှာ ဘာဖြစ်သွားလဲဆိုတော့ ရှေ့ဆက်ဖို့လို့အတွက်ကို သိပ်ပြီးတော့ တော်တော်ခက် သွားတယ်။ ဒါကြောင့်မို့လို့ ပညာမတိုးဘဲနဲ့ သူများခိုင်းတာသာလျှင် လုပ်ရတဲ့ ဦးနှောက်ကို ထုတ်ပေးနေရတဲ့ဟာ။ ကိုယ့်ဦးနှောက်နဲ့ ကြံစည်ဖို့ အချိန်မရဘူး။ အဲဒီလို ဖြစ်သွားတတ်တယ်။ ဒါကြောင့်မို့လို့ အဲဒီဦးနှောက် အရင်းအနှီးပေါ့။ အင်္ဂလိပ်လိုပြောရင်တော့ creative thinking ပေါ့နော်။ ကိုယ့်အတွက် ငါဘာလုပ်မလဲဆိုတော့ စဉ်းစားပြီးတော့ တီထွင်ကြံစည်တဲ့ စိတ်ကူး စိတ်သန်း ခေါင်းပါးသွားတတ်တယ်။ တီထွင်ဥာဏ်တုန်းသွားတတ်တယ်။ အဲဒီအရင်းအနှီးက တော်တော်ကိုကြောက်ဖို့ကောင်းပါတယ်။
ဘယ်လောက်ထိ ကြောက်ဖို့ကောင်းသလဲဆိုလို့ရှိရင် ကိုယ့်တိုင်းကိုယ့်ပြည်ကို ပြန်လာလိုက်တယ်။ ပြန်လာလိုက်တဲ့အခါကြတော့ အဲဒီ ကိုယ်နေခဲ့တဲ့ (၄-၅) နှစ် အတောအတွင်းမှာ သူငယ်ချင်းတွေက သူ့လိုငွေရင်းငွေနှီးမရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်ပကို မသွားနိုင်ဘူး။ မသွားနိုင်တဲ့အတွက်ကြောင့် ကိုယ့်ပြည်တွင်းမှာပဲနေတယ်။နေတဲ့အခါကြတော့၊ ဥပမာဆိုပါတော့။ မြေပဲစိုက်ခင်းလုပ်တဲ့ ကလေးတယောက်ရှိတယ်။ မြေပဲကို ဒီအတိုင်းရောင်းတယ်။ နောက်ကြတော့ ငါ ဒီအတိုင်းနေလို့ရှိရင် ငွေအမြတ်နည်းတယ်။ အဲဒီတော့ ဒီမြေပဲကို ငါကိုယ်တိုင်သွားပြီးတော့ မုံရွာကနေပြီးတော့ မန္တလေးကို သွားချမလား။ နို့မဟုတ်ရင် ရန်ကုန်အထိအောင် ဆင်းမလား။ ဒါတွေ စဉ်းစားလာတယ်။ အဲဒီတော့ ကူးသန်းရောင်းဝယ်ရေးကို သူသဘောပေါက်လာတယ်။ဒါမှမဟုတ်လို့ရှိရင် မြေပဲကို ဒီအတိုင်း ရောင်းမလား။ နို့မဟုတ်လို့ရှိရင် လှော်ပြီးတော့ ရောင်းမ လား။ အထုပ်လေးတွေနဲ့ ရောင်းမလား။ စသည်အားဖြင့် added value ပေါ့နော်။ နောက်ထပ် ကိုယ်ရောင်းတဲ့ပစ္စည်းကို ကိုယ်လုပ်တဲ့လုပ်အားကို ပိုပြီး ကောင်းသထက်ကောင်းအောင် တီထွင်လာတဲ့အခါကြတော့ အဲဒီ နိုင်ငံခြားသွားပြီးတော့ စီးပွားရှာပြီးတော့ ပြန်လာတဲ့ကလေးကဒီ (၄-၅) နှစ်ရှိလို့ ပြန်ရောက်လာတဲ့အချိန်မှာ သူ့ သူငယ်ချင်းက သူ့ထက်ကြီးပွားတိုးတက်နေတာ၊ ဖြစ်ထွန်းနေတာ ဖြစ်သွားတတ်တယ်။
အဲဒီတော့ ကိုယ်က တီထွင်မှုခေါင်းပါးသွားတဲ့ ဥစ္စာဟာ အန်မတန်ကြောက်စရာကောင်းတယ်။ ဒါကြောင့်မို့လို့ တီထွင်မှု ခေါင်းပါးသွားတဲ့ဟာမျိုး၊ ဦးနှောက်အရင်းအနှီးမျိုး ကုန်မသွားစေချင်ဘူး။ ဒါကျနော် သူတို့အတွက် စိုးရိမ်တဲ့အချက် ဖြစ်ပါတယ်။
ဦးနှောက်အရင်းအနှီး မတုံးစေလိုလျှင်
မေး ။ ။ အဲလိုမျိုး တီထွင်တဲ့ ဦးနှောက်တုံးမသွားအောင် အခုလောလောဆယ်မှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ ကိုယ်ကာယကို အားပြုလုပ်ရတဲ့ လူငယ်တွေအနေနဲ့ ဘာလုပ်သင့် တယ်လို့ ဆရာအကြံပေးခြင်လဲခင်ဗျ။
ဖြေ ။ ။ ဒီလိုခင်ဗျ။ ကျနော် အဲဒီဟာနဲ့ ပတ်သက်ပြီး တော်တော်လေး စဉ်းစားပါတယ်။ သူတို့ က ပင်ပန်းတဲ့အခါကြတော့ စာဖတ်ဖို့ အချိန်မရဘူး။ ဥပမာ- ပြန်သွားတယ်ဆိုလို့ရှိရင် လုပ်အားပေး ရ အချိန်ပိုဆင်းရတာတွေရှိတယ်။ ပြန်သွားရပြီဆို သူတို့က အိပ်ချင်ပြီ။ တနင်္ဂနွေ တပတ်ကလေးမှာ တရက်တလေ ရပြန်တော့လည်း အပျော်အပါးလေး ဘာလေး သွားချင်၊ လာချင် အဲလိုကုန်ကုန် သွားတယ်။ အဲဒီတော့ အဲဒီအချိန်တွေဟာ သူတို့ကုန်နေတဲ့အချိန်တွေကို တန်ဖိုးထားတတ်ဖို့ အရေးကြီးပါတယ်။
အဲဒီတော့ကို ဥပမာ- ကျနော်အကြံဥာဏ်ပေးခြင်တာက သူနဲ့ အနီးစပ်ဆုံး အထက်ဆင့် လုပ်ငန်း ပေါ့ ဥပမာ- သူသံချီ သံကွေးကို သူလုပ်နေတယ်။ သံချီသံကွေးကို သူလုပ်နေရင်းကနေပြီးတော့ အထက်ဆင့်ဖြစ်တဲ့ ပန်းရံကိုင်တဲ့လုပ်ငန်း။ အထူးသဖြင့် သံချီသံကွေးအတွက် မူလ ဘောင်ချပေး တဲ့ စီမံကိန်းလုပ်ငန်း၊ ဘယ်လိုဘယ်လိုရှိရတယ် ဘယ်လိုဘယ်လိုလုပ်ရတယ်ဆိုတာတွေ။ အနီးစပ် ဆုံးလုပ်ငန်းတွေကို သူကနောက်တဆင့် နောက်တဆင့် တက်တက်ပြီးတော့ သိအောင် လုပ်နေ ရင်းကနေ အနားမနေဘဲနဲ့ ဦးနှောက်နဲ့ မျက်စိကို အနားမနေဘဲနဲ့ ဆက်ပြီးတော့ ကြိုးပမ်းသွားမှ သာလျှင် သူတို့ဟာ ရပြီးသားဖြစ်လိမ့်မယ်လို့ တွက်တယ်။
