Saturday, April 25, 2009


လိပ်စာသစ်လေးကို လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ........
အောက်က ဒီပုံလေးကို ကလစ်လိုက်နော်...




Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Tuesday, April 21, 2009

“ ပိတောက်တွေ၊စပယ်တွေနဲ့ လှနေတဲ့ အမေ…”


၁၉၈၇-ဧပြီလ…….
“သား…လာလေ..အမေတို့နဲ့တခါထဲလိုက်ခဲ့၊ ကျွန်မသားလေးကို မထားခဲ့ပါနဲ့၊ သားရေ…အမေတို့နဲ့ လိုက်ခဲ့ပါ။ မထားခဲ့ကြပါနဲ့…ကျွန်မ သားကိုမထားခဲ့ကြပါနဲ့။”


Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Tuesday, April 14, 2009

ကြမ်းလှချည့်လား..မောင်ရို့

တရုတ်လူမျိုး မိန်းခလေးတစ်ယောက်ကို ကိုရီးယား လူဝင်မှုကြီးကြပ်ရေးမှကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးနေပုံဗီဒီယိုသတင်းလေးပါ ဒီမှာကလစ် လိုက်ပါခင်ဗျာ

Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Saturday, April 11, 2009

눈물이 뚝뚝 (케이윌 ) ဖြိုးဖြိုးဖျောက်ဖျောက် မျက်ရည်ပေါက်များ

ကိုရီးယားအလွမ်းသီချင်းလေးပါ..ကြည့်ဖို့ ကလစ်လိုက်ပါဦး
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Wednesday, April 8, 2009

မင်္ဂလာဒိုး(တိုကျို)...သင်္ကြန်သံချပ်

ဒေါင်းမာန်ဟုန်က နေ ယူလိုက်တာပါ.. ဒီမှာကလစ်လိုက်ပါ
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Tuesday, April 7, 2009

ပိတောက်ရွှေဝါ

ပုံကိုကလစ်ပါ
Suuchitthu.blogspot.com မှ ယူပါတယ်..

Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Saturday, April 4, 2009

ကိုရက်ပ်စ် မြန်မာအလုပ်သမားများ ၃နှစ်ပြည့်လို့ ပြန်ရမယ်ဆိုရင်

ဒီမှာ ဖတ်ကြည့်နိုင်ပါပြီ
Summary

Rest of your post


ဖတ်ကြည့်ချင်သေးလား....

Tuesday, March 31, 2009

ကဲ ကြည့်လိုက်ကြရအောင်...


Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Monday, March 30, 2009

ဒေဂူး“ရွှေကမ္ဘာ ညီအကိုများ အလှူ”

၁၅-၃-၂၀၀၉ ရက်နေ့ ရွှေကမ္ဘာမြန်မာ စတိုးဆိုင်(ဒေဂူး) နှင့် မြန်မာအလုပ်သမားများ စုပေါင်း၍ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းကြွေးကုသိုလ်ဒါန ပြုလုပ်ခဲ့ခြင်း၏ မှတ်တမ်းဓါတ်ပုံများ ဖြစ်ပါတယ်။
ပတ္တအနုမောဒနာ ပြုလိုက်ပါတယ်......။












နောက်ဆုံးပင်ပန်းသွားပြီလေ.....



















Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Saturday, March 28, 2009

ဆီးချိုရောဂါ

အလှတရား က ပေးပို့လိုက်သော ( ဆီးချိုရောဂါ )ကျန်းမာရေးဆိုင်ရာ ဗဟုသုတဘလော့လေးထဲ သွားကြည့်ချင်တယ်ဆိုရင် ပေါ့.....။
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Thursday, March 26, 2009

သူပုန်သုံးမျိုး

ပြည်တွင်းမှာနေ....
ပြည်သူတွေနဲ့ တသားတည်း
ဒုက္ခကို ခါးစည်းခံရင်း
ထောင်နှုတ်ခမ်းကိုလည်း ရဲရဲနင်းမတဲ့
ဥစ္စာချို့တဲ့ပေမယ့်
သတ္တိမချို့ငဲ့
လက်နက်မဲ့ သူပုန်။
နယ်စပ်မှာနေ....
တိုင်းရင်းသားတွေနဲ့ တသားတည်း
ငှက်ဖျားနဲ့ ငတ်ပြတ်မှုဒဏ်
တတိယနိုင်ငံရဲ့ ဖြားယောင်းမှုဒဏ်အပေါင်းကို
ကောင်းကောင်းကြီး ကြံ့ကြံခံလျက်
ယုံကြည်ချက်ကို မြဲမြံကိုင်စွဲတော်လှန်ဆဲဖြစ်တဲ့
တောထဲက သူပုန်။
တတိယနိုင်ငံမှာနေ....
ပြည်သူတွေနဲ့ ကင်းကွာ
ယုံကြည်ချက်ဆိုတာကို
အမှိုက်ပစ်သလို တော်ရာချထားခဲ့ပြီး
ဒေါ်လာရကြောင်းကိုသာ နှလုံးသွင်း
ပြည်တွင်းကလူကို ရေကင်းပြ
ပြည်ပကလူကို ဆရာလုပ်ရင်း
အပျင်းပြေ အာလူးလည်းဖုတ်ရင်း
ဘလော့ဂ်လုပ်တတ်တဲ့လေသေနတ် သူပုန်။ ။
မှတ်ချက်။...............။ တတိယနိုင်ငံဟူသည်မှာ Third country ခေါ် နိုင်ငံရေးခိုလှုံခွင့်ဖြင့်ဖြစ်စေ၊ ဒုက္ခသည်အဖြစ်ဖြင့်ဖြစ်စေ သွားရောက်ရသော နိုင်ငံများကို ဆိုလိုပါကြောင်း။
စာကြွင်း။ ။ မူရင်းကဗျာရှင်မသိပါ၊ ညီမလေးတယောက် မှ ပေးပို့လာသော Email ကို ကြိုက်လို့မျှဝေလိုက်တာပါ၊ သွေးထွက်အောင် မှန်တယ်ဆိုတာ ဒါမျိုးပေါ့။
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

မြန်မာဗုဒ္ဓဘာသာကျောင်းတော်(ကိုရီးယား)


ဒီနေရာကယူပါတယ်
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Saturday, March 21, 2009

မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ


၈၈ကုန်လို့ ၈၉ လဲရောက်ရော ဇာတ်အဖွဲ့တွေလဲ ဇာတ်ခေါင်းကွဲကြ၊ဇာတ်သမား တွေလဲ တောင်ပြေးမြောက်ပြေးနဲ့ အပြင်ရောက်တဲ့လူရောက်၊အထဲရောက်တဲ့ လူရောက်ပေါ့။ ဟိုမရောက်ဒီမရောက်တဲ့ ကျွန်တော့်ကိုတော့ လူကြီးတွေက ဘုန်းကြီးကျောင်း အရောက်ပို့လိုက်ကြလို့ အောင်မင်းခေါင်ကုန်းမြေ ကသစ်ဝိုင်ဓမ္မရပ်သာမှာ ရဟန်းဝတ်နဲ့ တစ်လ တရားအားထုတ်လိုက်ရတယ်။
အဲဒီ တုန်းက ဆရာတော် ဦးပဒုမက ဥပဇ္ဈာယ် ဆရာတော်ပေါ့။ မင်းနာမည်က ခပ်ဆန်းဆန်း ဆိုတော့ ဘုန်းကြီးဘွဲ့ကိုလဲ ခပ်ဆန်းဆန်း ပေးရမယ်ဆိုပြီး ဘုန်းကြီး ဦးကဉ္စနသာရ က ဦးယုဂန္ဓာရ ဆိုပြီးပေးလိုက်တယ်။အဲ နောက်ပိုင်း တက္ကသိုလ် ကျောင်းပြီး အလုပ်မရှိအကိုင်မရှိ အလကားနေမဲ့ အတူတူဆိုပြီး သင်္ကြန်တရားပတ်မှာ ထပ်ပြီးရဟန်းဝတ်နဲ့ တရားစခန်းဝင်လိုက်တယ်။ ဒုတိယအကြိမ်ပေါ့။
ကျွန်တော်ဒီတရားစခန်းကို သဘောကျတာက လူတွေမှာ မသေခင်ကာလ ဆင်းရဲဒုက္ခအမျိုးမျိုးခံစားကြရမှာပဲ၊ခန္ဒာကိုယ်မှာ အနာရောဂါတွေနှိပ်စက်ဖိစီးတာ ခံစားကြရမှာပဲ၊အဲဒီလိုမခံမရပ်နိုင်အောင် ဝေဒနာတွေခံစားကြရပြီဆိုရင် ဝေဒနာ သက်သာအောင် နည်းလမ်းလေးတွေကို ဒီတရားစခန်းက တိုက်ရိုက်ပေးတာ။ ပြောရရင်တော့ ကာယာနုပဿနာ သတိပဌာန်ပေါ့။ဝေဒနာတွေနှိပ်စက်ရင် အဲဒီဝေဒနာအပေါ် ရှုမှတ်ရတာပဲ။ တခြားရိပ်သာတွေလဲ သဘောတရားတွေက အတူတူပါပဲ၊အဲ မတူတာကရှုမှတ်တဲ့နေရာမှာ ကိုယ်မှာပေါ်တဲ့ ဝေဒနာက ပူရင် ပူတယ်၊အေးရင်အေးတယ်၊လှုတ်ရင် လှုတ်တယ်၊အခံရခက်ရင် ဆင်းရဲတယ်၊ အခံရ သက်သာရင် ချမ်းသာတယ်၊ အဲဒီလိုမှတ်ရတယ်။“စိတ်ကိုရင်မှာထား၊ကိုယ်မှာ ပေါ်တာမှတ်၊ ပူတာ၊အေးတာ၊လှုတ်တာ၊ဆင်းရဲတာ၊ချမ်းသာတာ”အဲဒီငါးမျိုးက ကနဦးအမှတ်တွေပေါ့…။အဲဒီကမှ တဆင့်တဆင့်တက်လာတာ။ ဘာပဲဖြစ်ဖြစ်လေ ရုပ်ရှိရင်ဝေဒနာရှိမှာပါပဲ။ဝေဒနာကို သည်းခံတတ်ဖို့၊ဖြေဖျောက်တတ်ဖို့ နောက်ဆုံး အသေတတ်ဖို့ နည်းပေးတဲ့ ဌာနတစ်ခုမို့လို့ ဘဝမှာအဖိုးတန်တဲ့ နေရာကောင်းမှာ ကျွန်တော် ခိုအောင်းခဲ့ဘူးပါတယ်။
ရိပ်သာဝင်သူတိုင်း နောက်ဆုံးတရားစခန်းသိမ်းကြရင် အင်မတန်ဝမ်းနည်းဝမ်းသာ ဖြစ်ကြရတဲ့ နေ့လေးတွေရှိခဲ့ကြတယ်။ အဲဒါဘာလဲဆိုတော့ ဆရာတော်ကြီးချီးမြှင့် တဲ့ နောက်ဆုံး တရားစကားတွေပဲ။ ဆရာတော်ဟာ အင်မတန်မှ အသံသြဇာကောင်းသလို၊ တရားဟောအလွန်ကောင်းတယ်။ တရားစခန်းဝင်တဲ့သူ တိုင်း ရပြီးသားတရားတွေ မေ့ပျောက်မသွားရအောင် ထပ်ခါထပ်ခါ သတိပေးစကား ဆိုတယ်။ မဟာဂန္ဓာရုံ ဆရာတော်ကြီးဟာ တပည့်တွေကို ဆိုဆုံးမရာမှာ စကားတစ်ခွန်းကို နှစ်ကြိမ်သုံးကြိမ် ထပ်ခါထပ်ခါပြောဆိုဆုံးမတယ်လို့ ကြားဘူးတယ်။ ဒီလိုပါပဲ ကသစ်ဝိုင်ဆရာတော်ကြီးလဲ တပည့်ယောဂီတွေအားလုံးကို တရားချီးမြှင့်ရာမှာ မမေ့အပ်တဲ့ အကြောင်းအရာတွေဆိုရင် ထပ်ခါထပ်ခါ ပြောဆို ဆုံးမ သတိပေးတတ်တယ်။ကိုယ့်အိမ်ကို ပြန်ကြပြီဆိုရင် သားကိစ္စ၊သမီးကိစ္စ၊ မြေးကိစ္စ၊မြစ်ကိစ္စတွေနဲ့ အလုပ်တွေရှုတ်နေတတ်ကြတာ၊ဘုံဆိုင်အလုပ်တွေပဲ၊ သံသရာလွတ်ကြောင်း ကိုယ်ပိုင်အလုပ်တွေကို မမေ့ကြဘို့၊ထပ်ခါထပ်ခါ မှာကြားဆုံး မတော်မူခဲ့ပါတယ်။ဆုတောင်းအမျှတွေဝေချိန်မှာတော့ ဂရုဏာအပြည့်ပါတဲ့ ဆရာတော်ရဲ့ အသံတော်ကြောင့် မျက်ရည်ဝဲကြရပါတယ်။
ဆရာတော်ရဲ့ မေတ္တာတရားကြီးမားပုံ၊ပုဗ္ပကိစ္စ ငြိမ်းချမ်းစေချင်ပုံ၊ဝေယျာဝစ္စ လုပ်တဲ့ ဒကာဒကာမတွေ မပင်ပန်းစေချင်ပုံတို့ဟာ ကသစ်ဝိုင်မှာ အလှူအတန်းလုပ်ပြီဆိုရင် ဆရာတော့်စိတ်ကို လေ့လာခန့်မှန်းလို့ရပါတယ်။ ကထိန်ပွဲ၊ဝါဆိုသင်္ကန်းကပ်ပွဲ၊ ဆရာတော် မွေးနေ့ပွဲ စသည်တို့ကို လုပ်မယ်ဆိုရင် တရားစခန်း အဖွင့်ရက်၊ သို့မဟုတ် အပိတ်ရက်နဲ့ ပေါင်းပြီး လုပ်လေ့လုပ်ထရှိပါတယ်။ခမ်းခမ်းနားနား မလုပ်စေပဲ အေးအေးချမ်းချမ်းနဲ့ တစ်ခါထဲ ကိစ္စပြီး ဆောင်ရွက်ပါတယ်။တိတ်ဆိတ် ငြိမ်သက်အေးချမ်မှုကို ဆရာတော်နှစ်သက်တော်မူပါတယ်။
ဆရာတော်ဟာ နာတာရှည်ရောဂါရလာပြီးနောက်ပိုင်း ဆွေမျိုးတွေအပေါ်မှာ သံယောဇဉ်တရား၊မေတ္တာတရားကြီးမားပုံဟာလဲ ကြည်ညိုဖွယ်ရာပါပဲ။ ကျွန်တော် မြန်မာပြည်မှာရှိစဉ် ဆရာတော် ကျွန်တော်တို့အိမ်ကို ခဏခဏကြွလာပါတယ်။ သူမလာဖြစ်ရင် ဖုန်းဆက်ပြီးခေါ်ခိုင်းခြင်း၊သတင်းမေးခြင်း၊ ညီမဖြစ်သူ ဒေါ်အေးရီနဲ့ ရိပ်သာယောဂီတွေကို လွှတ်ပြီး သတင်းမေးခြင်းတွေ လုပ်ပါတယ်။ “ငါတို့အမျိုးထဲမှာ အသက်အကြီးဆုံး မှတ်ဥာဏ်အကောင်းဆုံး အမကြီးဆိုလို့ ဒီဒကာမကြီး တစ်ယောက်ပဲ ရှိတော့တာပစ်မထားကြနဲ့ဆိုပြီး” အမြဲသတိတရ ဖြစ်လေ့ရှိပါတယ်။
ဆရာတော်က ကျန်းမာရေးအရ အစားအသောက် တည့်သည်မတည့်သည်ကို ကျွန်တော်တို့အိမ်က မသိပေမဲ့ ဖွယ်ဖွယ်ရာရာ ဆရာတော်ကြိုက်တတ်တဲ့ ဆွမ်းဟင်းလေးများကပ်ပြီဆိုရင် အမကြီးရှေ့မှာ စိတ်ချမ်းသာအောင် ဘုန်းပေး တတ်တာ တွေ့ရပါတယ်။ ဆွမ်းဘုန်းပေးပြီးလဲ အိမ်သားတွေကို အမယ်အိုကြီးကို လုပ်ကျွေးပြုစုတာ မွန်မြတ်ပုံ၊ ကုသိုလ်အကျိုးများပုံ၊ ကျန်းမာရေးကအစ ဂရုစိုက်ပေးကြဖို့ တရားဟော၍ ဆိုဆုံးမခဲ့တာ အခုထက်ထိ အမှတ်ရ နေပါသေးတယ်။ ဆရာတော်ကို လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်ပြန်ရင်လဲ အိမ်ကပြန်ကြွတာနဲ့ “ကျုပ်က သူဌေးဘုန်းကြီး၊ ဒကာမကြီးက အသက်ကြီးပြီ၊ ဒကာမကြီး ပြန်ယူထားလိုက်”ဆိုပြီး အမြဲပြန်စွန့်ခဲ့တာပါပဲ။ အိမ်ကိုကြွလာတဲ့အခါတိုင်းလဲ ကျွန်တော်တို့အဖွားအတွက် မုန့်ပုံးတွေ၊ အသီးအနှံတွေနဲ့ ကြွလာတတ်ပါတယ်။အဖွားဒေါ်အေးရီတို့ကိုလဲ“ဒီဒကာမတွေက ကျုပ်တို့အမျိုးအကြောင်း သိချင်လို့ရှိရင် ဘာမှမေးလို့မရဘူး၊ဒကာမကြီး မဒေါင်းပဲအကုန်သိတာ၊ ကဲ..ကဲ သိချင်တာတွေ ရောက်တုန်းမေးထားကြ” ဆိုပြီး အ ဖွားဒေါ်အေးရီရယ်၊ ကျွန်တော်တို့အဖွားရယ် ဆွေမျိုးတစ်သိုက် စကားလက်ဆုံ ကျနေပြီဆိုရင် ဆရာတော်က ပြုံးပြုံးကြီး ထိုင်ခုံပေါ်ကနေ နားထောင် နေလေ့ရှိပါတယ်။ ကျွန်တော်ဒီ နိုင်ငံကိုထွက်မလာခင်မှာလဲ ဆရာတော်က ဆုံးမစကားတွေတဝကြီးပြောလိုက်ပါသေးတယ်။ဆရာတော့်အကြောင်းတွေက ပြော ပြရင် ကုန်နိုင်ဖွယ်မရှိပါဘူး။နောက်ဆုံးအချိန်အထိ ဆရာတော်ဟာ အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ ကျွန်တော်တို့အဖွားကို သတိတရ ရှိပုံလေးနဲ့ပြောရရင် ပြီးခဲ့တဲ့ နှစ်လလောက်က(နှစ်ဆန်းပိုင်းလောက်က) ဆရာတော်ဟာ အိပ်ယာထဲ လဲနေပြီ၊သတိရတချက် မရတချက် ဖြစ်နေပြီဆိုတာ အိမ်နဲ့ဖုန်းပြောတိုင်း ပြောပြလို့ စိတ်မကောင်းဖြစ်ရပါတယ်။ အဲ ဆရာတော်သတိရချိန်မှာ “ဒကာမကြီး မဒေါင်း နေကောင်းရဲ့လား၊ရှိကောရှိသေးလား သွားကြည့်ကြစမ်း” ဆိုပြီးခိုင်းလို့ အတွင်းရေးမှူး ဦးတင်အေး နဲ့ ဘုန်းကြီးတစ်ပါးသတင်းလာမေးကြကြောင်း အိမ်က ပြောလို့ သိလိုက်ရချိန်မှာ ဆရာတော်ရဲ့ မေတ္တာကြီးမားပုံကို အထူးပင် ကြည်ညိုလိုက်မိပါတော့တယ်။ ဆရာတော်ကြီး၏ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ် တို့ကို ဘုရားတပည့်တော် အဝေးမှနေ၍ ရှိခိုးပူဇော်လိုက်ရပါသည်ဘုရား။
ဓါတ်ပုံများကို ကသစ်ဝိုင်ဓမ္မရိပ်သာ ဘလော့မှ ရယူပါသည်။
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Thursday, March 19, 2009

ကသစ်ဝိုင် ဆရာတော်ကြီး ပျံလွန်တော်မူခြင်း

ကျွန်တော်၏ ဘကြီးဘုန်းကြီး...ကျွန်တော်ရဟန်းဝတ်ဖြင့် ရိပ်သာကို နှစ်ကြိမ်တိုင်တိုင် တရားစခန်းဝင်စဉ် ဥပဇ္ဈာယ်ဆရာတော် ဖြစ်တော်မူသော ပဲခူးမြို့၊အောင်မင်းခေါင်ကုန်းမြေ ကသစ်ဂိုင် ဓမ္မရိပ်သာ၏ ကျေးဇူးတော်ရှင် ဘဒ္ဒန္တပဒုမ ဆရာတော်ဘုရားကြီး ဘ၀နတ်ထံပျံလွန်တော် မူသွားခဲ့ပြီဖြစ်ကြောင်း ကြားသိရ၍ အထူးနှမျော ဝမ်းနည်းမိပါကြောင်း......
ပဲခူးတိုင်း၊ ပဲခူးမြို့ ။ အောင်မင်းခေါင်ကုန်းမြေ ကသစ်ဝိုင် ၀ိပဿနာဓမ္မ ရိပ်သာကြီး၏ ဦးစီးပဓါန နာယက ဆရာတော်ဖြစ်တော်မူသော ကျေးဇူးတော်ရှင် ဘဒ္ဒန္တပဒုမ ဆရာတော်ဘုရားကြီး သည် ယနေ့  မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ်၊ တပေါင်းလပြည့်ကျော် (၉)ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ မတ်လ (၁၉)ရက်၊ ကြာသပတေးနေ့ ၊ ညနေ ၄ နာရီ၊ ၂၀ မိနစ်တွင် ဘ၀နတ်ထံပျံလွန်တော်မူသွားခဲ့ပြီဖြစ်ကြောင်း ရိပ်သာမှ အကြောင်းကြားခဲ့ပါတယ်ခင်ဗျား။ဆရာတော်ကြီး၏ နောက်ဆုံး အန္တိမဈာပနကို မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ်၊ တန်ခူးလဆန်း (၂) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ မတ်လ (၂၇)ရက်နေ့ ၊ သောကြာနေ့  တွင် စီရင်ကျင်းပ မည် ဖြစ်ကြောင်း လည်း သိရှိရပါတယ်။
ကသစ်ဝိုင်ဓမ္မရိပ်သာ မှ တဆင့်ဖေါ်ပြပါသည်။





Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Wednesday, March 18, 2009

“ ကြုံဘူးပေါင် ဂုဏ်ထူးဆောင် အမောင်မင်းတို့ရယ် ”

အရှင်မေတ္တာစာရဘလော့မှ

ကျောင်းထိုင်ဘုန်းကြီးအလိုရှိသည်….။
တင်ပြီးသားပို့စ်ကို ဘယ်လိုအကြောင်းနဲ့မှ ပြန်မဖြုတ်သွားနိုင်ဘူး။ မီးမောင်းထိုးပြတာ။ တစ်ဘက်သတ်လုပ်နေကြတာကို စိတ်နာတယ်။နအဖ၊ မဟန၊ အတိုက်အခံ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မူစလင်၊ ဟိန္ဒူ စတဲ့သူတွေ အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် မမျှမတ ပြောဆိုနေကြတာပဲ။အချစ်ခံရဖို့အရေး ဘက်လိုက်စရာ ဆန္ဒမရှိ၊ လူအများအတွက် အမုန်းခံရဖို့အရေးပဲ ဆန္ဒရှိတယ်။ အားကိုးနဲ့ လုပ်နေကြတဲ့သူတွေထဲမှာ ငါမပါ။ ဒါပဲ။
ဖင်လန် နိုင်ငံ၊ နယ်သာလန် နိုင်ငံနှင့် ဒိန်းမတ် နိုင်ငံ တွင် ရောက်ရှိနေသော ဗမာလူမျိုးအချို့၏ သားသမီးများအား ၃၈ ဖြာ မင်္ဂလာ တရားတော်များ၊ ယဉ်ကျေးမှု့အလေ့အထများ၊ ဗမာစာပေ သင်ကြားပေးရန် နှင့် အခါကြီး ရက်ကြီးများတွင် ဥပုသ်သီလ ပေးရန်အတွက်တို့ ဖြစ်သည်။ လျှောက်ထားသော ရဟန်းသံဃာတော်သည်အကျင့်စာရိတ္တ ဝိနည်းသိက္ခာနှင့် အညီ ကျင့်ကြံသည့် ရဟန်းဖြစ်ရမည့်အပြင် မြန်မာနိုင်ငံတွင် လက်ရှိမတရားအုပ်ချုပ် ဖိနှိပ်နေသော စစ်အစိုးရမှ ပေးအပ်ထားသည့် ဘွဲ့ သို့မဟုတ် ဂုဏ်ထူးဆောင် ဆု တခုခုကို လက်ခံထားသော ရဟန်းမျိုးမဖြစ်ရပါ။ထို့အပြင် လိင်တူဆက်ဆံခြင်း၊ မာတုဂါမ နှင့် ဖောက်ပြားလော်လီသော စရိုက်မျိုးရှိသည့် အလဇ္ဇီသံဃာများ မျိုးမဟုတ်ရပါ။ ဖန်လန်နိုင်ငံအတွင်းနှင့် နယ်သာလန်နိုင်ငံ များ အတွင်းတွင် ပြည်တွင်း ခရီးသွားလာနိုင်သည့် ကျန်းမာရေးမျိုး ရှိရပါမည်။လစာအား စကင်ဒီနေဗီးယန်းနိုင်ငံများတွင် သာသနာရေး ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ၏ လစာကဲ့သို့ ပေးပါမည်။ ထို့အပြင် တစ်နှစ်တွင် ခွင့် (၄) ပါတ် ရရှိပါမည်။ စိတ်ဝင်စား လျှောက်ထား လိုပါက အောက်ဖော်ပြ ဖုန်းနံပါတ်များသို့ ဆက်သွယ် လျှောက်ထား နိုင်ပါသည်။

