Tuesday, April 21, 2009

“ ပိတောက်တွေ၊စပယ်တွေနဲ့ လှနေတဲ့ အမေ…”


၁၉၈၇-ဧပြီလ…….
“သား…လာလေ..အမေတို့နဲ့တခါထဲလိုက်ခဲ့၊ ကျွန်မသားလေးကို မထားခဲ့ပါနဲ့၊ သားရေ…အမေတို့နဲ့ လိုက်ခဲ့ပါ။ မထားခဲ့ကြပါနဲ့…ကျွန်မ သားကိုမထားခဲ့ကြပါနဲ့။”


Summary

Rest of your post

1 comment:

ဇေဇော် said...

အိမ်ဟောင်းလေးကို သံယောဇဉ်မပြတ်တော့လည်း ဒီဘက်မှာပဲ ကွန်းမန့်ရေးတော့မယ်ဗျာ...။ ဟိုဘက်မှာ ရေးနေကြတယ်ဆိုတော့... ...။ ၀င်းလတ်ဘလော့ဂ်ကိုစရောက်ကတည်းက ကျနော့်အကြောင်းဆိုတာကို ဖတ်ပြီး ခင်မိပါတယ်...။ အကြောင်းတိုက်ဆိုင်လို့ ဒယ်ဂူးကိုရောက်လာခဲ့ပါတယ်...။ ဒယ်ဂူးဘူတာကဆင်းပြီး ည ၂ နာရီလောက် စိတ္တသုခကျောင်းကို ရောက်လာတယ်ဗျာ...။ ကျနော် ရောက်ရောက်ချင်း မထိုင်ပဲ အားလုံးကို လိုက်ကြည့်မိတယ်ဗျ...။ ၀င်းလတ်ဆိုတာ ဘယ်သူများဖြစ်မလဲလို့...။ အဲဒါနဲ့ မနေနိုင်တော့တာနဲ့ အနားက တစ်ယောက်ကို မေးကြည့်ပါတယ်...။ သူလဲ မသိဘူးတဲ့...။ အခုမှ ကိုအောင်နိုင်ဦးကို မေးမိရင် အကောင်းသားလို့ ပြန်စဉ်းစားမိတယ်...။ အဲလိုနဲ့.. ... ... ... ...။ ကျနော့်လည်း ဆေးရုံနဲ့ အမေနဲ့ပါတ်သက်တဲ့ ခံစားချက်လေးရှိတယ်ဗျာ..။ ဒါပေမယ့် ကျနော်ကံကောင်းတာက အမေ့ကို နောက်ဆုံးအချိန်မှာ အစွမ်းကုန် မျက်နှာမငယ်ရအောင် ကုပေးနိုင်ခဲ့တယ်...။ ကျနော်တို့ကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် လူနဲ့မတူအောင်ကို ရုန်းကန်ခဲ့ရတဲ့ အမေဗျာ...။ အမေ့ကို ဆေးရုံတင်ထားရတော့ ကျနော်က နယ်စပ်တစ်နေရာမှာ...။ ပင်ပင်ပန်းပန်းနဲ့ ရှာဖွေထားတာလေးတွေ အကိုနဲ့ ပေးလိုက်ပြီး အမေ့ကို တင့်တင့်တယ်တယ်ထားမယ်ဆိုပြီး အကိုက ပြန်သွားတာ... မထင်မှတ်ပဲ အမေ့ကို တန်းပြီး ဆေးရုံတင်လိုက်ရတယ်ဗျာ...။ ဘာတစ်ခုမှ အမေ မသိလိုက်ရဘူး...။ အသည်းအသန်ဖြစ်တော့ ကျနော်ပါ ပြန်လိုက်သွားတယ်...