ဥပမာ ကားမောင်းတယ်ဆိုပါတော့။ ကားမောင်းတဲ့လုပ်ငန်း လုပ်နေရတာပဲ။ သူက ကားမောင်းနေ ရတာပဲ။ ဒါပေမယ်လို့ သူနဲ့ အနီးစပ်ဆုံးက စက်ပြင်တဲ့ လုပ်ငန်း။ အဲဒီ စက်ပြင်တဲ့လုပ်ငန်းကို ဆက်လက်ပြီး ဆည်းပူးသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာ- ကွန်ပျူတာလုပ်ငန်းကို လုပ်နေ တဲ့ကလေးဟာ ဒီကွန်ပျူတာနဲ့ ပတ်သက်ပြီးတော့ စာစီစာရိုက်၊ စာရင်းအင်းပေါ့။ တွက်တာလောက်၊ စာရင်းသွင်းတာလောက်၊ ထုတ်တာလောက်၊ အဲလောက်လေးတင်မကဘဲနဲ့ အဲဒီထက်ပိုပြီးတော့ မြင်တဲ့ ဥပမာ- ပရိုဂရန်းမင်းလို ဟာမျိုး။ ဟုတ်လား အဲဒါမျိုးထိအောင် ဆက်ပြီးလေ့လာတာမျိုး။
သခင်စိတ်ထားပါ သူခိုးစိတ်မထားပါနှင့်
ပြောချင်တာက သီးခြားကြီး မလုပ်နိုင်တော့ဘူးဆိုရင် ကိုယ်နဲ့မပြတ်တဲ့ နောက်တဆင့်ကို ဆက်ပြီး တော့ အမြဲတန်း မပြတ်လေ့လာနေပါလို့ ကျနော်ပြောချင်ပါတယ်။ အဲဒီ့ဥစ္စာက ဘာလဲဆိုလို့ရှိရင် မိမိကိုယ်မိမိ ရိုသေပြီးတော့နေတဲ့ သခင်စိတ်နဲ့ ကြိုးပမ်းနေတာပေါ့။ သူများ ခိုင်းတာတင် လုပ်နေ တယ်ဆိုလို့ရှိရင် အဲဒါ ကျွန်စိတ်နဲ့ တာဝန်ကျေအောင်လုပ်နေတာတင်ပဲ ဖြစ်မယ်။
အဲဒီကြားထဲမှာမှ ကိုယ်က တတ်နိုင်သမျှ အသက်သာခိုပြီးတော့ ကပ်ပြီးတော့နေမယ်ဆိုလို့ ရှိရင် အဲဒါ သူခိုးစိတ်ခေါ်တယ်။ ကျနော့်စိတ်ထဲမှာ သူခိုးစိတ်မဖြစ်စေချင်ဘူး။ နောက်ပြီးတော့ ကျွန်စိတ် လည်း မဖြစ်စေချင်ဘူး။ သခင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်အောင်လေ့လာစေချင်တယ်။ ကိုယ် ရတဲ့ ဥစ္စာသည် ငွေကြေးတွင်မကဘဲနဲ့ ငါသည် ပညာမပါဘဲနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ လေ့လာစေချင်တယ်။ အကောင်းဆုံးနည်းကတော့ ကိုယ့်လုပ်ငန်းနဲ့ အနီးစပ်ဆုံး နေရာ မှာရှိတဲ့ အဆင့်မြင့်ဆုံးပညာကို ရနိုင်သမျှရအောင် ကြိုးပမ်းခြင်းသည် ပြန်လာလျှင် အင်မတန်ကြီး တဲ့ အမြတ်ဖြစ်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။
မေး ။ ။ ဟုတ်ကဲ့ဆရာ။ အဲတော့ တဘက်ကလည်း ပြန်ကြည့်လို့ရှိလျှင် ကနေ့လူငယ်တွေ အများစုပေါ့နော် အခုလို နိုင်ငံရပ်ခြားမှာသွားပြီးတော့ အလုပ်လုပ်ကြရတယ်ဆိုတာ အများအားဖြင့် ပြည်တွင်းမှာ စီးပွားအကျပ်အတည်းတွေဖြစ်ပြီးတော့မှ သွားကြရတာများပါတယ်။ ဆရာပြောသလို အရင်းအနှီးတွေလည်း တော်တော်များပါတယ်။ သို့သော် တဘက်က ဆရာ့အနေနဲ့ နောင်နိုင်ငံခြား သွားမယ့်လူငယ်လေးတွေကို စိုးရိမ်မိတော့ သူတို့အတွက် အားပျက်သွားစေနိုင်မယ့် အနေအထား မျိုး ရှိနိုင်မယ်လို့များ ယူဆမိလားခင်ဗျ။
ဖြေ ။ ။ ကိုစိန်ကျော်လှိုင်ပြောတာ ဟုတ်ပါတယ်။ အားပျက်တယ်ဆိုတာနဲ့ အားပျက်သွားမယ် ဆိုတာနဲ့ အသင့်ပြင်တာနဲ့ဆိုတာက တမျိုးစီပါ။ တကယ်လို့ အားပျက်သွားမယ် ဆိုလို့ရှိလျှင် ပျက်နိုင်တယ်။ ပျက်တယ်ဆိုတာ တကယ့်ကို ပျက်သွားမယ်ဆိုလို့ရှိလျှင် အခြေအနေအကုန်လုံးကို ကိုယ့်အခြေအနေ အကုန်လုံး။ ပတ်ဝန်းကျင်အခြေအနေ အကုန်လုံးကို ကြည့်ပြီးတော့မှ ပျက်သွား ပြီး မသွားဖြစ်တာဟာ သွားပြီး ဒုက္ခရောက်တာနဲ့စာရင် အင်မတန်သက်သာပါတယ်။တကယ်လို့ သွားမယ်ဆိုလို့ရှိလျှင် အားမပြတ်စေတဲ့ နည်းလမ်း အဲဒါတွေ အကုန်လုံးတွက်၊ ဒါတွေ ငါရင်ဆိုင်နိုင်သလား၊ အဲဒီအရင်းအနှီးတွေ ငါပေးနိုင်သလားတွက်၊ တွက်ပြီးမှ သွားလို့ရှိလျှင် ဒီ (Prepare) နော်။ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်သွားတဲ့အတွက်ကြောင့် အဲဒီလိုကလေးမျိုးအတွက် ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
မိသားစုပတ်ဝန်းကျင်အရင်းအနှီး