ဖင်လန်နိုင်ငံ
ကိုသန့်ဇင်ထွန်း (+၃၅၈ ၅ဝ၅၇၂၁၆၃ဝ)
ကိုကျော်ကျော်ဌေး (+၃၅၈ ၄ဝ၉၆၁၂ဝ၉ဝ)
ကိုရွှေလှ (+၃၅၈ ၄ဝ၄၁၁၆ဝ၆၇)
ကိုငြိမ်းချမ်းအောင် (+၃၅၈ ၄၄ဝ၈၈၈ဝ၁၆)
နယ်သာလန်နိုင်ငံ
ကိုထွန်းထွန်းဦး ( +၃၁ ၂၅၁၂၇၃ဝ၈၈)
ကိုထွန်းအောင် (+၃၁ ၂ဝ၃၄ ၅၅၅၉၄)
ဒိန်းမတ်နိုင်ငံ
ကိုတေဇသူရ (+ ၄၅ ၅၃၁၅၆၄၃၉)
ကိုအောင်စိုး (+ ၄၅ ၉၆၃၅ဝဝ၉၈)
ကိုချိုငြိမ်း (+ ၄၅ ၃၁၅ဝ၉၂၅၂)

ပထမဦးဆုံး အရှင်မေတ္တာစာရရဲ့ စာပုဒ်ကို နားမလည်တာပါဘဲ။ဤအရှင် ဘယ်အကြောင်းနဲ့ ဒီပို့စ်ကို တင်သည်မသိ။အဘယ်အကြောင်းကြောင့် ဤစာပုဒ်များကို ထပ်ဖြည့်သည်မသိ။ကျွန်နိုပ်သည်ကား အရှင်မေတ္တာစာရ သည် ဘလော့ဂါဆုရှင် ၊ ဒီမိုကရေစီကို တန်ဘိုးထားသူ၊ ထေရဝါဒ ရဟန်းတော်တစ်ပါး။ ဒီလိုပဲသိထားခဲ့ပါတယ်။ဤအရှင်ရဲ့ ဘလော့သည် လည်း အဘိုးတန်စာများဖြင့် ပြည့်စုံလှ၍ လွန်စွာ ကြည်ညိုခဲ့ရပါတယ်။ အခုတော့ ဒီပို့စ်ဟာ အွန်လိုင်းပေါ်မှာ ယောက်ယက်ခတ်စရာ ဖြစ်တော့တာပါပဲ။ ဒုတိယကတော့ ထပ်ဆင့် ကြော်ငြာပေးတဲ့ မိုးသီးဇွန် ဘလော့ကိုနားမလည် တာပါပဲ။ ပြီးပြီးရောနိုင်လှတဲ့ ဒီဘလော့ကလဲ ဘလော့ဂါ ဆုရှင်ပါပဲ။ စဉ်းစားဥာဏ် ကင်းမဲ့လွန်းတဲ့ ဒင်းတို့တစ်တွေဟာ ဗုဒ္ဓဘာသာအကြောင်း ကောင်းကောင်း နားမလည်လို့ပဲလား၊ ထေရဝါဒ ရဟန်းတွေရဲ့ အကျင့်သီလနဲ့ သိက္ခာပုဒ်တွေကို တကယ်မသိလို့ပဲလား။ “ဖွ” ကြီးသက်သက်ပွဲဆူအောင် ဖွချင်လို့လား။ တတိယကတော့ ဘုန်းကြီးပင့်ချင်ကြတဲ့ အနှီပုဂ္ဂိုလ် များပါပဲ။ ကျောင်းထိုင် ဘုန်းကြီးတစ်ပါးကို နေ့ကလေးထိန်းဆရာများ ထင်နေကြသလား မသိပါဘူး။ ဘယ်အမိ ဘယ်အဖက မွေးလို့ ဘယ်အရပ်မှာကြီးပြင်းလာကြတာလဲ လို့ မေးချင်ပါတယ်။ မင်းတို့လုပ်ရပ် ကို ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများထံမှာ ပြန်ပြီး ဝန်ချတောင်းပန်သင့် ကြောင်း၊ ဘုန်းကြီးပင့်တာနဲ့ပတ်သက်ပြီး မင်းတို့ဗဟုသုတ ရစေရန် ဘုန်းဘုန်းဘလော့ ကို သွားဖတ်ကြဖို့ လမ်းညွှန်လိုက်ပါတယ်။ဆင်းရဲနဲ့ငရဲ ကင်းအောင် နေတတ်ကြပါစေ။

ဖတ်ကြည့်ချင်သေးလား....

Monday, March 16, 2009

“သခင်မျိုးဟေ့...”

မာနထောင်ကာ
မောက်ကြွားတာလဲ...
သခင်မျိုးဟေ့...ဒို့မြန်မာ။
အချင်းချင်းလျှင်
ရန်မူချင်သည်
သခင်မျိုးဟေ့...ဒို့မြန်မာ။
သူ့လူကိုယ်လူ
သွေးခွဲသူလည်း
သခင်မျိုးဟေ့...ဒို့မြန်မာ။
နေရာတကာ
စွာကြယ်တာလဲ
သခင်မျိုးဟေ့...ဒို့မြန်မာ။
တကယ်အရေးကြုံ
ပြေးပုန်းရုံသာ
ခေါင်းရှောင်တတ်တာ..ဒို့မြန်မာ။
ကဲ့ရဲ့လွန်ကဲ
ချီးမွမ်းနည်းသည်
ဝန်တိုတတ်တာ...ဒို့မြန်မာ။
မုဒိတာမပွား
မေတ္တာမထား
ပြိုင်ဆိုင်ချင်တာ...ဒို့မြန်မာ။
ကိုယ်ဘို့သာကြည့်
တစ်ဘို့ထဲရှိ
တစ်ကိုယ်ကောင်းစိတ်ထားတာ...ဒို့မြန်မာ။
ငါးခုံးမတစ်ကောင်ကြောင့်
တစ်လှေလုံးပုတ်
သိက္ခာဆုံးတာ....ဒို့မြန်မာ။
......
....သခင်မျိုးဟေ့...ကြွေးကြော်တတ်တာ
အဲဒါ...ရွှေမြန်မာ။
ဝန်ခံချက်...(အင်မတန်ရှက်ဖို့ကောင်းသော ကိုရီးယားသတင် စာပါသတင်းတစ်ပုဒ်ကြောင့် ဒါ...ဒို့မြန်မာလို့..ကြွေးကြော်လိုက်တာပါ...)အပြည့်အစုံသို့...
Summary

Rest of your post


ဖတ်ကြည့်ချင်သေးလား....

Monday, March 9, 2009

လေယာဉ်ပျံလက်မှတ်ရရင် မြန်မာပြည်ပြန်မယ်.....


ဒီအပတ်တနင်္ဂနွေမှာ ဒေဂူးမြို့ရှိ မြန်မာ အလုပ်သမားများကို ဝါသနာ အရင်းခံ၊စေတနာထားကူညီပေးနေသူ မြန်မာလူငယ်တစ်ဦးနဲ့ တွေ့ဆုံ စကားပြောဖြစ်ခဲ့ပါတယ်။ ပြောကြတဲ့အကြောင်းကတော့ မြန်မာပြည် ပြန်ကြတဲ့ အလုပ်သမားတွေ လေယာဉ်လက်မှတ်ကို ရွှေအင်အား (အေဂျင်စီ)မှ တစ်ချိန်က လစာငွေထဲက နုတ်ယူထားခဲ့တော့ လေယာဉ် လက်မှက် ပြန်ရရေး တောင်းယူတဲ့အခါ ဒေါ်လာဈေး တက်လို့ ဆိုပြီး အလုပ်သမားထံမှ ဝမ်တစ်သိန်းခွဲခန့် ထပ်တောင်းနေတဲ့ပြဿနာ အကြောင်းပါဘဲ။အားလုံးသော ရွှေညီအကိုတွေ ဗဟုသုတ ရစေရန် တင်ပြလိုက်ရပါတယ်။
မေး=တစ်ချိန်က မြန်မာအလုပ်သမားတွေကို (ရွှေအင်အား) ကနေ လေယာဉ် လက်မှတ်ဘိုး ဝမ်း(၅)သိန်း လစာငွေထဲက လစဉ် ဖြတ်ယူခဲ့တယ် အခုလေယာဉ်လက်မှတ်တောင်းတော့ ထပ်ပြီးဝမ်တစ်သိန်းခွဲလောက် ပေးရပြန်တယ်ဗျာ။ အဲဒါနဲ့ပတ်သက်ပြီး အကိုသိသလောက် ပြောပါဦး။
ဖြေ=ဟုတ်ပါတယ်။ဟိုအရင်က(ထွန်းဦး) ကတော့ပြန်ခါနီးမှ လုပ်သက် ဆုငွေ (퇴직금)နဲ့အတူ လေယာဉ်လက်မှတ်ဘိုးပါတစ်ပါတည်း တောင်းယူခဲ့တယ်အခု(ရွှေအင်အား) ကတော့ လုပ်ခလစာထဲကဖြတ်ယူ လိုက်ပါတယ်။
မေး=ကျွန်တော့်အမျိုးတစ်ယောက် ပြီးခဲ့တဲ့လကမြန်မာပြည် ပြန်တော့ ဒေါ်လာဈေး အကြောင်းပြပြီး လေယာဉ်လက်မှတ်ဘိုး ဝမ်တစ်သိန်းခွဲ ထပ်တောင်းတာ ခံလိုက်ရပါတယ်။ အဲဒီတော့ လေယာဉ် လက်မှတ်ဘိုးက ဝမ်ခြောက်သိန်းခွဲ လောက်ဖြစ်သွားတယ်။လေယာဉ်လက်မှတ်ဘိုး အမှန် ဘယ်လောက်လဲ သိရင်ပြောပါ။
ဖြေ= ပြီးခဲ့တဲ့ အပတ်က မြန်မာပြည်ပြန်တဲ့အလုပ်သမားတစ်ယောက် ကို TG လေယာဉ်၊(ဘန်ကောက် ပြောင်းစီး) ကို ဝယ်ပေးလိုက်တာ ဝမ်၅သိန်း၃သောင်းပဲ ပေးရပါတယ်။
မေး=သူတို့ဖြတ်ယူခဲ့တဲ့ လေယာဉ်လက်မှတ်ဘိုးငွေကို ကိုယ့်ဖာသာ တောင်းယူလို့ရပါသလား။
ဖြေ=ရပါတယ် 삼성화제 မှာတောင်းယူရပါတယ်။
မေး=ခက်လို့များမတောင်းကြတာလား။မတောင်းတတ်လို့လား။နည်းလမ်း မသိလို့လား၊အကို ဘယ်လိုထင်လဲ။
ဖြေ=နည်းလမ်းမသိတာလဲဖြစ်နိုင်ပါတယ်။“မျက်ဖြူဆိုက်လေ-ဆရာကြိုက်လေ” စကားပုံလဲရှိတယ်။တစ်ခုခုတော့မှန်မှာပါ။
မေး=ကောင်းပြီ၊ကိုယ်တိုင်တောင်းယူနည်းလေး မျှဝေပေးပါလားဗျာ။
ဖြေ=ကိုရီးယားမှာရောက်နေတဲ့ ကိုယ့်မြန်မာလူမျိုးအချင်းချင်း ယိုင်းပင်း ကူညီချင်စိတ်ရှိသူ တော်တော်များများရှိပါတယ်။တစ်ခုရှိတာက ထစ်ခနဲ ဟေ့ဆို အေဂျင်စီ တစ်ခုထဲ ကိုပဲ ယုံမှတ်အားကိုးနေရင်တော့ တစ်သက်လုံး လုပ်စားခံနေရမှာပါပဲ။ အခကြေးငွေမယူပဲ ကူညီနေတဲ့ အဖွဲ့အစည်းတွေကိုချည်းကပ်တတ်ဖို့ မျက်စိဖွင့်နားဖွင့်ကြပါလို့ ဦးစွာပြောချင်ပါတယ်။ကိုယ်တိုင်တောင်းယူနည်းက မခက်ပါဘူး။ဒီလိုပါ-
(၁) မိမိပိုက်ဆံဖြင့်အရင်ဆုံးလေယာဉ်လက်မှတ်ဝယ်ထားရပါမယ်။
(၂) 고용지원센터 (အလုပ်သမားရုံး) အနီးဆုံးမြို့နယ်မှာရှိသော အလုပ်သမားရုံးကိုသွားပြီး တီကဒ်+နိုင်ငံကူး လက်မှတ်+လေယာဉ်လက်မှတ်ပြပြီး ထွက်ခွာခွင့်မှန်ကန်ကြောင်းထောက်ခံစာ ရယူပါ။ ပြောရမဲ့စကားက “출국예정 확인서 해주세요.”
(၃) 삼성화제 ကို အလုပ်သမားရုံးကထောက်ခံစာ(출국예정사실 확인서) + 통장 (Bank account number) copy ပို့ပေးပါ။
(၄)ဖုန်းခေါ်ပြီး စာရွက်ရောက်မရောက် မေးပါ။ ဖုန်း 02-2119-2400 ဖက်စ် 02-755-2149 ရောက်ပြီဆိုရင် နောက်နေ့ ကိုယ့် Bank account ထဲကိုငွေရောက်လာပါလိမ့်မယ်။ ကဲ ဘာမှမခက်တဲ့ ကိစ္စကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရေး သတင်းပေး လိုက်ပါတယ်။ရွှေမြန်မာအပေါင်း “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်း ကြပါစေ”


ဖတ်ကြည့်ချင်သေးလား....

