Saturday, August 9, 2008

"ဘယ်တော့မှမမေ့ဘူးလို့..."

သူငယ်ချင်းရေ..
ဒို့တစ်တွေရဲ့ နေထိုင်မှုသမိုင်းဟာ သွေးစက်တွေကို မျက်ရည်တွေကို မျက်ကွယ်ပြုသလို ဖြစ်နေမလားလို့ ပြန်ပြန် တွေးကြည့်ပြီး အိပ်မက်ဆိုးတွေ မက်မနေဘူးလား...။ ဒို့သူငယ်ချင်းတွေ ညီလေးညီမလေးတွေရဲ့ ၀ိဥာဉ်တွေဟာ သမိုင်းတာဝန်မကြေသူရယ်လို့ လက်ညှိုးထိုးကဲ့ရဲ့နေကြလိမ့်မယ်ထင်တယ်..။
အဝေးမှာရောက်နေခဲ့ပေမဲ့ လုပ်သင့်တာလုပ်နေကြသူတွေကို လေးစားပါတယ်..။
အဝေးကို ထွက်လာပြီး မလုပ်သင့် တာ လုပ်နေသူတွေ မမြင် မတွေ့ကြပါစေနဲ့လို့လဲ ဆုတောင်းပါတယ်..။
အတွင်းမှာ ရှိနေပြီး အထဲကိုရောက်နေတဲ့ သူရဲကောင်းညီအကို မောင်နှမတွေကို လေးစားပါတယ်..။
အတွင်းမှာရှိနေပြီး အတွင်းမှာလုပ်စားနေသူတွေကို ရာဇ၀င်ကြွေး ပြန်ဆပ်နိုင်ဖို့ သတ္တိရှိပါစေလို့ ဆုတောင်းပါတယ်..။
ကိုယ်တတ်နိုင်သရွေ့ ကိုယ်စွမ်းနိုင်သရွေ့ စွမ်းဆောင်ပါ့မယ်...။
ရည်ရွယ်ချက်တစ်ခုကို ချမှတ်ထားပါတယ်..။
သံရုံးရှေ့ဆန္ဒပြမှ တာဝန်ကျေတယ်လို့တော့ မယူဆပါနဲ့ကွာ...တောင်းပန်ပါတယ်..။
ဘာဘဲဖြစ်ဖြစ်လေ...မသေခင်ရေးခဲ့တဲ့ သမိုင်း မရိုင်းဘို့ဘဲလိုတယ် ဟုတ်...။
မျက်လုံးထဲကမထွက်ဘူး..။ပြန်ပြီးတမ်းတရင်စိတ်ထဲ ထိခိုက်တယ်...။အတိတ်ကအရိပ်တွေ စိတ်ထဲရောက်လာတယ်...။ကြောက်လာတယ် သူတို့ရဲ့ လက်ညှိးတွေကို..။ဟိုစဉ်တုန်းကအချိန်များ... မေ့မရဘူး တကယ်...။မင်း...မေ့လို့ရလား.....ငိုနေတဲ့သူတွေ....သွေးတွေ....သတ္တိခဲတွေရဲ့ ၀ိဥာဉ်တွေ...အားလုံး....အားလုံး...မင်း မလိမ်ဘူး...မညာဘူး...ပြီးတော့ လုပ်မစားဘူးဆိုရင် ရဲရဲ ပြောလိုက်ကွာ... "ဘယ်တော့မှမမေ့ဘူးလို့..."
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Friday, August 8, 2008

ဘီလ်ကိတ်ပြောတဲ့ ဘ၀(၁၁)ခု (နိုင်းနိုင်းစနေ မှ ရှယ်ပါတယ်)

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။ ၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။
၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက “အခွင့်အရေး” တဲ့။
၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။
၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို အရင်သန့်ရှင်းလိုက်ပါ။
၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။
၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။
၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။
အင်္ဂလိပ် မူရင်းကို ဒီမှာဖတ်နိုင်ပါတယ်။ မူရင်းလင့်ပေးတဲ့ Holmeရေ ကျေးဇူး....
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ဖတ်ကြည့်ချင်သေးလား....