မေး ။ ။ ဟုတ်ကဲ့ အများကြီးကောင်းပါတယ်ဆရာ။ အခုလို ဆွေးနွေးပြောပြတာလေ။ လူငယ် တွေအတွက်ကို။ နောက်ထပ်ရော ဆရာ့အနေနဲ့ ဒီထက်ပိုပြီးတော့ လူငယ်တွေကို ဘာများမှာကြား ချင်သေးလဲခင်ဗျ။
ဖြေ ။ ။ ကျနော်ပြောမယ် ကိုစိန်ကျော်လှိုင်ရေ။ ကျနော် ခုနဥစ္စာပြန်ဆက်ချင်တယ်။ အဲဒီဆုံးရှုံး မှုတွေဆိုလိုက်တဲ့ ကိစ္စထဲမှာနော်။ အရင်းအနှီးတွေအထဲမှာ ပထမဦးဆုံး စပြီးတော့ အရင်းအနှီးက ဘာလဲဆိုတော့ မိသားစု ပတ်ဝန်းကျင်။ ကိုယ့်မိသားစုနဲ့ ကိုယ်ကင်းကွာသွားပြီးတော့ အဲဒီကင်းကွာ သွားတဲ့ (၅) နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တယ်။ ညီမလေးက အိမ်ထောင် ကျသွားနိုင်တယ်။ အကိုဖြစ်တဲ့သူက အိုးခွဲသွားနိုင်တယ်။ မိဘဖြစ်တဲ့သူက ကျန်းမာရေးချို့တဲ့လာ နိုင်တယ်။ အမျိုးမျိုးဖြစ်သွားနိုင်တယ်။အဲဒီဥစ္စာမျိုးတွေမှာ ကိုယ်က တာဝန်ယူရတဲ့ဟာမျိုးတွေ ပါလာနိုင်တယ်။ တာဝန်မယူဘဲနဲ့ နေနိုင် တာလည်း ပါလာနိုင်တယ်။ အဲတော့ တာဝန်ဆက်ယူရမယ်ဆိုလို့ရှိရင် အဲဒီ့အရင်းအနှီးအတွက်က လည်း သူက ပြင်ဆင်ရတော့မယ်။အဲဒါ ခုနက ပြောတဲ့ မိသားစုပတ်ဝန်းကျင် အရင်းအနှီး။ ပြီးတော့ ဆိုကြပါစို့။ မိဘကနေပြီးတော့ မကျန်းမာဘူးဆိုလို့ရှိလျှင် ကိုယ်က ပစ်ထားလို့လည်းမရဘူး။ တတ်နိုင်သမျှ တဘက်တလမ်းက တာဝန်ယူရတော့မယ်။ အဲဒီအရင်းအနှီးတွေကလည်း ရှိသေးတယ်။ အဲဒါ ကျနော် မိသားစုအရင်း အနှီး။ နောက်တခုက ဘာလဲဆိုတော့ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ။ အဲဒီ့ အပြောင်းအလဲ တွေရဲ့ အရင်းအနှီးတွေ။ ဥပမာဆိုကြပါဆို့။ ကိုယ်သွားတုန်းက စီးပွားရေးဝန်းကျင်ကတမျိုး။ ခု ကိုယ်ပြန်လာတော့ တမျိုး။ စီးပွားရေး ၀န်းကျင်က ပထမတုန်းက ကိုယ်သွားတဲ့လမ်းတွေက ရေလမ်း။ ခုကားလမ်းဖြစ်သွားပြီ။ ပထမတုန်းက ကိုယ်သွားတဲ့ ကားလမ်းတွေ ခုကျ ရထားလမ်း ဖြစ်သွားပြီ။အဲဒီတော့ ကိုယ့်အတွက်က ကုန်သွယ်မယ်ဆိုရင် စီးပွားရေး လမ်းကြောင်းတွေက တော်တော် များများပြောင်းလဲကုန်ပြီ။ အများကြီး။နောက်တခုက ပတ်ဝန်းကျင်ကြီးတခုလုံးက ပြောင်းသွားတာတွေလည်းရှိသေးတယ်။ ဥပမာဆို ပါတော့။ ကိုယ်သွားတုန်းက ကိုယ့်ပတ်ဝန်းကျင်က ကွင်းပြင်ကြီး ခုကြတော့ ကွန်ဒိုမီနီယံတိုက် ခန်းတွေဖြစ်နေတတ်တယ်။ တခါတရံကျတော့ ကိုယ်နေခဲ့တဲ့ ရွာလေးက ပျောက်သွားတယ်။ အဲဒါက ခုနကပြောတဲ့ စီမံကိန်းထဲမှာပါသွား။ ကိုယ်သွားတုန်းက ရွာလေးမဟုတ်တော့ဘူး။ စိုက်ပျိုးရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ မွေးမြူရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ ကိုယ်သွားတဲ့အခါတုန်းက ကျေးရွာ။ အခုကျတော့ ရေကြီးလို့ ဘာကြီးလို့ အစရှိသဖြင့် အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ အဲဒီ ပတ်ဝန်းကျင်အပြောင်းအလဲတွေကလည်း ရှိပါသေးတယ်။ အဲဒါကလည်း တချက်စဉ်းစားရမယ်နော်။နောက်တခုက ဘာလဲဆိုတော့ ကိုယ်က စုဆောင်းထားတဲ့ငွေက ဘယ်မှာထားလဲ။ ကိုယ့်ဆီမှာ ထားသလား။ ဘဏ်မှာထားသလား။ ကိုယ့်လက်ထဲမှာ စုထားသလား။ အိမ်ပြန်ပြီးပို့ရလား။ ပို့ရ လို့ရှိလျှင် အဲဒီငွေကြေးကို ထိန်းသိမ်းတဲ့သူက ဇနီးလား၊ မိဘလား။ ဆွေမျိုးသားချင်းထဲကလား။ သို့မဟုတ်လို့ရှိလျှင် အပေါင်းအသင်းထဲကလား။ သို့မဟုတ်လို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေလား။ အဲဒီတော့ ဇနီးသည်ဆီ ပို့မယ်ဆိုပါတော့။ ဇနီးသည်က ငွေကြေးထိန်းသိမ်းတဲ့ ဥစ္စာမလိမ္မာဘူး ဆိုပါတော့။ ကိုယ်ပြန်လာတဲ့အခါကြတော့ အဲဒီဘာမှမရှိတော့ဘူး။ ကိုယ့်လက်ထဲမှာ ယူပြီးပြန် လာတဲ့ငွေက (၂) သိန်း၊ (၃) သိန်းပဲရှိလျှင် အဲဒါလေးပဲ။ အဲဒါလေးနဲ့ သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ တလလောက် စားလိုက်သောက်လိုက်တဲ့အခါကြတော့ ပိုက်ဆံ သုံးစရာမရှိတော့ဘူး။ အရင်းအနှီး ဘာမှလုပ်စရာမရှိတော့ဘူး။ မရှိတော့ကို