Tuesday, July 15, 2008

wanted

သူငယ်ချင်းရေ
ကိုယ်လဲ စာကြွေးတွေ များနေပြီ ....။ တစ်ပိုင်းတစ်စ Post တွေနဲ့ အတူ တင်နေတဲ့ စာကြွေးအတွက် တောင်းပန်ပါတယ်နော်...။
ကိုရီးယားရဲ့  နွေရာသီရယ်.. အလုပ်ထဲက စက်အပူတွေရယ်.. ချွေးတပြိုက်ပြိုက်နဲ့ ပင်ပန်းပြီး စာတွေမရေးဖြစ်ဘူး.. စိတ်ထဲမှာ တွေးထားတာတွေကတော့အများကြီးပေါ့ကွာ။
ဒါပေမဲ့......အင်မတန်ရေးချင် စိတ်ဖြစ်အောင်တိုက်တွန်းလိုက်တာကတော့ မဇ္ဈိမ သတင်းထဲက အလိုရှိသည် ရုပ်ရှင်ဇာတ်လမ်းအမြည်းလေးကို ဖတ်လိုက်ရပြီးနောက်ပေါ့ကွာ...။
“တယောက်ကို သတ်ခြင်းအားဖြင့် ထောင်ပေါင်းများစွာကို ကယ်တင်နိုင်သည်” တဲ့
စကားလုံးအဓိပ္ပါယ်ကတော့ အင်မတန် ကောင်းတာဘဲ....နော်....။
လူထောင်ပေါင်းများစွာ ကို ကယ်တင်နိုင်ရေး ကြိုးစားနေသူတွေ.....။ထောင်ပေါင်းများစွာ သေကြေ ပျက်စီးသွားလဲ အရေးတစ်ယူမရှိ ဥပက္ခာပြုနေကြသူတွေ နဲ့ တို့မြန်မာပြည်ကြီးကတော့ ဟုတ်နေတာဘဲ...။ လက်တစ်ဆုပ်စာ ဥပက္ခာသမားတွေကို ဘာသာရေးဘက်က တွေးကြည့်ရင်ကြောက်စရာဘဲ..။ ဘယ်ဘာသာမှာမဆို အဲဒီလို လူမဆန်တဲ့ အပြုအမူတွေကို နဲနဲလေးမှလက်မခံပါဘူး...။ ဒို့ဘာသာမှာကြည့် မြတ်စွာဘုရားနုစဉ်ကာလ မျောက်မင်းဘ၀ကအကြောင်းလေ.. အင်မတန်ကြည်ညိုစရာ ကောင်းတာ.. အပေါင်းအဖေါ် မျောက်တွေရဲ့အသက်ပေါင်းများစွာ ကို ကယ်တင်ခဲ့တာလေ..။ သူ့ခန္ခာကိုယ်ကျောပေါ် လျှောက်ခိုင်းခဲ့ပြီး အပင်ပန်းအဆင်းရဲခံ ကာ မျောက်အပေါင်းအသက်ချမ်းသာရာချမ်းသာကြောင်း ကိုယ်ကျိုးစွန့်အနစ်နာခံ အသက်စတေးခဲ့ရှာတယ်..။အပြောမဟုတ် အလုပ်နဲ့ သက်သေပြဘို့ဆိုတာကလဲ တော်ရုံပါရမီနဲ့မရနိုင်ဘူးထင်တယ်...။ဒါပေမဲ့ အထက်က ပြောခဲ့တဲ့ မျောက်မင်းဇာတ်ကတော့ အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်ခဲ့တာနော်...။
Summary