Saturday, March 7, 2009

တိုက်ပွဲ


ဘဝလှိုင်းလုံးတွေ
သောကမုန်တိုင်းတွေ
ဒုက္ခပင်လယ်တွေ
ကြေကွဲ မျက်ရည်တွေ
...တွေ
...တွေ
....တွေ...အားလုံး...
ဘယ်တော့များကုန်ဆုံးမလဲ...။
(အခုအထိတော့.... )
အတုန်းအရုံးလဲပြို
“ ပွဲ ” ..ကတော့ မပြီးသေးဘူး
သူရဲကောင်းနောက်တစ်ဦးရှိနေသ၍ပေါ့....။

ဖတ်ကြည့်ချင်သေးလား....

Friday, March 6, 2009

မောရသုတ်

မောရသုတ်ပရိတ် တရားတော် နာကြားပါဦး



၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။ယေန သံဝိဟိတာရက္ခံ၊ မဟာသတ္တံ ဝနေစရာ။
၂။ စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။''ဗြဟ္မမန္တ''န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၁-၂။ သဗ္ဗညုတဉာဏ်တော်၏ အခြေခံအဆောက်အဦ ဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်တော်မူစဉ်အခါ ဥဒေါင်းမျိုး၌ ဖြစ်တော်မူခိုက် ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤမောရပရိတ်ဖြင့် မိမိကိုယ်ကို ဘေးအန္တရာယ် ကင်းအောင် စီရင်ထားလေသည်။ မုဆိုးတို့သည် ဘုရား အလောင်းဥဒေါင်းမင်းကို ဖမ်းယူရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြသော်လည်း ဖမ်း၍ မရနိုင်ကြကုန်၊ ဤ မောရ ပရိတ်ကို မြတ်သော မန္တရားဟူ၍ပင် မြတ်စွာဘုရား ဟောကြားခဲ့၏။ယခုအခါ ဤမောရပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြကုန်စို့။
၃။ ဥဒေတ'ယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊တယာ'ဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။
၃။ နေမင်းသည် လူတို့၏ မျက်စိသဖွယ်လည်းဖြစ်၏၊ ပြိုင်ဘက်ကင်းသော မင်းလည်းဖြစ်၏၊ ရွှေအဆင်းနှင့်တူသော အဆင်းလည်းရှိ၏၊ မြေပြင်တစ်ခုလုံးကို ထွန်းပသော အလင်းရောင်လည်းရှိ၏၊ ယခု ဤနေမင်းသည် တက်လတ်ပေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ ထွန်းလင်းတောက်ပသော ဤနေမင်း ကို ရှိခိုးပါ၏၊ ရိုသေပါ၏။ ယနေ့တစ်နေ့လုံး အသင်နေမင်း၏ အစောင့် အရှောက်ကို ခံယူပြီး ကျွန်ုပ်နေပါအံ့။
၎။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊တေ မေ နမော' တေ စ မံ ပါလယန္တု။နမတ္ထု ဗုဒ္ဓါနံ' နမတ္ထု ဗောဓိယာ။နမော ဝိမုတ္တာနံ, နမော ဝိမုတ္တိယာ။ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။
၎။ မြတ်စွာဘုရားတို့မည်သည်မှာ မကောင်းမှုဟူသမျှကို အပပြုကုန်ပြီးဖြစ်၏၊ တရားအားလုံးကို သိမြင်တော်မူကြ ပြီးဖြစ်၏၊ ထိုဘုရားရှင်တို့အား ကျွန်ုပ် ရှိခိုးပါ၏။ ထို ဘုရားရှင်တို့ကလည်း ကျွန်ုပ်ကို စောင့်ရှောက်ကြပါစေကုန် သတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတ ဉာဏ်တော်အားလည်း ရှိခိုးပါ၏။ ကိလေသာမှ ကင်းလွတ် ကုန်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ အရဟတ္တဖိုလ်တရား အားလည်း ရှိခိုးပါ၏။ ဦးညွတ်ပါ၏။ဤသို့လျှင် ဘုရားလောင်း ဥဒေါင်းမင်းသည် ပရိတ် အရံအတားကို ပြုပြီးမှ အစာရှာထွက်လေ၏။
၅။ အပေတ'ယံ စက္ခုမာ ဧကရာဇာ၊ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ၊တယာ'ဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
၅။ နေမင်းသည် လူတို့၏ မျက်စိနှင့်တူ၏၊ မြတ်သောမင်းလည်းဖြစ်၏၊ ရွှေ အဆင်းအရောင်လည်းရှိ၏၊ မြေပြင်၌လည်း ထွန်းလင်းတောက်ပ၏၊ ဤနေမင်း သည် ယခုဝင်လေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသောမြေပြင်၌ တောက်ပသော အရောင်ရှိသော ရှင်နေမင်းကို ဦးညွတ်ရှိခိုးပါ၏၊ ယခုတစ်ညဥ့်လုံး အရှင်နေမင်း ၏ အစောင့်အရှောက်ကို ခံယူ၍ ကျွန်ုပ်နေပါအံ့။
၆။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊တေ မေ နမော, တေ စ မံ ပါလယန္တု။နမတ္ထု ဗုဒ္ဓါနံ, နမတ္ထု ဗောဓိယာ၊ နမော ဝိမုတ္တာနံ, နမော ဝိမုတ္တိယာ။ဣမံ သော ပရိတ္တံ ကတွာ၊မောရော ဝါသ' မကပ္ပယိ။
၆။ မကောင်းမှုဟူသမျှကို ဖယ်ရှားပြီး တရားအလုံးစုံကို သိတော်မူကုန်သော ဘုရားရှင်တို့အား ဦးညွတ်ရှိခိုးပါ၏။ ထို ဘုရားရှင်တို့သည် ကျွန်ုပ်ကို စောင့်ရှောက်ပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော အရိယာ ပုဂ္ဂိုလ်တို့အား လည်းကောင်း၊ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်အား လည်းကောင်း၊ ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တို့အား လည်းကောင်း၊ အရဟတ္တဖိုလ် တရားတော်အား လည်းကောင်း ကျွန်ုပ်ရှိခိုးပါ၏။ ဦးညွတ်ပါ၏။ဤသို့လျှင် ဥဒေါင်းမင်းသည် ပရိတ်အရံအတားကိုပြု၍ ညဥ့်အခါ၌ နေလေ၏။(တရားတော် မြန်မာပြန်ကို ဒီက ထပ်ဆင့်ကုသိုလ်ပြုပါသည်)
မောရသုတ် မြန်မာပြန် ပြီး၏။

Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Thursday, March 5, 2009

ပွင့်သောပန်းတိုင်း မွှေးပါစေ

ဖြစ်ပုံကဒီလို…
မဂ္ဂဇင်းစာအုပ်အပ်ရန် ကျွန်တော် အိမ်က ထွက်အလာ၊ လမ်းမှာ အဲဒီ ကောင်မလေးကို တွေ့တော့ ခေါ်လိုက်တာပေါ့၊ ကိုယ့်ရုံးကဝန်ထမ်းအသစ်လေ…။ ဆေးခန်းလာတာဆိုပဲ။သွားကိုက်လို့တဲ့။ တော်တော်ခံစားနေရတယ်ထင်တယ်။ နီးစပ်ရာဆေးခန်းကိုလမ်းညွှန်လိုက်ပါတယ်။ ကောင်မလေးက ကျွန်တော်တို့ရပ်ကွက်ထဲက ဘော်ဒါဆောင်မှာ နေပြီး ရုံးတက်တာတဲ့။ သူပြောပြလို့နေတဲ့ အိမ်ကို သိလိုက်တာပါ။
အဲ…နောက်တစ်နေ့မနက် ရုံးမှာ ပွက်လောရိုက်သွားတာပဲ။