နောက်ထက်တခါချေးပြီးတော့ တခါပြန် ထွက်ရတယ်။အဲဒီလို အဖြစ်မျိုးတွေလည်း ကျနော့်မျက်စိအောက်မှာ တွေ့တွေ့နေရတယ်။ အဲဒါ ဇနီးသည် မလိမ္မာလို့ရှိလျှင် ပြောတာ။ ဇနီးသည်က လိမ္မာလို့ရှိလျှင်တော့ ပို့လိုက်တဲ့ငွေကို ပြန်ပြီးတော့ တိုးပွားအောင်၊ ခိုင်မြဲအောင် လုပ်ထားနိုင်တယ်။ ဒါ အားကိုးရတဲ့အခြေအနေ။ကောင်းပြီ မိဘကထိန်းမယ်။ မိဘက ထိန်းမယ်ဆိုတဲ့အခါကျတော့ မိဘလက်ထဲမှာ အမြဲတန်းရှိ နေမှလား။ သို့မဟုတ် တခြားသော သားချင်းတွေရဲ့ ပြဿနာတွေ ပေါ်လာနိုင်သလား။ ဥပမာ- အကိုအကြီးဆုံးဖြစ်တဲ့သူက စီးပွားရေးပျက်သွားလို့၊ အလုပ်ပြုတ်သွားလို့ (သို့မဟုတ်) အချုပ်ထဲဝင်သွားရလို့ ပိုက်ဆံကုန်သွားတယ် ဆိုပါတော့။ ဒီဟာ စိုက်ထုတ်ပြီး မိဘက သုံးလိုက်ရတယ်ဆိုပါ တော့။ ကိုယ်ဘယ်လိုလုပ်မလဲ။ကျနော်ပြောချင်တာက ကိုယ့်အခြေအနေ။ ကိုယ်လုပ်ထားတဲ့ စီးပွားဟာ ကိုယ့်နေရပ် ဇာတိမြေမှာ ဘယ်လောက်ထိအောင် ခိုင်လဲဆိုတာ ပြန်တွက်မိရဲ့လား။ ဒါတွေလည်း စဉ်းစားဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။
လူမှုရေးဝန်းကျင်အပြောင်းအလဲ
နောက်တခုက လူမှုရေးဝန်းကျင်အနေနဲ့ ပြောင်းသွားတာရှိတယ်။ လူမှုရေးဝန်းကျင်တွေနဲ့ စီးပွား ရေးဝန်းကျင်တွေနဲ့ ရောပြီးတော့ ပြောင်းသွားတာ။ ဥပမာ- အရင်တုန်းက လူမှုရေးဝန်းကျင်တွေက လဖက်ရည်ဆိုင်ထိုင်တယ်။ ပျော်ပွဲရွှင်ပွဲတွေရှိတယ်။ အခုကျတော့ ကျေးရွာမှာ ဘိလိယက်ခုံတွေက ရောက်နေပြီ။ ဥပမာ- ကာယာအိုကေတွေခေတ်စားလာတယ်။ အဲဒါမျိုးတွေက အများကြီး။ အဲဒီ တော့ အဲဒီ့အချိန်မှာသွားပြီးတော့ စီးပွားရေးလုပ်တဲ့သူငယ်ချင်းတွေက ကိုယ့်ထက်ကြီးပွားချင် ကြီးပွားနေတတ်တယ်။ ပြောချင်တာက စီးပွားရေးဝန်းကျင်ကြောင့်မို့လို့ ကိုယ့်ပတ်ဝန်းကျင်က ပြောင်းသွားတတ်တယ်။ အဲဒီတော့ ကိုယ်ပြန်လာတဲ့အခါမှာ ဆုံးရှုံးရတဲ့အရင်းအနှီးတွေ မျက်ခြေ ပြတ်သွားတတ်တယ်။ကိုယ်မျက်ခြေပြတ်သွားတဲ့အချိန်မှာ ကိုယ်ပြန်လာတဲ့အချိန်မှာ အပြောင်းအလဲတွေကြားမှာ ကိုယ်က အူကြောင်ကြောင် ဖြစ်နေတတ်တယ်။ နောက်တခါ ထပ်ပြီးတော့ နိုင်ငံခြားရောက်သလို ပြန်ဖြစ် သွားတတ်တယ်။ ဖြစ်သွားတဲ့အခါကြတော့ ဘယ်နေရာကနေစပြီးတော့ ဘယ်ကိုဦးတည်ရာမှန်း မသိဖြစ်သွားတတ်တယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်အရပ် ကိုယ့်ဒေသကို မျက်ခြေမပြတ်အောင် ဘာတွေဖြစ်နေသလဲဆိုတဲ့ဟာကို အမြဲတန်းမပြတ် သိနေအောင် နိုင်ငံခြားကနေပြီးတော့ ကြိုးစား သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါတချက်။နောက်တချက်က ဘာရှိသေးလဲဆိုတော့ ကိုယ်က နိုင်ငံခြားမှာနေရင်းကနေ တယောက်ယောက်နဲ့ တွေ့ရော အဲဒါ အိမ်ထောင်ရက်သားကျချင်ကျတတ်တယ်။ ကျတဲ့အခါကြတော့ ဘယ်လိုလုပ်မလဲ။ ကိုယ့်အမျိုးသမီးက ဗမာအမျိုးသမီးပဲလား။ နေရပ်ကိုပြန်မှာလား။ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံခြားမှာပဲ အခြေချတော့မလား။ နိုင်ငံခြားမှာပဲ အခြေချတော့မယ်ဆိုလို့ရှိရင် အဲဒီနိုင်ငံတွေက ဘယ်နိုင်ငံလဲ။ အဲဒီက ဘာသာရေး၊ ကိုးကွယ်ရေး ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ရဲ့ အသက်ကြီးတဲ့ဘ၀မှာ ပျော်နိုင်မ လား။ ဒါတွေအကုန်လုံး စဉ်းစားရတော့မယ်။အဲဒီတော့ ပြောချင်တာက နိုင်ငံခြားမှာ အခြေချတော့မယ်ဆိုချင်တောင်မှ ကိုယ့်ဒေသ ပတ်ဝန်းကျင်နဲ့လည်း တော်တော့်ကို ကွာနေပြီ။ ကိုယ့်သား၊ ကိုယ်သမီးရဲ့ ပတ်ဝန်းကျင်နဲ့လည်း ကွာသွားပြီ။ ကိုယ့်သားသမီးတွေ ထွန်းကားလာတဲ့အခါမှာ ဗမာအမျိုးသားတယောက်က မျှော်လင့်တဲ့ မိဘဘ၀မျိုးကို မမျှော်လင့်နိုင်ဘူး။ နိုင်ငံခြားသားတယောက်ရဲ့ မိဘအဖြစ်နဲ့ ကိုယ်ရောက်သွားတော့မယ် ဆိုတာကို ကြိုပြီးတော့ စဉ်းစားထားဖို့ဆိုတာ လိုတယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျာ။ ။