ဘယ်က ရဲဘော်လဲ

တင်မိုး
သူ့မယုံရ ကိုယ့်မယုံရနဲ့
သံသယတွေ ပိုကဲ
ဟိုတစ သည်တစ ပြိုကွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။
တီးတိုးတီးတိုး
သဖန်းပိုး
ကွယ်ရာတမျိုး ရှေ့တမျိုး
ခြေထိုးမတော် ချော်လို့လဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။
နေရာပိုင်မှု အပြိုင် လု
လူထုအတွက် ပြည့် အတွက် … တဲ့
အရှက်ကနဲ သွေးကခွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။
ခြေပုန်းခုတ်လို့ ကုပ်ပေါ်တက်
မျက်နှာနှစ်ဖက် လျှာ နှစ်ခွ
နှစ်ဖက်လွှနဲ့ သပ်လျှို ခွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။
၁၆၊ ၃၊ ၂၀၀၀

ပြန်ခေါ်ပြီးမှ ကွယ်ရာမှာ လက်သီးတော့ ဆုပ်မပြနဲ့ပေါ့ နော..။

(မိုးချိုသင်း ဘလောက်ထံက ရယူပါတယ်။ http://moechothin.blogspot.com/ )
Summary

Rest of your post


ဖတ်ကြည့်ချင်သေးလား....

အရိမေတ္တေယျ မြတ်စွာဘုရား(စကားဝါမြေ မှ တဆင့် ကုသိုလ်ပြုပါသည်)

မေး။ ။ အရှင်ဘုရား…..
အရိမေတ္တေယျမြတ်စွာဘုရားရှင်သည် ဘယ်အချိန်တွင် ပွင့်တော်မူမည်ကိုလည်းကောင်း၊
ယခုအခါ အဘယ်ဘုံ၊ အဘယ်ပုဂ္ဂိုလ်အဖြစ် ရောက်ရှိနေသည်ကိုလည်းကောင်း
သိလိုပါသည် ဘုရား။