မနေ့က တွေ့တဲ့ကောင်မလေး ဆေးရုံတင်ထားရကြောင်း၊အခြေအနေမကောင်း ကြောင်း၊အုပ်ထိန်းသူ မရှိ၊ ကူညီမဲ့သူမရှိလို့ ဆေးဖိုးပိုက်ဆံကအစ အခက် တွေ့နေကြောင်း၊ဒီရုံးက ဝန်ထမ်းလို့ ဆေးရုံမှာ ပြောထားလို့ ရုံးကို အကြောင်းကြားတာ ဖြစ်ကြောင်း၊ဝန်ထမ်းတွေကလဲ တစ်ယောက် တစ်ပေါက်ဝေဖန်သံတွေနဲ့ အဲဒီနေ့မနက်က ဆူညံနေတာပေါ့။
ကျွန်တော်တို့ဌာနအကြီးအကဲကလဲ ရုံးချုပ်သွားနေ၊ကျန်တဲ့အရာရှိကလဲ မဆုံးဖြတ်ရဲ၊ခက်တာက အဲဒီကောင်မလေးက လုပ်အားပေးဝန်ထမ်း အဆင့်ပဲ ရှိသေးတာ။အလုပ်ဝင်တာမှ နှစ်ရက်သုံးရက်၊ ဘော်ဒါဆောင်က ရုံးတက်၊ ကျွန်တော်တို့ရုံးက တာဝန်ယူဖို့က ခပ်ခက်ခက်…။
ဘာကြောင့်လဲဆိုတော့…..အကြောင်းစုံကို ဆေးရုံကိုလိုက်သွားမှ သိတာလေ….။
ကောင်မလေးကသနားပါတယ်…။လူနာခန်းထဲမှာ မဟုတ်ဘူး။သီးသန့်ခန်း ထဲမှာမဟုတ်ဘူး။ အတက်အဆင်းလှေကားရဲ့ အောက် ချောင်လေးမှာ လိုက်ကာ ကာထားပြီး ပြီးစလွယ် ပစ်ထားကြတယ်..။
မေးခိုင်ရောဂါပိုး ဝင်လို့တဲ့….
အခြေအနေမကောင်းတော့ဘူးတဲ့..။
သူ့မိဘဆွေမျိုးတွေဆီ အကြောင်းကြားဖို့ ပြောတယ်..။ကျွန်တော်တို့ အားလုံး ခေါင်းမီးတောက်တော့တာပေါ့…။ ကဲ..သူ့မိဘက ဘယ်ကလဲ။ ဘယ်မှာနေတာလဲ။ဘယ်လိုဆက်သွယ်ရမလဲ။လူနာကို မေးဖို့ဆိုတာ ကလဲ မေးခိုင်နေပြီ။ လေလုံးမကွဲတော့တဲ့ အသံကို ဘယ်လို နားလည်မှာလဲ။ ကျွန်တော်တို့ အားလုံးထဲမှာ ဆေးရုံက ဆရာဝန်ကို ဝင်တွေ့ခဲ့တဲ့ စီမံရေးရာဌာနက အမရဲ့မျက်နှာဟာ အံ့သြတုန်လှုတ် မှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေ အပြည့်ပါပဲ၊“ဖြစ်မှဖြစ်ရတယ်… လုပ်ရက်လိုက်တာ” လို့တော့ပြောနေသံ ကြားနေရတယ်။လူကြားထဲမို့ မမေးပဲ နေလိုက်ကြတယ်။ အဲဒီအမက “လာ…သူ့အဆောင် သွားကြရအောင်” တဲ့..။
ကျွန်တော်တို့လဲ သူ့နေခဲ့တဲ့ အဆောင်ကိုရောက်တော့ အဆောင်တာဝန် ရှိသူက လမ်းထိပ်က ဆိုက်ကားသမားကို သွားခေါ်ပေးတယ်။မေးစရာရှိ တာ သူ့ကိုမေးပါတဲ့…။
“ကျွန်တော့်ဆိုက်ကားနဲ့ ဆေးခန်းသွားနေကျပါ…အပြင်သွားလဲ ကျွန်တော့်ဆိုက်ကားပဲ ခေါ်နေကျဆိုတော့ အဲဒီအစ်မလေး နဲ့ခင်နေပါပြီ။ အဲ..ဆေးရုံသွားတဲ့နေ့က အစ်မလေးက သွားအရမ်း ကိုက်တယ် လို့ပြောတယ်.. ကိုယ်ပူတယ်ဖျားတယ်..ဆေးရုံ လိုက်ပို့ပါ၊ဆေးခန်းနဲ့ မရတော့ဘူးလို့ပြောတယ်။ဆေးရုံရောက်တော့ ပြင်ပလူနာဌာနမှာ ပြပြီး ဆရာဝန်တွေ သူနာပြုတွေက သူ့ကို ဝိုင်းဆူနေကြတာ၊ကျွန်တော်က အပြင်မှာစောင့်နေတာလေ….”
“ပြီးတော့ ကျွန်တော့ဆီကို ရောက်လာတယ်။ဆေးရုံတက်ဖို့ လက်မှတ် ထိုးရမယ်တဲ့။ကျွန်တော်က သူ့ကို လိုက်ပို့တဲ့ဆိုက်ကားသမားပါ။ဘာမှ မသိပါဘူးလို့ပြောတာပေါ့။…ဒါဆို သူ့ကို ဘယ်လိုလုပ်မလဲတဲ့..။အခု အရေးပေါ်တင်ရတော့မယ်။သူ့မိဘတွေကော…ဆိုတော့အဲဒီအစ်မလေးက အဆောင်မှာနေတာပဲ သိတယ်လို့ ပြောလိုက်တယ်…”
“ဒါပေမဲ့ဗျာ…ပြောပြောဆိုဆို အစ်မလေးက ဆေးရုံကုတင်ပေါ်မှာ တင်ပဲ အဖျားတက်လာပြီး သတိမေ့သွားတယ်..။ဒါနဲ့ ကျွန်တော်လဲ ကိစ္စပြီး ပြီးရော ဆိုပြီး လက်မှတ်ထိုးပေးလိုက်တယ်…သနားလို့ပါဗျာ”
အဆောင်ပိုင်ရှင်ပြောတာက
“ကျွန်မတို့ အဆောင်ကို လာနေတာ မကြာသေးပါဘူးရှင်..။အရင်က ရန်ကုန်မှာ အဆောင်နေတယ်ပြောတယ်။ တက္ကသိုလ် ကျောင်းပြီးတော့ အမကြီးတို့ ရုံးမှာ အလုပ်ရတယ်ပြောပါတယ်။ အဖေ မရှိတော့ဘူးတဲ့။အမေကလဲ ကျန်းမာရေးမကောင်းဘူးရောဂါသည်တဲ့။ ပြီးတော့ ညီမတစ်ယောက်ရှိတယ်ဆိုပဲ။ညီမလေးကလဲ သူ့အပြောအရ သနားစရာလေးပါ…။မွေးရာပါပိုလိုယိုရောဂါသည်လေးတဲ့။ဒီခလေးမလေးပဲ အကုန်တာဝန်ယူနေရဆိုပဲ။အမကြီးတို့ရုံးမှာ အလုပ်ရတော့ သူ့ခမျာ ဝမ်းသာနေရှာတာ။ ခရမ်းမြို့ ကနေ တစ်ယောက်ထဲ လာနေတာ။ ဆွေမျိုးလဲ မရှိဘူးထင်ပါတယ်ရှင်”
မေးစရာရှိတာတွေ ပြည့်ပြည့်စုံစုံ မေးပြီး ကျွန်တော်တို့အဖွဲ့ ရုံးပြန်အလာဆေးရုံမှာ ကောင်မလေးဆုံးပြီဆိုတဲ့ သတင်း ကြားလိုက်ရပါတယ်။
ဖြစ်မှဖြစ်ရပလေကွယ်…
ကျွန်တော် ပြောချင်တာကတော့ မိန်းခလေးတွေ အုပ်ထိန်းမှုလွတ်ပြီး အပြင်လောကမှာ စီးပွားရှာကြတယ်ဆိုရာမှာ လွတ်လပ်မှုနဲ့သတိ တရား လေးကို အမြဲယှဉ်တွဲ ထားသင့်တယ် ထင်တယ်။ ငါဟာမိန်းခလေးဆိုတဲ့ အသိတရားကို မေ့ပြီး ပျော်ချင်သလိုပျော်။လွတ်ချင်သလို လွတ်နေခဲ့ရင် နောက်ဖြစ်လာမဲ့ ပြဿနာတွေဟာ ဖြေရှင်းရ ခက်သွားတတ်ပါတယ်..။ အခု ဖြစ်ရပ်ထဲက မိန်းခလေးဟာ အပြင် ဘော်ဒါဆောင်မှာနေ၊ စီးပွားရှာ၊လွတ်လွတ်လပ်လပ်နေချင်သလိုနေခဲ့၊ ချစ်သူ နဲ့ လွန်ကျူးခဲ့ပြီး တာဝန်မယူခဲ့တဲ့ ချစ်သူကြောင့် ကိုယ်ဝန် ဖျက်ချရင်း မေးခိုင်ရောဂါနဲ့ သေဆုံးခဲ့ရတာပါ။ တကယ်ဖြစ်ရပ်လေးတစ်ခုပါ။ကျွန်တော် မြန်မာပြည်မှာ ရုံးဝန်ထမ်းဘဝတုန်းက အတွေ့အကြုံလေးကို မျှဝေလိုက်တာပါ။ စိတ်နောက်ကိုယ်ပါ မလွန်ကြပါစေနဲ့…..။ပွင့်သောပန်းလေး မွှေးမှ တန်ဘိုးရှိပါတယ်…။

Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Thursday, February 12, 2009

”သမီးငယ်သို့ ဗာလင်တိုင်းကဗျာတစ်ပုဒ်”

အဖေ ချစ်သော..
သမီးငယ်..
ပန်းနုရောင် လွှမ်းတဲ့
ဗာလင်တိုင်း အချစ်ရက်.ရောက်တော့မယ်။

ရှက်သွေးစိုတဲ့ သမီး အမေရဲ့ပါးပေါ်က
သနပ်ခါးနံ့ သင်းသင်းလေး..သတိရတယ်။

သမီးကို ဝယ်ပေးချင်တဲ့ ..
အမွေးစုတ်ဖွားနဲ့ ဝက်ဝံရုပ်ကလေး
ဆိုင်ထက် စင်ပေါ်မှာ စောင့်နေဆဲဘဲ။

ဗာလင်တိုင်းဆိုတာ..
ချစ်သူများအတွက် အမှတ်တရနေ့ ..
ယခုထိ..ခေတ်စားနေဆဲ။

မနှစ်က ၂၀၀၈ ဗာလင်တိုင်းမှာ..
အဖေ့ အချစ်ကို ပြခဲ့တယ်..
ပြည်သူများရဲ့ အသဲနှလုံးက ဒဏ်ရာ..
ဝင်စားဝိညာဉ် နဲ့ ရေးတဲ့ ကဗျာဆရာ..
အမှန်ကို ကဗျာ ရွတ်ဆိုရေး
“ အာ နာ ရူး မှုး ကြီး သန်း ရွှေ..”
ပြခဲ့တဲ့ အဖေ့ ဘ၀နဲ့ သက်သေ..
မိသားစုထက်
မြန်မာကို ချစ်တဲ့ အဖေ့ အချစ်။
သမီးရယ် သ၀န် မတိုပါနဲ့ ။
မိသားစုကို မငဲ့ဖူး အပြစ်မတင်ပါနဲ့ ။

နှင်းဆီပွင့်ချပ် ပေါ် တင်တဲ့ ဆောင်းနှင်းစက် ထက်..
အဖေ အိပ်နေတဲ့
ထောင်သံမံတလင်းက ပိုအေးတယ်။

သမီးအမေ တစ်ယောက်ထဲရှာကြွေးနေရတဲ့
သမီးစားသော...ဆန်ကြမ်းထမင်းထက်
အဖေ့ ထောင် တမင်းကြမ်းက ပိုကြမ်းတမ်းတယ်။

အဖေ့ ထောင်အခန်းထဲက
တ ကျွိ..ကျွိ နဲ့ 
စားကြွင်းစားကျန် လာစားတဲ့ကြွက်
ညစ်ပတ်နံစော်..မစ်ကီးမောက်လို
ချစ်စရာမကောင်းဖူး။

အဖေတစ်ယောက်ထဲ
သမီးတို့ မိသားစုနဲ့ဝေးရာ..
နေနေတာ စိတ်မကောင်းမဖြစ်နဲ့ ..
သမီးနဲ့ မိသားစုထက်..
အဖေ တိုင်းပြည်ကို ချစ်တာ အပြစ်မမြင်နဲ့ ..
တနေ့  သမီးကြီးလာရင်..
အဖေ ဘာကို ဆိုလိုတာ သိမှာပါ..
အဖေ ဘာလို့ ဒီလိုလုပ်တာ သမီးနားလည်လာမှာပါ..

ချစ်သမီးငယ်..
ဒီ လောကကြီးထဲ..လူတွေက အမျိုးမျိုးရှိတယ်.။

တချို့  က ကောင်းတာ လုပ်ဖို့ ရှက်ကြတယ်။
တချို့  က မကောင်းတာ လုပ်ဖို့ ရှက်တတ်တယ်။

တချို့  က ကိုယ်အတွက်ဘဲ သိတတ်တယ်။
တချို့  က သူများအတွက်ကို ကြည့်တတ်တယ်။

တချို့ လူတွေက တသက်လုံး အယူ ဘဲ ရှိတယ်။
တချို့ လူတွေက တသက်လုံး ပေးဖို့ ဘဲသိတယ်။

အဖေ ကတော့ ဂုဏ်ယူတယ်..
ဖြစ်ခဲရ့တဲ့ ဒုတိယလူစား။
ဂုဏ်သိက္ခာနဲ့  ညစာစားတဲ့ လူသား။
သမီးလေး ရွှန်းစိမ့်စိမ့် ရဲ့ အဖေ။
အချစ်များစွာနဲ့ ကဗျာရေးသူ "စောဝေ"

မသဒ္ဓါ (၂။၂။၂၀၀၉)ကဗျာဆရာ ကိုစောဝေရဲ့ သမီးငယ် ရွန်းစိမ့်စိမ့် အတွက်။သမီးငယ်လည်း အမေ ဒေါ်အောင်ဆန်းစုကြည်လို...သမီးရဲ့ ဖခင်အတွက် ဂုဏ်ယူလိုက်ပါ။ တနေ့ နေ့ မှာ သမီးရဲ့ အိမ်ကို သမီး ဖေဖေ ပြန်လာမှာပါ။

မသဒ္ဓါ... မှ ဖေဖေါ်ဝါရီ(၁၄) ကဗျာပိုင်ရှင် “ကိုစောဝေ” နှင့် သမီးငယ်အတွက် ရေးစပ်ထားတဲ့ ကဗျာလေးကို ထပ်ဆင့်ခံစားစေဖို့ မျှဝေလိုက်ပါတယ်....။
Summary

Rest of your post


ဖတ်ကြည့်ချင်သေးလား....

Tuesday, February 3, 2009

နားလှည့်ပါးရိုက်၊မြေခွေးမိုက်နှင့် မပေါင်းသင်းစေလို

“ရွှေအင်အားက ကိုရက်ပ်စ်-မြန်မာလုပ်သားများကို ဆက်လက်စောင့်ရှောက်မည်”
ရေးသားသူ။ ကိုဝိုင်း(မိုးညှင်း)ဖေဖေါ်ဝါရီ ၃ ၊ ဆောအူးလ်မြို့ ။

ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများကို ရွှေအင်အားကုမ္ပဏီက ဆက်လက် စောင့်ရှောက် သွားမှာ ဖြစ်ကြောင်း ၊ ယခုအခါ ရွှေအင်အား အနေဖြင့် ၄င်း၏ စောင့်ရှောက်မှုကို ခံယူလိုသည့် မြန်မာ အလုပ်သမားများနှင့် အစောင့်ရှောက်ခံသဘောတူ စာချုပ်များ ချုပ်ဆိုလျက်ရှိကြောင်း သိရှိရပါသည် ။ရွှေအင်အား၏ စီမံခန့်ခွဲမှုဖြင့် ကိုရီးယားနိုင်ငံသို့ အလုပ်သင်သင်တန်းသားအဖြစ် ရောက်ရှိလာခဲ့ကြပြီး ၊ ဥပဒေအရ ကိုရက်ပ်စ်- လုပ်သားများအဖြစ် သွတ်သွင်းခံခဲ့ရသည့် မြန်မာလုပ်သားအချို့ အဆိုပါ သဘောတူစာချုပ်ကို ချုပ်ဆိုကြပြီးဖြစ်ကြောင်း ၊ အကြောင်းအမျိုးမျိုးကြောင့် ရက်လွန် နေထိုင်သူ များအဖြစ် ရောက်ရှိသွားကြသူများကိုမူ ဆက်လက်စောင့်ရှောက်ခြင်း ရှိမရှိကိုမူ မသိရသေး ကြောင်းနှင့် ၊ မည်သည့် ကိစ္စများကို မည်ကဲ့သို့စောင့်ရှောက်မည်ဆိုသည် ကိုလည်း မသိရှိရသေးဟု ဆိုပါသည် ။
သေခြာသည့်အချက်မှာ စောင့်ရှောက်ခအဖြစ် တစ်လလျင် ကိုရီးယားဝမ် ၃ သောင်း ၃ ထောင် ပေးဆောင်ကြရမည်ဖြစ်ကြောင်း ၊ သို့ရာတွင် မြန်မာပြည်ပြန်သွားလျင် ဆက်လက် ကောက်ခံ တော့မည်မဟုတ်ဟု အစောင့်ရှောက်ခံစာချုပ်များချုပ်ဆိုရန် လှုံ့ဆော်နေသည့် ဝန်ထမ်းက ပြောဆိုသွားကြောင်း သိရပါသည် ။ကိုရီးယားအစိုးရသည် ၊ သင်တန်းသားစနစ်ကို ၂၀၀၇ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အဆုံးသတ်ခဲ့ပြီး ဖြစ်ကြောင်း ၊၄င်းတို့၏ စီမံခန့်ခွဲမှုကိစ္စများကို ကိုရီးယား လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးဌာနက ဥပဒေအတိုင်း ဆက်လက် တာဝန်ခံ ဆောင်ရွက်ပေးရမည်ဖြစ်သဖြင့် ၊ ကိုယ်စားလှယ် ကုမ္ပဏီများ၏ အခန်းကဏ္ဍ နိဂုံးချုပ်ခဲ့ပြီး ဖြစ်ကြောင်း ၊ သို့ရာတွင် ကိုရီးယားနိုင်ငံသို့ သင်တန်းသားများ စေလွတ်ခဲ့သည့် အချို့သော နိုင်ငံများမှ အမိန့်ရ ကုမ္ပဏီများသည် အရှိန်မသေသေးဘဲ ၊ အသွင်ပြောင်း ကိုရက်ပ်စ် လုပ်သား (သင်တန်းသားဟောင်း) များထံမှ စီမံခန့်ခွဲမှု စရိတ်များကို ပုံစံအမျိုးမျိုးဖြင့် ဆက်လက် ကောက်ခံခဲ့ကြ ကြောင်း ၊ တစ်ဦးလျင် ၁-နှစ်အတွက် ဝမ် ၃၉၆,၀၀၀နှုန်း ကောက်ခံခြင်းဖြစ်ရာ ၊ လုပ်သား တစ်ထောင် ကျော်ရှိသော နိုင်ငံ တစ်နိုင်ငံကဆိုလျင် ၁-နှစ်စာ အတွက် စီမံခန့်ခွဲစရိတ် ကောက်ခံရရှိမှုမှာ အမေရိကန် ဒေါ်လာ ၄ သိန်း ကျော် (မြန်မာကျပ်ငွေ သိန်း ၄ထောင်ကျော်) ဖြစ်ကြောင်း အခြား သတင်း အခြေအမြစ် များထံမှ သိရှိရပါသည် ။
မြန်မာကိုယ်စားလှယ် ကုမ္ပဏီ ရွှေအင်အား အနေဖြင့်မူ ၊ သင်တန်းသားစနစ်အဆုံးသတ်ပြီးချိန် ကာလအတွင်း စီမံခန့်ခွဲမှုစရိတ်များ ဆက်လက် ကောက်ခံမှု ရှိမရှိကိုမူ မိမိ သေသေခြာခြာ မသိဟု သတင်းပေးပို့လာသူက ဆိုပါသည်။
( ဟန်ဂူရွာ မှ ထပ်ဆင့်ဖေါ်ပြပါသည်။)
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Monday, February 2, 2009

Avril Lavigne - Girlfriend

အပျင်းပြေပေါ့.....နော့်....။

Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Wednesday, January 28, 2009

စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား)၏ ကျောင်းဖွင့်လှစ်ခြင်း

စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား)၏ ကျောင်းဖွင့်ပွဲ ကို ဒယ်ဂုမြိုရှိ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့(၂၆-၁-၂၀၀၉) နေ့လယ် ၁၂နာရီခွဲတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ကျောင်းဖြစ်မြောက်ရေး အကျိုးဆောင်များ၊ ကျောင်းအလှူရှင်များ၊ ရပ်ဝေးရပ်နီးမှ ရွှေညီအစ်ကိုအများ စုံလင်စွာတက်ရောက် ကြည်ညိုသဒ္ဓါတရားပွားများကြသည်။
အခမ်းအနားတွင် ကိုရွှန်းဝင့်နွယ်မှ အခမ်းအနားမှူး အဖြစ်ဆောင်ရွက်သည်။ အစီအစဉ်အရ ပရိတ်သတ်တို့က နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တ ထံမှ ငါးပါးသီလခံယူခြင်း၊ ကိုလှထွန်းမှ ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြား ပူဇော်ခြင်း၊ ကျောင်းအကျိုးဆောင်များကိုယ်စား (Golden friends) မြန်မာစားသောက်ဆိုင်နှင့် စတိုးဆိုင်ပိုင်ရှင် ကိုမော်ကြီးမှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ ဘဏ္ဍာရေးအဖွဲ့ကိုယ်စား ကိုလင်းထိန်ဝင်းမှ ဘဏ္ဍာရေး ရှင်းတမ်းနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ဆရာတော်အထံမှ အနုမောဒနာတရားနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာကြားခြင်း၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းပြီး အခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်ဖြင့် ရွှေမိုးငွေမိုး ရွာသွန်းခြင်း စသည်ဖြင့် အစီအစဉ်များကို တဆက်တည်း ကျင်းပခဲ့ပါသည်။
အခမ်းအနားအပြီး၌ ကျောင်းအကျိုးဆောင်အဖွဲ့၏ အစည်းအဝေးကို ဆက်လက်ကျင်းပကာ အောက်ဖော်ပြပါ ကျောင်းရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေးအကျိုးဆောင်အဖွဲ့နှင့် အထွေထွေ ဝေယျာဝစ္စ အဖွဲ့ကို အတည်ပြု ဖွဲ့စည်းလိုက်ကြသည်။
ဘုန်းတော်ကြီးကျောင်း ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေး အကျိုးဆောင်အဖွဲ့
ဆရာတော် ဦးဝိစိတ္တ (နာယကဆရာတော်)
၁။ ဦးမော်ကြီး - (ဥက္ကဋ္ဌ)
၂။ ဦးရွှန်းဝင့်နွယ် - (ဒု-ဥက္ကဋ္ဌ)
၃။ ဦးမင်းနိုင် - (စာရင်းစစ်မှူး)
၎။ ဦးဇေယျာတင့် - (ပြန်ကြားရေးမှူး)
၅။ ဦးလင်းထိန်ဝင်း - (ဘဏ္ဍာရေးမှူး)
၆။ ဦးရဲထွန်း (အဖွဲ့ဝင်)
၇။ ဦးလေးလေးနိုင် - (အဖွဲ့ဝင်)
၈။ ဦးဇော်လတ် (ခ) ဦးရှမ်းကြီး -( အဖွဲ့ဝင်)
၉။ ဦးလင်းအောင်ဖြိုး (ခ) ဖြိုးကြီး - (အဖွဲ့ဝင်)
်၁၀။ ဦးအောင်ကျော်ငြိမ်း( အဖွဲ့ဝင်)
၁၁။ ဦးလှမိုး - (အဖွဲ့ဝင်)
၁၂။ ဦးကျော်မင်းဟန် - (အဖွဲ့ဝင်)
၁၃။ ဦးသူရစော - (အဖွဲ့ဝင်)
၁၄။ ဦးခင်ညွှန့် - (အဖွဲ့ဝင်)
၁၅။ ဦးမျိုးညွှန့်အောင် - (အဖွဲ့ဝင်)
၁၆။ ဦးဘုန်းနိုင် -[အတွင်းရေးမှူး(၁)]
၁၇။ ဦးလှထွန်း - [အတွင်းရေးမှူး(၂)]
စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း(ကိုရီးယား)အထွေထွေဝေယျာဝစ္စ အဖွဲ့
၁။ ကိုရှမ်းကြီး - (ဘူဆန်-ဂင်မဲ)
၂။ ကိုလွင် - ။
၃။ ကိုနေမျိုး - ။
၎။ ကိုကျော်ကျော်မြင့် - ။
၅။ ကိုထွန်းထွန်းအေး - ။
၆။ ကိုဇော်သူရ - ။
၇။ ကိုမျိုးကြီး - ။
၈။ ကိုဝင်းစိန် - ။
၉။ ကိုပေါက်ကျိုင်း - ။
၁၀။ကိုထွန်းထွန်းလတ် - (ဂယောင်ဆန်)
၁၁။ ကိုစိုးမင်း - ။
၁၂။ ကိုဦး - ။
၁၃။ ကိုကျော်ကျော်မင်း ။

Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Friday, January 23, 2009

လမ်း

ငါ့ခြေလှမ်းများ
တည့်တည့်သွားသော်
လားရာအရပ် ဖြောင့်မတ်မတ်။
ခလုပ်တံသင်း
တွေ့ရှောင်ကွင်းသည်
ဖြောင့်စင်း မရ ကွေ့ကောက်စွ။
ကွေ့သောကောက်သော
ဤလမ်းကြောဝယ်
မမောနိုင်ပါ လျှောက်မြဲသာတည့်။
ငါ၏ဓိဋ္ဌါန် ဖြောင့်မြဲမှန်သော်
ပန်းတိုင်ရောက်ရန် မနီးလော...။ ။
္ဃ္လ္လ
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Tuesday, January 20, 2009

ဖိတ်ကြားအပ်ပါသည်......
ကိုရီးယားနိုင်ငံအောက်ပိုင်းဒေဂူးမြို့ရှိ စိတ္တသုခဘုန်းတော်ကြီးကျောင်း ဖွင့်ပွဲနှင့်ကျောင်းတက်ပွဲအခမ်းအနား ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ကျောင်းအလှူရှင်များနှင့် ရွှေညီအစ်ကိုများ တက်ရောက်ပူဇော် နိုင်စေရန်လေးစားစွာဖြင့်အသိပေးဖိတ်ကြားအပ်ပါသည်။ နေ့ရက် - ၂၆.၁.၂၀၀၉ တနင်္လာနေ့ နံနက် ၀၉း၀၀နာရီ
Summary

Rest of your post


ဖတ်ကြည့်ချင်သေးလား....

Tuesday, January 13, 2009

ချစ်သောသူများသို့

ညီမလေး DecemberCinderella (ချစ်သူပုံရိပ်) က အချစ်ကဗျာလေးတွေတောင်းဆိုထားပြန်တယ်။ ဘယ်လို လုပ်ရမှန်းမသိတော့ပါဘူး...။ ကျွန်တော် အကြောက်ဆုံးက tag ပဲ။ပြီးတော့ မရေးပြန်ရင်လဲ အရိုက်ခံရဦးမယ်။(သူ Mickey လေးကို ဒီလိုဘဲ အနိုင်ကျင့်နေလားမသိ)။

အဲဒီတော့ ကျွန်တော် တော်တော်စဉ်းစားလိုက်ရတယ်။သူပြောတဲ့အချစ်၊အလွမ်းတွေကို ကဗျာရေး ဖို့ဆိုတာပေါ့။

ချစ်သူတွေရဲ့ ဘလော့ထဲတွေမှာ အချစ်ကဗျာတွေ ကွန်မန့် ခြေရာလေးထားခဲ့ဘူးပေမဲ့ ချစ်သော“မို့” မွေးနေ့အတွက်တော့ကဗျာတစ်ပုဒ် မရဲတရဲ တင်လိုက်တယ်။ ဟောအခု လာပြန်ပြီ...။(တော်တော်ဆိုးတဲ့ ကောင်မလေး)
အဲဒီတော့.......
အချစ်အလွမ်းအကြောင်းတွေအစုံပါတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို သွားသတိရမိတယ်...။ အင်မတန်မှ ဂန္တ၀င် မြောက်ပြီး ကမ္ဘာမှာ စံပြုရတဲ့ မိန်းမတစ်ယောက်ရဲ့ အချစ်ပေါ့...။

သူ့အကြောင်းမပြောခင် မချစ်တတ်တဲ့မိန်းမတွေအကြောင်း နဲနဲ ပြောချင်သေးတယ်...။ ကျွန်တော်ဒီနိုင်ငံကိုရောက်မှ သစ္စာမရှိတဲ့ မိန်းမတွေအကြောင်း ကောင်းကောင်း သိလိုက်ရတယ်..။ ယောင်္ကျားတွေမှာ နိုင်ငံ၇ပ်ခြား စွန့်စွန့်စားစား အလုပ်ထွက်လုပ်ကြရတယ်။ ရတဲ့ပိုက်ဆံလေးတွေကို ခြစ်ကုတ်စုပြီး မြန်မာပြည်ကိုပို့၊ ကျန်နေတဲ့ သားသမီးနဲ့ မိန်းမ ပြည့်ပြည့်စုံစုံ နေကြရအောင်ပေါ့၊တစ်ချို့ အလုပ်တွေများဆိုရင် အသက်နဲ့ ရင်းပြီးလုပ် ကြရတာ။အဲ မြန်မာပြည်က မရွှေချောတို့က ငွေယားလေး ပြည့်စုံလာပြီဆိုတော့နဲနဲ ကဲချင်လာတယ်…။ လှချင်ပချင်စိတ်နဲ့အတူ နောက်ဆက်တွဲ ဇာတ်လမ်းတွေဖေါက်လာကြတယ်။ လူမှုရေးဖေါက်ပြန်မှု အသံတွေက တိုးတိုးတစ်မျိုး ကျယ်ကျယ် တစ်မျိုး ကြားရတော့တာပေါ့။ သားသမီးတွေရဲ့ နောင်ရေး မစဉ်းစားဘူး။ ကိုယ့်ယောကျာင်္းရဲ့ ချစ်ခြင်းကို တန်ဘိုးမထားတော့ဘူး။(မိန်းမတိုင်းကို မဆိုလိုဘူးနော်..)။
အဲဒီလို သစ္စာမရှိတဲ့မိန်းမတွေ အကြောင်းကြားလိုက်ရရင် အထက်က ပြောခဲ့တဲ့ အင်မတန် ကြည်ညိုထိုက်တဲ့၊ပူဇော်ထိုက်တဲ့၊အံ့ချီးဖွယ်ရာ အချစ်ကြီးချစ်တတ်တဲ့၊တုနှိုင်းမမှီ မေတ္တာရှင်၊ သစ္စာရှင် ပါရမီဖြည့် ဖက် မိန်းမတစ်ယောက်ကို ညီမလေးတွေအတုယူစေချင်တယ်…။