posted by ခေတ်ပြိုင်4 AM on Aug 22, 2008
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Thursday, August 21, 2008

ချစ်သောသူငယ်ချင်းသို့

ရင်ထဲက ခံစားကြည့်တာပါ...
အမှတ်မထင် မယ်လိုဒီမောင်ရဲ့ ဘလော့ထဲအလည် ရောက်သွားခဲ့တယ်ဗျာ..။ဒါလေးကို ဖတ်ကြည့်မိလိုက်တယ်..ခံစားလိုက်ရတယ်..။ မယ်လိုဒီ ကို ပြောချင်တယ်...။ခင်ဗျားပြောတဲ့ စကားမျိုးတွေကို ဟိုးတုန်းက ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ပြောခဲ့ဘူးတယ်...။မော်လမြိုင် မြို့ ပြည်သူ့ဆေးရုံကြီးက သူနာပြု ကျောင်းသူလေးတစ်ယောက်ကို တောင်ဝိုင်း ဘုရားဝင်း ထဲမှာ.....။ ကျိုက်ခမီဘုရား ရင်ပြင်ပေါ်မှာ...တဲ့..။ အခုတော့လဲ အတိတ်က ပုံပြင်ပေါ့...။ ဒဏ်၇ာဟောင်းကို နိုးစွဘို့ အတွက် စီဘောက်ကဘဲ ခွင့်တောင်းပြီး တင်လိုက်ရတယ်...။
ကျေးဇူး မယ်လိုဒီမောင် ရေ....။
သူငယ်ချင်းရေ...
နင်နဲ့ငါနဲ့ကြားက ဖြူစင်တဲ့သံယောဇဉ်တွေကို ဘယ်တော့မှ အရောင်မဆိုးကြေးဆိုသလို အဖြူထည်သက်သက်နဲ့ အကြင်နာသံစဉ်တွေသီကျူးဖူးတယ်။
သူငယ်ချင်းရေ...
ဘယ်တော့မှ ဘယ်အရာမှ လေးလေးနက်နက် မတွေးတောမစဉ်းစားချင်တဲ့ ငါ့ကို နင်လေ့ကျင့်ပေးခဲ့လို့ အရှေ့ကို ကြိုတွေးတတ်တဲ့ ပြတင်းတံခါးလေး အမြဲဖွင့်ထားတတ်ပီ။
သူငယ်ချင်းရေ...
နင်ကတော့ အမှောင်ထဲမှာ တစ်ယောက်တည်းအထီးကျန်နေချိန်မှာ ငါကတော့ လွတ်လပ်ပေါ့ပါးစွာနဲ့ လောကကြီးကို ရွက်လွှင့်ပျံသန်းနေတဲ့ငှက်ငယ်တစ်ကောင် ဖြစ်နေတော့ ငါမတရားသလို ခံစားမိတယ်။
သူငယ်ချင်းရေ...
နင်က ကြင်သူထားတော့ ငါဘယ်နားသွားနေရမှန်းမသိတဲ့အချိန် အခုငါလဲ ကြင်နာချင်သူတွေ့တော့ နင်ဘယ်နားသွားနေမလဲ တော့ တွေးနေမိသေးတယ်။
သူငယ်ချင်းရေ...
များပြားလှတဲ့တာဝန် ၀တ္တရားတွေကြား နင်မအားမလပ် ကြိုးစားနေရင်း ကံကြမ္မာဆိုးကြောင့် မှောင်မိုက်ပိန်းပိတ်တဲ့ ချောက်ထဲကျနေတုန်း နင့်ကို ငါဆယ်မတင်နိုင်ပေမဲ့ နင်ဖြစ်ချင်တာတွေ ငါ တတ်နိုင်သလောက် ပခုံးပြောင်းယူချင်တာ အမှန်ပါနော်။
သူငယ်ချင်းရေ...
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေ ဘေးချိတ်ထားရချိန်မှာ ဖြစ်နိုင်တာလေးတွေ လုပ်ရင်းနဲ့ပဲ အချိန်ကုန်လွန်စေပြီး နင့်ကျန်းမာရေးလဲ ဂရုစိုက်နော်။
သူငယ်ချင်းရေ...
နင်နဲ့ငါနဲ့ လူချင်းမတွေ့ရပေမဲ့ ငါတို့တွေ စိတ်ချင်းနီးနေကြဦးမယ်ဆိုရင် ငါလုပ်နေတာတွေ ငါပြောချင်တာတွေ နင်တိုက်ရိုက်မမြင်မကြားပေမဲ့လဲ ရင်ထဲက ခံစားနိုင်ပါစေ အဲဒီသတင်းတွေ အားဆေးတစ်ခွက်ဖြစ်ပါစေလေ...။
စာကြွင်း။ ။ ကဗျာတွေစာတွေနှင့် ဘလော့ဂ်ရေးသော၊ ဓာတ်ပုံတွေ လျှောက်ရိုက်တတ်သော၊ အနုပညာကို ခုံမင်ရူးသွပ်သော ဘလော့ဂါသူငယ်ချင်းအတွက်ပါ။( မယ်လိုဒီမောင်.....http://melodymaungmm.myanmarbloggers.org/2008/08/blog-post_08.html)
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Wednesday, August 20, 2008