Summary

ဖြေ။ ။ ဤဘဒ္ဒကမ္ဘာတွင် ဘုရား ငါးဆူပွင့်မည်။ ယခုအခါ လေးဆူပွင့်ပြီးဖြစ်၍ အရိမေတ္တေယျဘုရားတစ်ဆူပွင့်ရန် ကျန်ပါသေးသည်။ လူတို့၏အသက် တစ်သိန်းတမ်းတွင် ပွင့်ပါမည်။ယခု လူတို့၏ အသက်တမ်းသည် ၇၅ နှစ်တမ်းဖြစ်သည်။ထိုမှ ၁၀ နှစ်တမ်းအထိ ဆုတ်သွားမည်။ တစ်ဖန် ၁၀ နှစ်တမ်းမှ မရေမတွက်နိုင်အောင် အသင်္ချေယျတမ်းအထိ တက်သွားဦးမည်။ ၎င်းအသင်္ချေယျတမ်းမှ တဖြည်းဖြည်းပြန်ဆုတ်လာရာ လူတို့၏အသက်တမ်း တစ်သိန်းတမ်းတွင် ပွင့်တော်မူမည်။ အသက် တစ်သိန်းတမ်းရှိရာတွင် အရိမေတ္တေယျဘုရားရှင် သည် ဘုရားရှင်တို့၏ဓမ္မတာအတိုင်း အသက်တမ်း၏ ၅-ပုံပုံ ၄-ပုံ (အနှစ် ရှစ်သောင်း) အသက်ရှည်မည်ဟု ဒီဃနိကာယ်၊ပါထိက၀ဂ်၊ နှာ ၆၃က ဆိုပါသည်။ (အသီတိ ၀ဿ သဟသာယုကေသု ဘိက္ခဝေမနုေဿသု မေတ္တေယျောနာမ ဘဂ၀ါလောကေ ဥပ္ပဇ္ဇိဿတိ)တစ်ကမ္ဘာ၏ သက်တမ်းသည် အသင်္ချေယျ လေးကပ်ရှိသည်။အသင်္ချေယျတစ်ကပ်သည် အန္တရကပ်ပေါင်း ၆၄ ကပ် ရှိပါသည်။ အန္တရကပ်တစ်ကပ်၏အချိန်အတိုင်းအတာမှာ လွန်စွာ ကြာညောင်းလှသည်။လူတို့၏ သက်တမ်းသည် အမြဲမရှိ၊ ဆုတ်သည့်အခါ ဆယ်နှစ်တမ်း အထိဆုတ်၍ တက်သည့်အခါ မရေမတွက်နိုင်အောင် (အသင်္ချေယျတိုင် အောင်)တက်သွားသည်။ (အသင်္ချေယျမှ ၁၀ နှစ်တမ်းအထိ၊ ၁၀ နှစ်တမ်းမှ အသင်္ချေယျအထိ) ဆုတ်ကပ် တက်ကပ်တစ်စုံကို အန္တရကပ်တစ်ကပ်ဟုဆိုပါသည်။ အန္တရကပ် တစ်ကပ်တွင် ဘုရားတစ်ဆူသာ ပွင့်ပါသည်။ဤဘဒ္ဒကမ္ဘာတွင် ရှေးဦး အန္တရကပ် ရှစ်ကပ်တွင် ဘုရားမပွင့်သေးဘဲ၊ ကိုးခုမြောက် အန္တရကပ်တွင် ကကုသန်ဘုရား၊ ၁၀-ခုမြောက် အန္တရကပ်တွင် ကောဏာဂုံဘုရား၊ ၁၁-ခုမြောက် အန္တရကပ်တွင် ကဿပဘုရား၊ယခုရောက်ဆဲ ၁၂-ခုမြောက် အန္တရကပ်တွင် အသက် ၁၀၀-တမ်း၌ဂေါတမဘုရားရှင် ပွင့်တော်မူပါသည်။ လာမည့် ၁၃-ခုမြောက် အန္တရကပ်၏အသက်တစ်သိန်းတမ်းတွင် အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူမည်ဟု ပဏ္ဍိတဝေဒနီယကျမ်းက ဆိုပါသည်။ယခုအခါ မေတ္တေယျဘုရားလောင်း ဘယ်ဘုံ၊ ဘယ်ဌာန၊ ဘယ်ပုဂ္ဂိုလ်အဖြစ် ရောက်ရှိနေသည်ကိုကား ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီး ရေးသားတော်မူသော မဟာဝင်ဝတ္ထုနှာ-၃၇၆၊ ဒုဋ္ဌဂါမဏိမင်းကြီး နတ်ရွာစံခန်း၌ ဖော်ပြထားပါသည်။ဒုဋ္ဌဂါမဏိမင်းကြီး နတ်ရွာစံခါနီးတွင် နတ်ပြည် ခြောက်ထပ်မှနတ်ရထား ခြောက်စင်းတို့ ဆိုက်ရောက်လာရာမင်းကြီးသည်အဘယမထေရ် ရဟန္တာအရှင်မြတ်ကိုအောက်ပါအတိုင်းမေးလျှောက်တော်မူပါသည်။“အရှင်ဘုရား၊ ခြောက်ပါးသော နတ်ပြည်တို့တွင် အဘယ် နတ်ပြည် သည် သာ၍မွေ့လျော်ဖွယ် ရှိပါသနည်း” ဟု မေး၏။ မထေရ်မြတ်လည်း “မြတ်သောမင်းကြီး၊ ဘုရားဖြစ်ထိုက်သောအခါကို ကြည့်မျှော်ကာနေသော၊ ကြီးသော ကရုဏာတော်ရှိသောမေတ္တေယျဘုရား အလောင်းသည် တုသိတာ နတ်ပြည်၌ နေ၏။ ထို့ကြောင့် တုသိတာနတ်ပြည်သည်မွေ့လျော်ဖွယ်ရှိသည်ဟူ၍သူတော်ကောင်းတို့ချီးမွမ်းကြသည်” ဟုဆိုပေ၏။မင်းကြီးလည်း မထေရ်မြတ်၏စကားကို ကြားရသော် မဟာစေတီကို ရှုမျှော်ကာလျောင်းလျက်သာမျက်စိမှိတ်တော်မူ၏။ ထိုခဏ၌စုတေ၍တုသိတာနတ်ပြည်မှလာသောရထား၌ ဥပပါတ်နတ်၏ ကိုယ်သည်ထင်ရှားဖြစ်လေ၏။“ဒုဋ္ဌဂါမဏိမင်းကြီးသည်ကားမေတ္တေယျဘုရားရှင် ပွင့်တော်မူသောအခါ လက်ယာရံ အဂ္ဂသာဝကမထေရ်ကြီးဖြစ်လတ္တံ့ ၊ မင်း၏ ညီတော်သဒ္ဓါတိဿမင်းကား လက်ဝဲရံအဂ္ဂသာဝက ဖြစ်လတ္တံ့ ၊ မင်း၏ခမည်းတော်ကာက၀ဏ္ဏတိဿမင်းကား မေတ္တေယျဘုရား၏ ခမည်းတော် ဖြစ်လတ္တံ့ ၊မင်း၏ မယ်တော်ဝိဟာရဒေ၀ီမိဖုရားကားမေတ္တေယျဘုရား၏ မယ်တော်ဖြစ်လတ္တံ့ ၊ဒုဋ္ဌဂါမဏိမင်းကြီး၏သားတော်သာလိကုမာရမင်းသားကားမေတ္တေယျဘုရားအလောင်း၏သားတော်ဖြစ်လတ္တံ ။ ဤသို့ ရဟန္တာအရှင်မြတ်တို့ ဗျာဒိတ်သံကိုခံရသောပုဂ္ဂိုလ်တို့တည်း”ဟု ဖော်ပြထားသည်။ ထို့ကြောင့် မေတ္တယျဘုရားလောင်းသည် တုသိတာနတ်ပြည်၌ရှိသည်ဟုဖြေရပါမည်။ တစ်ဖန်- ဒီပဲရင်းဆရာတော်ဘုရားကြီး ရေးသားတော်မူသည့် မေတ္တေယျဘုရားရှင်နှင့် ပတ်သက်သော `အနာဂတ၀င်´ ကျမ်းတွင် မေတ္တေယျဘုရားလောင်းသည်ဂေါတမဘုရားရှင် လက်ထက်က အဇာတသတ်မင်းနှင့် ကဉ္စနဒေ၀ီမိဖုရားတို့ ကမွေးဖွားသော အဇိတမင်းသားဖြစ်သည်။နောင်အခါ ရဟန်းပြု၍ အဇိတမထေရ်ဟု ထင်ရှားသည်။ ထိုမထေရ်သည် မေတ္တေယျ ဘုရားလောင်းဖြစ်ကြောင်း ဝေဠုဝန် ကျောင်းတော်၌မိန့်တော်မူသည်ဟု ပါရှိသည်။လူတို့၏ အနှစ်တစ်သိန်းတမ်း၌ မေတ္တေယျဘုရားလောင်းသည်တုသိတာ နတ်ပြည်မှ စုတေ၍ ကေတုမတီပြည်၊ သုဗြဟ္မာ အမည်ရှိသောပုဏ္ဏားပညာရှိကြီးနှင့် ဗြဟ္မဏ၀တီ မည်သော ပုဏ္ဏေးမတို့၏ သားတော်ဖြစ်သည်။ စည်းစိမ်အမျိုးမျိုးခံစား၍တောထွက်ရဟန်းပြုပြီး ဒုက္ကရစရိယခြောက်ရက်ကျင့်ကာ ကံ့ကော်ဗောဓိပင်၌ ဘုရားအဖြစ်သို့ ရောက်တော်မူမည်ဟု ဖော်ပြပါရှိပါသည်။ (မြတ်မင်္ဂလာဘာသာရေးအမေးအဖြေများ စာအုပ်မှ)

ဖတ်ကြည့်ချင်သေးလား....

Wednesday, August 6, 2008

ဆင်ခြေများနဲ့ လူ(အရှင်ဉာဏိက)......click

ဒီဃာ ဇာဂရတော ရတ္တိ ၊ ဒီဃံ သန္တဿ ယောဇနံ ။
ဒီဃော ဗာလာနံ သံသာရော ၊ သဒ္ဓမ္မံ အဝိဇာနတံ ။
အိပ်မပျော်သူအတွက် ညတာရှည်တယ်။
ခရီးပမ်းနေသူအတွက် ယူဇနာခရီးဟာ ရှည်လျားတယ်။
လူမိုက်တွေအတွက် သံသရာဟာ ရှည်လျားတယ်။
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....