ယောကျာင်္း အားကိုးအားထားပြုရတဲ့ ဥာဏ်ကြီးသူမယားမြတ်ဘ၀။ ယောကျာင်္းမရှိလို့ စော်ကားမော်ကားလုပ်ချင်တဲ့သူတွေကို ဘယ်လိုနည်းနဲ့ တုန့်ပြန်ခဲ့သလဲ။ ယောကျာင်္းပြစ်သွားတော့ သားသမီးတွေနဲ့ ဘ၀ကို ဘယ်လိုရင်ဆိုင်ခဲ့သလဲ။ ချစ်ရတဲ့ ယောင်္ကျားနဲ့ ဝေးကွားခဲ့တော့ ၇င်မှာပူဆွေး ဘယ်လောက်အထိ ငိုကြွေးခဲ့ ရသလဲ။ချစ်လျှက်ကယ်နဲ့ တစ်ပါးသူထံပါး ကျွန်အစေအပါး စွန့်ပစ်သော်ငြားလဲ ကြည်ဖြူသူ မယားတစ်ယောက်ပေါ့။မောင်ဘုရား စွန့်ထားခဲ့သော်လည်း ထိုထိုသတင်း နားစွင့်ရင်း “သူနေသလို ငါလိုက်နေမယ်..သူသေသလို ငါလိုက်သေတော့မယ်” ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အစာမစား စကားမဆို (ချစ်သောသူ ကျင့်ကြံပုံမျိုး )တရားကို အမှန်ကျင့်နေတဲ့ ပါရမီ တွေကို အံချီးဖွယ်အထူး ညီမလေး ကြားဘူး ဖတ်ဘူးမှာပါ…။ညီမလေးတွေအတုယူသင့်တဲ့ မိန်းမတစ်ယောက်နော်…။
သူ့မနာမည်က ဘဒ္ဒကဉ္စနာ တဲ့…..။
(ကဲ ...ဖတ်ကြည့်ဦးလေ...)

ဒီပင်္ကရာဘုရားလက်ထက်
အံ့ချီးဖွယ် ပြုတဲ့ ကုသိုလ်ထူးကို
ပျိုမေ…..တွေ့တော့
ကြည်နူးမှုအပြည့်နဲ့ ကြည်ညို
အဲဒီမှာစလို့တောင်းဆု ဆိုတယ်…
“ သူ့ထံပါး ဘ၀အဆက်ဆက်
ပါရမီဖြည့်ဖက် ဖြစ်ပါရစေ….” တဲ့…။
တကယ့်အချစ်မေတ္တာဆိုတာ
ဘယ်ကမ္ဘာဘယ်လောက် ပြောင်းပြောင်း
ဘယ်ဘ၀ ဘယ်လို ပြောင်းပြောင်း
သစ္စာမှန် ဆုခြွေကောင်းခဲ့ရင်
ပေါင်းဖက်ဖို့ အကြောင်းဖန်လာမှာပါလေ…။
သုမိတ္တာ ရသေ့မ ဘဝ
့လေးသင်္ချေကမ္ဘာတစ်သိန်းအစ
ဆုခြွေခဲ့တာကလေ...
အခု ဘဒ္ဒကမ္ဘာအထိ
မပျက်မပျယ်ရှိခဲ့တာ
အဲဒါမှ..တကယ့် အချစ်ပေါ့…။
ဥာဏ်ပညာကြီးသူ အမရာ
သစ္စာကြီးသူ ကိန္နရီ
ဆင်းရဲအတူ မယ်မဒီ
အပယ်ခံ လင်ယောင်္ကျားဒုက္ခ မျှဝေခံစားသူ သဗ္ဗူလ
သူမ..ဒီလိုဘ၀တွေ ရောက်ခဲ့တယ်…။
တကယ့်အချစ်မှာ
ဆင်းရဲအတူ
ချမ်းသာအတူ
မျှဝေယူခံစားဖို့
သူမ…
နားလည်ခဲ့တာပေါ့….။
ကုသိုလ်ပြု ဆုပန်ရင်တောင်
နိဗ္ဗာန်သို့ပင်
အတူတူ လှမ်းချင်တဲ့ဆုတောင်း
သူမ…
ဘ၀အဆက်ဆက် တောင်းခဲ့ဘူးတယ်….။
(ဆက်ရန်)
(အကယ်၍ ဖြည့်စွက်ချင်ရင်..ပြင်ချင်ရင်..လိုအပ်ရင် မန့်ထားခဲ့နော်...ကြိုနေမယ်...)
Rest of your post

ဖတ်ကြည့်ချင်သေးလား....

Thursday, January 8, 2009

백지영 - 총맞은것처럼(သီချင်းစာသား-ဘာသာပြန်)

총맞은것처럼 정신이 너무 없어
ကျဉ်ဆံထိတဲ့အတိုင်းပါဘဲ စိတ်တွေက အ၇မ်းကို မငြိမ်ပါဘူး
웃음만 나와서 그냥 웃었어
ပြုံးလို့ဘဲ၇လို့ ဒီအတိုင်းပြုံးနေလိုက်တယ်
그냥 웃었어 그냥
ဒီအတိုင်းပြုံးနေလိုက်တယ် ဒီအတိုင်း
허탈하게 웃으며 하나만 묻자 했어
အေးချမ်းစွာ ပြုံးပြီးတော့ တစ်ခုဘဲမေးလိုက်ပါတယ်
우리 왜 헤어져
ဒို့တွေ ဘာလို့ဝေးကြတာလဲလို့
어떻게 헤어져 어떻게 헤어져 어떻게
ဘယ်လိုဖြစ်ပြီး ဝေးကြတာလဲ
구멍난 가슴에 우리 추억이 흘러넘쳐
ဒို့တွေ၇ဲ့ အပေါက်ဖြစ်နေသောနှလုံးသားမှာလေ အမှတ်တ၇တွေပြည့်နှက်နေသလိုဘဲ
잡아보려해도 가슴을 막아도
ဖမ်းကြည့်ဖို့လုပ်ပေမယ့် နှလုံးသားကတားဆီးပေမယ့်
손가락 사이로 빠져나가
လက်ကြားတွေကနေ ယိုထွက်သွားသလိုဘဲ
심장이 멈춰도 이렇게
နှလုံးသားတွေ ၇ပ်တန့်သွားတယ်ဆိုတာ ဒီလိုလား
아플 것 같진 않아
မနာကျင်တော့ပါဘူး
어떻게 좀해줘
နဲနဲတော့ လုပ်ပေးပါ
날 좀 치료해줘
ဆေးနဲနဲတော့ ကုပေးပါ
이러다 내 가슴 다 망가져
ဒီလိုနဲ့ဘဲ ငါ့နှလုံးသားတွေ ပျက်ဆီးကုန်တော့မယ်
구멍난 가슴이 အပေါက်ဖြစ်နေသော ၇င်မှာ
어느새 눈물이 나도 모르게 흘러
တချိန်မှာတော့ မျက်၇ည်တွေဟာ ငါတောင်မသိဘဲ ကျလာတယ်
이러기 싫은데 정말 싫은데 정말 싫은데 정말
ဒီလိုမျိုး မကြိုက်ပါဘူးဆိုမှ တကယ် မကြိုက်ပါဘူးဆိုမှ
일어서는 널 따라 무작정 쫓아 갔어
မတ်တတ်၇ပ်လိုက်တဲ့ နင့်အတိုင်း လိုက်ပြီး ဘာမှန်းမသိဘဲ ကပ်လိုက်ခဲ့တယ်
도망치듯 걷는 너의 뒤에서
ထွက်ပြေးတဲ့အတိုင်း လျှေက်နေတဲ့ နင့်၇ဲ့အနောက်မှာ
너의 뒤에서 소리쳤어
နင့်၇ဲ့နောက်ကနေ အော်ပြောလိုက်တယ်
구멍난 가슴에 우리 추억이 흘러넘쳐
잡아보려해도 가슴을 막아도
손가락 사이로 빠져나가
심장이 멈춰도 이렇게
아플 것 같진 않아
어떻게 좀 해줘 날 좀 치료해줘
이러다 내 가슴 다 망가져 총 맞은것처럼
정말 가슴이 너무 아파
တကယ်ကို နှလုံးသားတွေ နာကျင်ပါတယ်
이렇게 아픈데 이렇게 아픈데
ဒီလို နာကျင်နေတာတောင်မှ
살수가 있다는게 이상해
အသက်ရှင်နေတာ ထူးဆန်းတယ်နော်
어떻게 너를 잊어 내가
ဘယ်လိုလုပ် နင့်ကို ငါက မေ့လို့၇ပါ့မလဲ
그런 건 나는 몰라 몰라
အဲဒါမျိုး ငါလဲမသိဘူး
가슴이 뻥뚫려 채울수 없어서
နှလုံးသားအပေါက်ထဲကို ဖြည့်ပို့ မပြည့်နိုင်ဘူးကွယ်
죽을만큼 아프기만 해
သေလောက်အောင် နာကျင်စေခဲ့သူ၇ယ်
총맞은것처럼
သေနတ်မှန်တဲ့ အတိုင်းပါဘဲလားကွယ် ..................

Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Monday, January 5, 2009

ကိုရီးယားနိုင်ငံခြားအလုပ်သမားသတင်းဆောင်းပါး

“ကိုရီးယား နိုင်ငံခြားသားအလုပ်သမားအခြေအနေ လေ့လာမိသမျှ”
ပြီးခဲ့တဲ့ အပတ်က ကိုရီးယာနိုင်ငံရောက် နိုင်ငံခြားသားအလုပ်သမားများအတွက် အီး ၉ ဗီဇာ ထုတ်ပေးခြင်းကို ခေတ္တ ရပ်ဆိုင်းထားတာနဲ့ ပတ်သက်ပြီး(သတင်း) ပို့စ်လေး တင်လိုက်ပါတယ်။ဇလပ်ဆိုသူတစ်ယောက် ည(၂း၀၀)နာရီ ထိုးတဲ့အထိ အလုပ်တွေရှုတ်သွားခဲ့ကြောင်း စီဘောက်မှာ ရေးတာဖတ်လိုက်ရပါတယ်။ ကျွန်တော်လဲ ဒီသတင်းကိုဘဲ သေသေချာချာလေ့လာပြီး ချစ်ကိုကြီး(ကိုဇော်)နဲ့တိုင်ပင်လို့ (သတင်းဆောင်းပါး) ပို့စ်တစ်ပုဒ် ထပ်တင်ဖို့ စိတ်ကူး ရှိခဲ့ပါတယ်..။
၂၁-၁၂-၂၀၀၈ ရက်နေ့က အာအက်ဖ်အေ နဲ့ တွေ့ဆုံဆွေးနွေးခန်းတစ်ခုမှာ ကိုရီးယားရောက် မြန်မာနှစ်ဦး (ကိုဝိုင်း+ကိုအောင်တင်ထွန်း)( ဒီမှာကြည့်ပါ )တို့ပြောသွားတာလေးတွေက နောင်လာမဲ့ ရွှေမြန်မာ ညီအကိုများအတွက် အင်မတန် အကျိုးရှိပါတယ်။ သူတို့နှစ်ဦးနဲ့ တွေ့ဆုံအပြီးမကြာတဲ့ ရက်ပိုင်းမှာဘဲ မြန်မာပြည်က အေဂျင်စီက စရံငွေ တောင်းခံနေတဲ့ ကိစ္စ ရုပ်ချည်း ထ ကြေညာတာဟာလည်း တွေးစရာကြီးဘဲဗျနော်။
ဟုတ်ပါတယ်။ အာအက်ဖ်အေတွေ့ဆုံခန်းမှာ ကိုဝိုင်းတို့ ပြောသွားသလိုဘဲ လစာမမှန်တော့တဲ့ စက်ရုံတွေ၊ လစာလျော့ပေးတဲ့ စက်ရုံတွေ၊ နိုင်ငံသားနဲ့နိုင်ငံခြားသား တစ်လှည့်စီလုပ်ရတဲ့ စက်ရုံတွေ၊တစ်ပတ်ဆင်း တစ်ပတ်နားစက်ရုံတွေ၊ ထမင်းကျွေးထားတယ် လုံးဝ အလုပ်မရှိဘူး (ထမင်းစာရတာတောင် အားနာနေရတယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောတယ်၊ဒီလို ကျွေးထားပေးတာတော်တော်လေး ကောင်းသေးတယ်ဆိုရမယ်)အဲဒီလိုစက်ရုံတွေ၊အလုပ်မရှိလို့ ကိုယ့်နိုင်ငံ အလည်ပြန်ကြလို့ ပြန်လွှတ်တဲ့စက်ရုံတွေ ပြောရရင်တော့ အများကြီးပါဘဲ။တရားဝင်ဗီဇာ နဲ့အလုပ်လက်မဲ့ တွေက ဘုန်းကြီးကျောင်းတွေမှာ စုပြုံနေကြသလို ဗီဇာမဲ့အလုပ်လက်မဲ့ တွေက နီးစပ်ရာ အခန်းစုငှားနေကြသူတွေ၊သူငယ်ချင်းအခန်းမှာ သွားနေကြသူတွေနဲ့လောလောဆယ်ပြဿနာကို ဖြေရှင်း နေကြတာပါ။လုံးဝဒဏ်မခံနိုင်လို့ ရွာပြန်ပြေးကြသူတွေလည်းမနဲတော့ပါဘူး။
The Korea Times သတင်းမှာဆိုထားတာက အီး ၉ဗီဇာကို ၂၀၀၈ မတ်လကနေ ၂၀၀၉ ဖေဖေါ်ဝါရီလအထိ နှစ်ပတ်လည် ခွဲတမ်းအရ အလုပ်သမားဦးေ၇ (၇၂၀၀၀) ယောက်အထိရောက်ရှိသွားတယ်လို့ဆိုပါတယ်။ နောက်ထပ်ဆက်ပြီး ဗီဇာထုတ်ပေးဖို့ရာ လက်ရှိလုပ်သားဈေးကွက် ရဲ့အခြေအနေကို စီစစ်ဦးမယ်လို့ဆိုပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ ကမ္ဘာ့စီးပွားရေးပြဿနာကြောင့်ဆုံးရှုံးနေတဲ့ အလုပ်သမားဈေးကွက်နဲ့ အစိုးရ ရဲ့ကိုရီးယားလူမျိုးများကို အလုပ်အကိုင်များဖန်တီးပေးရေး ဦးစားပေးအစီအစဉ်တွေကြောင့် နိုင်ငံခြားသား အလုပ်သမားတွေအတွက် အနာဂတ်အလားအလာ ကောင်းနိုင်ဖွယ်ရာမရှိတာတော့အမှန်ဘဲလို့ ထင်မြင် သုံးသပ်မိပါတယ်။ထို့အတူ နောင်နှစ်တွေမှာလဲ အီး၉ ဗီဇာရဖို့ယှဉ်ပြိုင်မှုဟာ အလွန်ကိုခက်ခဲလာလိမ့်မယ်လို့ အလုပ်သမား ဆိုင်ရာကျွမ်းကျင်သူက ခန့်မှန်းထားကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။၂၀၀၄ ခုနှစ်ကစတင်ခဲ့တဲ့ Work permit အစီအစဉ်ကို စတင်မိတ်ဆက်စဉ်ကတည်းကနေ အခုအထိ အီး၉ ဗီဇာ လျှောက်ထားသူ အရေအတွက်ကျော်လွန်မှုဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ အရာရှိ ပါ့ဗျောင်ဂီက ပြောပါတယ်။သူတို့ရဲ့ စာချုပ်များကို အသစ်ချုပ်ဆိုကြတဲ့ နိုင်ငံခြားသားအလုပ်သမားအရေအတွက် တိုးတက်လာခြင်း ဟာ ခွဲတမ်းကို စောစီးစွာ ပြည့်သွားစေတယ်လို့ သူကထောက်ပြပါတယ်။. ၀န်ကြီးဌာနအဆိုအရ ၂၀၀၆ ခုနှစ်မှာ လုပ်သားဦးရေ ၃၄၇၅၀ ယောက်ဟာ အီး၉ ဗီဇာရရှိခဲ့ကြပါတယ်။သူတို့ထဲက အများစုဟာ ဆက်လက် သက်တမ်းတိုး ခဲ့ကြတယ်သူများ ဖြစ်ပါတယ်။အီး၉ ဗီဇာ ကိုင်ဆောင်ထားသူများ သက်တမ်းထပ်တိုးကြခြင်းနှင့် ဗီဇာ အသစ် လျှောက်သူများ ပေါင်းသွားတဲ့အခါ စုစုပေါင်းဗီဇာ ထုတ်ပေးရတဲ့အရေအတွက် အများဆုံးကို ရောက်သွားရတယ်လို့ မစ္စတာ ပတ်က ပြောခဲံ့ပါတယ်။
ဒါကြောင့် နိုင်ငံခြားသားအလုပ်သမားများအပေါ် မှီနေသော လုပ်ငန်းများတွင် ဖြစ်နိုင်ခြေရှိသော လူ့စွမ်းအား ဆုတ်ယုတ်လာမှုကိုကာကွယ်ရန်အတွက် ဗီဇာဆိုင်းငံ့မှုကလိုက်ပါလာခြင်းဖြစ်ပါတယ်။ဝန်ကြီးဌာနက လိုအပ်သော ကုမ္ပဏီများသို့ အလုပ်နေရာပြောင်းရွှေ့လိုသူများကို ချထားပေးခဲ့ပါတယ်။အဲဒီအခါ အလုပ်ပြောင်းရွှေ့လိုတဲ့ နိုင်ငံခြာသား အလုပ်သမားအရေအတွက်ဟာ ဒီဇင်ဘာလတွင် (၆၇၀၇)ဦးအထိ မြင့်တက်လာခဲ့ပါတယ်။လက်ရှိစီးပွား ရေးပြဿနာကြောင့် အလတ်စားနဲ့ အသေးစား ကုမ္ပဏီများ ဒေ၀ါလီ ခံခြင်းနှင့် ရပ်နားခြင်းတို့ ဖြစ်ခဲ့ကြပါတယ်။အီး၉ ဗီဇာ ရှိသူ ၁၀ ယောက်တွင် ၉ ယောက်မှာ ကုမ္ပဏီငယ်များတွင် လုပ်ကိုင်နေကြသူများဖြစ်ပါတယ်။ ဥပဒေအရ အလုပ် ပြောင်းရွှေ့ရန် လျှောက်ထားပြီး ၂လ အတွင်း ရှာဖွေရန်ဖြစ်ပြီးသို့မဟုတ်ပါက နိုင်ငံကနေ ထွက်ခွါပေးကြရမှာ ဖြစ်ကြောင်း The Korea Times သတင်းမှာ ဖေါ်ပြထားပါတယ်။
ကျွန်တော်တို့ ရွှေနိုင်ငံကလည်း တာစူနေကြတဲ့ ရွှေညီအကိုတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုရီးယားရဲ့အလုပ်သမား ဈေးကွက်အခြေအနေတွေကို စေ့ငုံ လေ့လာပြီးမှ ဆက်လုပ်ကြပါလို့ တိုက်တွန်းလိုပါတယ်။ မကြာသေးမီ ရက်က ဟန်ဂုရွာ ဘလော့မှာ ကိုဝိုင်း(မိုးညှင်း)ရဲ့ ကြားကြားသမျှ ကိုရက်ပ်စ်-မြန်မာ သတင်းများ ( ဖတ်ချင်ရင်ကလစ်လိုက်ပါ ) ထဲမှာလည်း အကျိုးတော် ဆောင်မင်းများရဲ့ သတင်းလေးကို ဖေါ်ပြထားတာ ဖတ်ကြည့်စေချင်ပါတယ်။ ကိုရီးယားရောက်နိုင်ငံခြားသား အလုပ်သမားလောကမှာ ဝေလေလေတွေ များနေတဲ့ အချိန် ရွာမှာက ဗီဇာချပေးနေပြီ တစ်လပိုင်းထွက် ရတော့မယ် ဆိုတာတွေက ကြားရပြန်တော့ တွေးလိုက်တိုင်း ရင်ခုန်စရာတွေပါဘဲ။
အခုလို အခြေအနေမျိုးမှာ ကိုရီးယားကို လာမယ်ဆိုရင်တော့ သတင်းလေးတွေကို နားထောင်ကြပါ။စဉ်းစဉ်းစားစား လုပ်ကြပါလို့ တိုက်တွန်းအကြံဥာဏ်ပေးလိုပါတယ်။ ကျွန်တော်လက်လှမ်းမီသလောက်တင်ပြလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။ဘေးဘယာဝေးကွာ ချမ်းသာကြပါစေ။
(အာအက်ဖ်အေသတင်း၊ဟန်ဂုရွာဘလော့၊ The Korea Times တို့မှစုစည်းတင်ပြပါသည်)

Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

Sunday, January 4, 2009

“ ချစ်သူလက်ဆောင် ”


ချစ်တယ်“မ” ရယ်....။
အခုလို ဆောင်းချမ်းချမ်းမှာ
လွမ်းရတဲ့အကြောင်းတွေ ပြောရမှာ
နှင်းလေးတွေကို အားနာလိုက်တာကွယ်...။
ချစ်တယ်“မ”ရယ်...လို့
ပြောခဲ့တဲ့ ထိုတစ်နေ့က
“မ” လက်ဖ၀ါးလေးတွေနွေးနေသလို
ယှက်သွေးဖြာနေတဲ့ “မ” မျက်နှာလေးကို
ခုချိန်ထိ မြင်ယောင်နေသေးတာ
အချစ်ဟာ ဘယ်တော့မှမဟောင်းဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့နော်....။
တက္ကသိုလ်ရဲ့အတန်းစဉ်တိုင်းမှာ
သူငယ်ချင်းအဖြစ်နဲ့သာအတူရှိခဲ့
ချစ်သူတို့ရဲ့ပျော်စရာဘဝ
အဓိပတိလမ်းပေါ်မှာ မရခဲ့ကြဘူးနော်...
အင်းယားကန်ဘောင်နံဘေး
ချစ်တေးတွေ မဆိုခဲ့ကြရဘူးနော်....
အချစ်နဲ့တက္ကသိုလ်
အဲဒီတုန်းက ဘာမှမဆိုင်သလိုပါဘဲ....။
တက္ကသိုလ်ရဲ့ နောက်ဆုံးနှစ်
အချစ်စစ်ကို စတွေ့တော့
စာမေးပွဲအတွက် စာတွေမေ့
ရင်ငွေ့လေးတွေနဲ့ နွေးထွေးနေခဲ့တယ်...
ချစ်သံစဉ်လေးတွေ လှပနေခဲ့တယ်…
ပျော်လိုက်တာ “မ” ရယ်....။
အချိန်တွေ ပြောင်း
ရာသီတွေဟောင်းပေမဲ့
အကြောင်းတကယ် ရေစက်ပါချင်တော့
တသက်တာမခွဲ
လက်တွဲဖို့ ဆုံးဖြတ်ခဲ့ကြတာ
ချစ်သက်သေပါဘဲ...။
ဘယ်အရာမှာဘဲဖြစ်ဖြစ်
တွေးလိုက်တိုင်း တိုက်ဆိုင်နေတတ်တာ
တူညီတဲ့စိတ်ကူး
အံ့သြစရာ ထူး...
ရှေးရေစက်ဆုံဘူးတယ် ထင်ပါရဲ့....။
ဘယ်လောက်ဝေးဝေး
အတွေးစိတ်ကူးတွေထဲမှာ
အိပ်မက်လှလှလေးတွေထဲမှာ
ရင်ခုန်သံတွေဟာ
ဟိုအရင်ကအတိုင်းပါဘဲ...။
ဒီဘ၀ ကြုံရတဲ့အချစ်မှာ
အချစ်ဟာ “မ” တစ်ယောက်ထဲပါလို့
အခုလို ဆောင်းချမ်းချမ်းမှာ
နှင်းလေးတွေရယ်..ပြေးပြောလိုက်စမ်းပါ.....နော်......။ ။
“ အချစ်ဘလော့လေးတွေရောက်တိုင်း အချစ်ကဗျာလေးတွေ ခြေရာချန်ထားခဲ့မိတယ်.....။ အခုလို ဇန်န၀ါရီ ၅-ရက်နေ့မှာ ရောက်လာမဲ့ ချစ်သူမွေးနေ့မှာ“ ရည်းစားစာ တစ်စောင်မှ မပေးမိခဲ့တဲ့ အချစ်ဆုံးသူ အတွက်” ပထမဦးဆုံး ရေးပေးလိုက်တဲ့ ရည်းစားစာ(ကဗျာ)လေးပါ....ဟိုးဝေးဝေးက ချစ်တဲ့....“ မို့ ” ကျေနပ်တော့နော်...”

Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....