ကျွန်တော် နှင့် ပင်ဂွင်းငှက်များ

'သဘာဝအလျှောက် မဟုတ်ပဲ ကောင်းကင်ကိုဆွဲပိတ်ခံထားရလို့ ဒါမှမဟုတ် အတောင်ပံတွေ မသန် စွမ်းလို့ မပျံသန်းနိုင်ကြတာဆိုရင်တော့ သိပ်ကိုဝမ်းနည်းစရာကောင်းတာပေါ့ကွာ။´

ကျွန်တော်တို့တွေကသာအနွေးထွေးဆုံး အကောင်းဆုံးဆိုတဲ့ အခြေအနေတွေကို တွေ့ကြုံခံစားနေရပြီ ဆိုရင် ဟိုးအတွင်းဆုံးက ပင်ဂွင်းငှက်တွေလို နောက်ကို တစ်လှမ်းဆုတ်ပေးပြီး သူတပါးကိုဝင်ရောက်ခံစားခွင့်ပေးဖို့ စိတ်ကူးရှိပါ့မလား...။မသေချာဘူး...။ အကယ်၍ စိတ်ကူးရှိခဲ့တယ်ဆိုရင်တောင် သူတပါးကို ခဏနေရာဖယ်ပေးလိုက်ဖို့အထိကျွန်တော်တို့ သတ္တိရှိပါ့မလား။ ကိုကိုယ်တိုင်က နေရာဖယ်ပေးဖို့နေနေသာသာ ကံကြမ္မာအရ အလိုအလျောက် နေရာအပြောင်းအလဲ ဖြစ်ခဲ့ကြရင်တောင် အဲ အခြေအနေကို ဘယ်သူတွေက တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ကြလို့လဲ...။ကျွန်တော်တို့လူသားတွေစိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ပင်ဂွင်းငှက်တွေ လောက်တောင် ဖွံ့ဖြိုးမှု မရှိသေးပါလား။ မျိုးနွယ်တူအချင်းချင်း ရိုင်းပင်းကူညီရင်းက ဒုက္ခနဲ့ သုခကို အညီအမျှ မျှဝေခံစားကြမယ်လို့ ပင်ဂွင်းငှက်တွေရဲ့ စိတ်ထဲမှာ ထားနိုင်ကြပေမယ့် ကျွန်တော်တို့ လူသားတွေကရော အဲဒီ့လိုစိတ်မျိုး ထားနိုင်ကြပါ့မလား။ ထားဖို့ရော စိတ်ကူးရှိပါ့မလား...။ ထားသင့်တယ်ဆိုတာကိုရော နားလည်ကြရဲ့လား...။ကျွန်တော်တို့ရဲ့စိတ်တွေပင်ဂွင်းငှက်တွေ လောက်တောင် မမြင့်မြတ်ကြတော့ပါလား...။
ကျုပ် ဖတ်ကြည့်ပြီး ဒီပုဂ္ဂိုလ်ကို တွေ့ချင်တယ် ။
ကျုပ် ဖတ်ကြည့်ပြီး သူ့ စာတွေကို တန်ဘိုးထားတယ်..
ကျုပ် သူ့ ကဗျာတစ်ပုဒ်လဲ တင်ခဲ့ဘူးတယ်..
ကျုပ်တို့ အတွက် သူဟာ အဖိုးတန်လူ တစ်ယောက်ပါ..
ကျုပ်တို့ သူ့ကို ဂုဏ်ပြုကြရမယ်..
အမှန်တရားဟာ လောကကြီးကို အလှဆင်ပေးမှာပါ..
သူ့စာကို အဆုံးအထိဖတ်ရအောင်... www.nayphonelatt.net/2007/11/blog-post_11.html
(မယ်လိုဒီမောင်...ရေ ကျေးဇူး)
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Tuesday, August 19, 2008