အခု ဒီ အလိုရှိသည် ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းထဲက ဒိုင်ယာလော့ကတော့ ဆက်တွေးကြည့်ရင် မျောက်မင်းနဲ့တော့ တစ်ခြားစီဖြစ်ကောင်းဖြစ်မယ်.....။ထောင်ပေါင်းများစွာကို ဒုက္ခပေးနေသူ တစ်ယောက်ကရှိနေတာရယ်... တကယ်မှာလဲ ထောင်ပေါင်းများစွာသောလူတွေဟာ ဆင်းရဲဒုက္ခရောက်နေကြ ရယ်ကို ကဘုရားအလောင်းမျောက်မင်းအနစ်နာခံ ကယ်တင်မှုခြင်းနဲ့ ကွာနေပြီပေါ့...။ဒါပေမဲ့ ကိုယ့်အသက်စတေးရတာချင်းတူနေမယ်နော်...။
ကိုယ်ပြောချင်တာကတော့ လူအများကို ဒုက္ခပေးသူကို ရှင်းပစ်မှ အများကိုကယ်တင်နိုင်မှာ မဟုတ်လား..။ ဒုက္ခပေးနေတဲ့ သူကို ရှင်းရမဲ့နည်းက လွယ်လွယ်နဲ့ မရနိုင်ဘူးလေ..။ကိုယ့်အသက်စတေးမှကို ရမှာ...။ အခုကမ္ဘာမှာ ကိုယ့်အသက်စတေးခံပြီး အနာဂတ်ကာလအတွက် တာဝန်ကြေခဲ့သူတွေ အများကြီးမဟုတ်လား..။ အယူအဆတွေ ဘယ်လိုဘဲ ကွဲပြားနေပေမဲ့ စေ့စေ့တွေးကြည့် လွတ်လပ်သာယာတဲ့ လောကသစ်ကို မျှော်လင့်တောင့်တ လိုချင်မှုတွေကြောင့် ဆိုတာကတော့ ၉၀% သေချာတယ်ထင်တယ်...။
အခုဒီဇာတ်လမ်းထဲကဒိုင်ယာလော့(မဇ္ဈိမ သတင်းထဲက မြန်မာပြန်)ရဲ့ မူရင်းက “တယောက်ကို သတ်ခြင်းအားဖြင့် တစ်ထောင်ကို ကယ်တင်နိုင်သည်”(Kill one to save a thousand) တဲ့ Philosopher-Jeremy bentham(1748-1832)ရဲ့ Utilitariansim Ethical theory (ကျင့်ဝတ် သီအိုရီ) ပေါ့ ကမ္ဘာကျော် သီအိုရီလေ...အခုတိုင်ပွက်လောရိုက်နေလေရဲ့...ဒါကို ဆိုဗီယက်ယူနီယံ ဖွား ဒါရိုက်တာ Timur Bekmambetov ကWanted ဇာတ်ကားထဲမှာ The Fraternity ဂိုဏ်း၏ ဆောင်ပုဒ်အဖြစ်သုံးခဲ့တယ်ဆိုဘဲ...။
ကဲပါလေ... သူငယ်ချင်း မင်းဘဲ စဉ်းစားကြည့်ပေါ့ကွာ...အခု လက်ရှိ တို့ရွှေနိုင်ငံတော်ကြီး ....လူ သန်းပေါင်းများစွာ....ဒုက္ခပေါင်းစုံနဲ့ နော်...။အဲဒါရဲ့ အရင်းအမြစ်.... တစ်ယောက်ဘဲရှိတယ်...။
Kill one, Save one thousand,is what we believe in and what we do.တဲ့...။ ကဲ အဲဒီဖီလိုဆိုဖီကို ဘဲ အမျိုးမျိုး ထပ်ပြီးပွားလာသေးတယ်...နောက်တစ်မျိုးကဆို ရင် ပိုတောင်တို့ မြန်မာတွေနဲ့ အံကိုက်ဖြစ်မလားဘဲ Kill one to save many တဲ့ မင်းသဘောကျရဲ့လား...........။
လွတ်လပ်အတွေးနဲ့ ရေးလိုက်ပါတယ်... ဖတ်ကြည့်တာလဲ ကျေးဇူးပါ သူငယ်ချင်း...။


ဖတ်ကြည့်ချင်သေးလား....