မြန်မာအမျိုးသမီးငယ်လေးများ ဘဝ

ကိုမိုးသီး ဘလော့မှ ထပ်ဆင့်တင်ပြပါသည်...
CNN's Dan Rivers looks at the impact Cyclone Nargis had as more women turn to prostitution to survive.
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Sunday, August 17, 2008

ခွေးအ

ညီငယ်တစ်ယောက်နဲ့ ပြောဖြစ်တဲ့ စကားလေးပါ..မျှဝေခံစားကြည့်ပါဦး..
(တစ်ခြားစားပွဲဝိုင်းမှာ ခွေးသားစားနေကြသော ကိုရီးယားလူမျိုးတွေကို ကြည့်ရင်း ပြောဖြစ်သွားတာပါ)

အကိုရေ..ခွေးအ ဆိုတာ ကျွန်တော်တို့ ရခိုင်နယ်တ၀ိုက်မှာ ပေါမှပေါ...
တစ်ချို့ကတော့ ခွေးအ ကို မကြိုက်ကြဘူး.. မင်္ဂလာမရှိဘူဆိုပြီးပြောတယ်...။
ခွေးအ ဆိုတာ..ခွေးသခိုးပေါ့..
ပြီးတော့...ဘာမှ သုံးလို့ မရဘူး..အဲဒီခွေးမျိုးက အုပ်စုလိုက်မှ သတ္တိရှိတယ်...အာကျယ်..ဟောင်ဖွာ...။
ဒီလိုခွေး အကိုရဲ့....
ညဖက် ရွာထဲလာမယ်ဆိုရင် ခွေးတစ်အုပ်က ရွာ ပြင်ကဟောင်ပြီး အသံပေးနေတယ်..ကျန်တစ်အုပ်က ရွာထဲမှာ ကြက် ၀က် ၀င်ဆွဲတာ...။
တစ်ချို့လူတွေကတော့ မကြိုက်ပေမဲ့..ကျွန်တော်ကြိုက်တယ်.. ခွေးအသားကစားကောင်းတယ်....ကျွန်တော်တို့ ညီအကိုတွေကတော့ ခွေးအ..တောခွေးသားဆို ကြိုက်မှကြိုက်ဘဲ...သူ့အသားက နဲနဲ ဖွာတယ်ပြောရမယ်... ။
ဒါပေမဲ့ အံ့သြစရာ တစ်ခုပြောပြမယ်....။
တစ်နေ့...
ခွေးအ ပေါက်စလေးကို..ရွာထဲက ခလေးလေးတွေ ဖမ်းလာခဲ့တယ်..
ရွာထဲကိုရောက်တော့ ခွေးအလေးကို သနားပြီး အမယ်အိုတစ်ယောက်က မွေးစားလိုက်တယ်..။ အမယ်အိုကြီးမှာလုပ်ကျွေးမဲ့သူလဲ မရှိဘူး... ခွေးအလေးကို ကြီးလာတဲ့အထိ ကျွေးမွေး စောင့်ရှောက်လာခဲ့တယ်..။ ခက်တာက ခွေးအ တွေထုံးစံအတိုင်း..လူလာရင် ပုန်းနေတယ်...။
မမြင်ကွယ်ရာအရပ်ဟာ သူ့အားကိုးရာဌာနေပေါ့...။လူမြင်မခံဘူးပေါ့ အကိုရာ...။
တဖြေးဖြေး ခွေးအ လေး အရွယ်ရောက်လာတယ်...။ဒါပေမဲ့ တစ်ခြားခွေးတွေလို..အိမ်ကို လူလာရင် ဟောင်မယ်... သူခိုးတွေ့ရင်ဟောင်မယ်...ညဖက် အရိပ်တွေ့ရင်ဟောင်မယ်... အဲဒီလိုမျိုး ခွေးအ မှာမရှိဘူး...
သာမန် အပေါ်ယံကကြည့်ရင် ဘာမှ သုံးမရဘူးပေါ့ဗျာ..။အဘိုးမတန်တဲ့ခွေးဘဲ ပြောပါတော့...။
အဲဒီခွေးကြောင့်လဲ အမယ်အိုကြီးခမျှာ လျော်လိုက်ရတဲ့ငွေ မနဲဘူး....
ဘာကြောင့်လဲလို့ အကိုထင်တုန်း...။
အဲဒီခွေးဟာ ဘာမှ အသုံးမကျဘူးထင်ရပေမဲ့ အမယ်အိုကြီးကို လုပ်ကျွေးရှာတယ်..ညည အပြင်ကနေ ဆန်တွေ..စားစရာတွေ အိမ်ကို ခိုးခိုး သယ်လာတယ်..။ကြက်ဥကအစ ဆန် အိတ်အဆုံး ခွေးအ သယ်လာပုံ အံ့သြဖို့ကောင်းတယ်...။တကယ်ဗျာ...နှုတ်သီး..ခြေလက်...အစုံနဲ့ ဘယ်လိုမှ မထင်ရတဲ့ နည်းတွေနဲ့ အိမ်ကို သယ်လာတာ..။အစကတော့ အရပ်ထဲကမသိသေးဘူးပေါ့...။ပျောက်ပါများလာတော့ စောင့်ဖမ်းမှ မိလာတာ...။
သူခိုးက လူမဟုတ်ဘူး ခွေးဖြစ်နေတယ်...။အဲဒါအံ့သြ စရာပေါ့...။ ကြက်တွေပျောက်တယ်...၀က်တွေ ပျောက်တယ်...ပျောက်ရင်လိုက်ရှာ..အမယ်အို ကြီးအိမ်မှာတွေ့တာပေါ့...။နောက်တော့ အမယ်အိုကြီးခမျာ လျော်ကြေးလဲ မပေးနိုင်တော့ဘူး....။ဘယ်လိုမှ ဖြေရှင်းလို့ လဲ မရတော့ဘူး...။
မတတ်နိုင်တဲ့အဆုံး အဲဒီခွေးကို ခွေးသားစားတဲ့လူတွေလက်ထဲ ထဲ့လိုက်ရတယ်...။ မျက်စိမှိတ်ပြီး ထည့်လိုက်ရတာ...။အမယ်အိုခမျာ လျော်ကြေးကလဲ မပေးနိုင်...။ခွေးအ ကလဲ သူ့ဗီဇနဲ့သူ...။ ခွေးအ ဆိုပေမဲ့ နောက်ဆုံး စဉ်းစားကြည့် သူတတ်နိုင်တဲ့.. သူလုပ်တတ်တဲ့.. သူနိုင်တဲ့ဝန် နဲ့ သူ့သခင်အပေါ် သူကျေးဇူးဆပ်ရှာ တာပါ...။ခိုးတာကိုဘဲ အပြစ်ဆိုမလား...။ ဗီဇကို ဘဲ အပြစ်ဆိုမလား...။သခင်အပေါ် ကျေးဇူးသိတတ်မှု ကိုဘဲ ဂုဏ်ပြုရမလား...။ ခွေးအဆိုပေမဲ့ သူ့ တာဝန် သူကျေသွားရှာတယ် အကိုရေ....။
(မရေးတတ်ပါဘူး...ခံစားမိပေမဲ့ သိသလောက် မျှဝေလိုက်ပါတယ်..)



Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Wednesday, August 13, 2008

“ဂုဏ်ယူချင်စမ်းပါဘိတော့တယ်...”

အဖွားကပြောတယ်..
ဟိုအရင်တုန်းကပေါ့
အဲဒီလျောင်ကီးတရုတ်ကြီးဟာ
မြန်မာပြည်ကိုရောက်လာ
အဖွားတို့ လမ်းထိပ်မှာ
အ၀တ်ချုပ်တယ်..
နာရီပြင်တယ်...
ပြီးတော့ ကုန်ထမ်းတယ်..
ရတဲ့ပိုက်ဆံ ဘိန်းရှုတယ်
ဘိန်းသမားလျောင်ကီး
နာမည်ကြီးပေါ့တဲ့...။

အဖွားကပြောတယ်..
ဟိုအရင်တုန်းကပေါ့
အဲဒီ ကုလား စွပ်ပရားဟာ
မြန်မာပြည်သားမဟုတ်ဘူးတဲ့..
စစ်ဖြစ်တော့ ခိုးဝင်...အလုပ်ပင်မယ်မယ်ရရမရှိ..
ဖိနပ်ချုပ်တယ်..ထီးချုပ်တယ်...
လံချားဆွဲတယ်...တဲ့..
ပြီးတော့ ....ပြောသွား....အဖွားစကား
လယ်ကူလီကုလား လူသိများပ....။

အဖွားကပြောတယ်...
ဟိုအရင်တုန်းကပေါ့
ဦးအောင်ဇေယျ ရှင်ဘုရင်
ဘုရင့်နောင် ရှင်ဘုရင်
မြန်မာမင်း ထိုဘုရင်တွေဟာ
မြန်မာပြည် နယ်တလွှား
ကာကွယ်ကာထားတဲ့ အပြင်
ယိုးဒယားဘုရင်ကိုပင်
သစ္စာခံ တပည့်ထားလို့
ယိုးဒယား နယ်သားတို့ခမျှာ
တို့ပြည်မှာ မျက်နှာငယ်ရ
ငါ့မြေးရေ...မှတ်ထားဟ တဲ့....။
အဖွား တဖွဖွ ပြောခဲ့တာ
သြော်... သတိရလိုက်တာအဖွားရယ်....။

အခုတော့လေ....
တရုတ်ပြည် နယ်တလွှား
မြန်မာတွေများခဲ့ပေါ့
ကုလားပြည် ယိုးဒယား
မြန်မာတွေဘယ်လို သွားကြတယ်..
အဖွားရယ် မြင်စေချင်စမ်းပါဘိ..။
တရုတ်ကုလား ယိုးဒယားမှာ
ကျွန်တော်တို့ မြန်မာများရဲ့အဖြစ်စုံ
ဖြစ်ပုံကို မကသေး
ကမ္ဘာတစ်လွှား နိုင်ငံရပ်ခြားမှာ
ရွှေမြန်မာ အဖွားမြေးတွေလေ........
သခင်မျိုးဟေ့ ဒို့ဗမာလို့
ကြွေးကြော်ဖို့အရေး
အဖွားရေ..
အားဆေးလေးတိုက်ပါဦး...။



Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

ကျေးဇူးတင်ပါတယ်....

သူငယ်ချင်း မအေး ရဲ့ Email ကတဆင့် ရလာတာပါ..။ ကြိုက်လို့ မျှဝေလိုက်ပါတယ်..ရေးသူအမည်မပါလာတော့ ဘယ်သူ့အာဘော်ဆိုတာ တော့ မသိဘူးနော်...ခွင့်လွှတ်...။

“အာလုံးကို ကျေးဇူးတင်ပါတယ်”
Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄. ၅ နာရီသာ ကြာမြင့်တဲ့ ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာတစ်ခါ ဖူးပွင့်ရတဲ့တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး။
ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ သူထုတ်ပြခဲ့တယ်။

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။

ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ
နင်းလျှောက်ခဲ့လို့ပါပဲ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။
Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄. ၅ နာရီသာ
ကြာမြင့်တဲ့ ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာတစ်ခါ ဖူးပွင့်ရတဲ့ တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး။ ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲသူထုတ်ပြခဲ့တယ်။

အင်္ဂလိပ်အခေါ် = Epiphyllum
တရုတ်အခေါ် = 昙花
မြန်မာအခေါ် =......ဇောင်းကြမ်းပင် (cactus) မျိုးနွယ်စု၊
မှုလပေါက်ပွားရဒေသ တောင်အာဖရိက၊ မက်ဆီကို
ပူပြင်းခြောက်သွေ့သော သဲကန္တာရနေရာများတွင် ပေါက်ရောက်၊
ပန်းပွင့်ကြီးမျိုးဖြစ်၊ ပွင့်ဖတ် လှံချွန်ပုံသဏ္ဍာန်၊ ညအချိန်တွင် ပွင့်ပြီး မနက်မှာ ညှိုးနွမ်း၊
ပန်းပွင့်ချိန် ၄. ၅ နာရီသာ ကြာမြင့်၊ညအချိန်မှ ပွင့်တတ်တဲ့အတွက် \\\\\\\"လရောင်အောက်ကမိန်းမလှ\\\\\\\" ဟု တင်စား
ထို့ကြောင့် အချို့လူများက အချိန်တိုတောင်းခြင်းကို ဤပန်းနှင့် ခိုင်းနှိုင်း။
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....