။ ရောဂါက ရင့်နေတော့ ကုဖို့ မလွယ်တော့ဘူးတဲ့...။ တစ်ဘ၀လုံး လူနဲ့ မတူအောင် ပင်ပင်ပန်းပန်းလုပ်ခဲ့တဲ့ဒဏ်တွေကို စုပြုံပြီး ခံနေရပြီလေ...။ အမေ့ရဲ့နောက်ဆုံးအချိန်မှာ ညီအကိုမောင်နှမတွေ ဘေးနားမှာဝိုင်းပြီး သရဏဂုံ ရွတ်ပေးကြတယ်ဗျာ...။ နောက်ဆုံ အမေ့အလောင်းကို ကားငှားပြီး ကိုယ့်မြို့ ကို ပြန်သယ်ခဲ့တယ်လေ...။ အမေ့အတွက်ဆိုပြီး ရှာခဲ့တဲ့ ပိုက်ဆံတွေ အလကားပဲဆိုပြီး ညီအကိုတွေ ပါသမျှပိုက်ဆံတွေ အလှူခံတွေ့သမျှ တစ်လမ်းလုံး ကြဲပစ်လိုက်တယ်ဗျာ...။ ဖြေသာအောင်ဆိုရင်တော့ အတတ်နိုင်ဆုံး လုပ်ပေးနိုင်ခဲ့တယ်လို့ ဖြေရမှာပဲ...။ ဒီလို လုပ်ပေးနိုင်ဖို့ ကျနော် နှစ်ပေါင်းများစွာ ကြိုးစားခဲ့တဲ့ ဂီတလမ်းမှာ လက်တစ်ကမ်းရောက်မှ နောက်ပြန်လှည့်ခဲ့ရတယ်လေ...။ ကျနော့် ၀ါသနာကို တစ်ခါမှ မတားခဲ့တဲ့ အမေရဲ့ နောက်ဆုံးအချိန်မှာ ကျနော့်ဝါသနာအတွက် အမေ့ကို ဥပေက္ခာ မပြုထားနိုင်ဘူးဗျာ...။ ဒါကြောင့် ကျနော်ချစ်တဲ့ ဂီတကို ကျောခိုင်းပြီး ခြင်္သေ့ဖမ်းဖို့ ထွက်ခဲ့တယ်ဗျာ..။ ဂီတမျက်နှာစာမှာ ကျနော်ဟာ ရှုံးနိမ့်သူဖြစ်ခဲ့ပေမယ့် အမေ့စာမျက်နှာမှာတော့ ကျနော် မျက်နှာမငယ်ခဲ့ဘူးဗျာ...။ ပြောရရင် ကိုဝင်းလတ်လိုပဲ ဇာတ်အဖွဲ့တွေ ကွဲသွားကျပေမယ့် အရှိန်မသေတဲ့ ကျနော်...။ ရွှေတံဆိပ်ဆု ယူဖို့ အောင်မြေကို ရောက်ခဲ့တယ်ဗျာ...။ အဲဒီတုန်းက အသက်က ၁၄နှစ်...။ ပြန်ထွက်လာတော့ အမေက ဇာတ်ထဲကို စိတ်ပြန်လည်မှာ စိုးလို့ထင်ပါရဲ့...။ ကျနော့် ဂစ်တာတီးတတ်ချင်လို့ ဂစ်တာအဟောင်းလေး တစ်လုံးလောက် ၀ယ်ချင်လိုက်တာလို့ အမေ့ကို ပြောတော့ အမေက သူ မစားရက် မသောက်ရက် စုထားတဲ့ ငွေ အစိတ်ထုတ်ပေးတယ်လေ...။ အဲဒါနဲ့ ဂစ်တာအဟောင်းလေးတစ်လက်ဝယ်ပြီး ဟိုခေါက် ဒီခေါက် ခေါက်တော့တာပဲဗျ...။ သူငယ်ချင်းတွေက ချွန်ပေးတဲ့အတိုင်း ကျင့်လိုက်တာ (ဂစ်တာကြိုးက မကောင်းတာလဲ ပါတယ်) လက်ဖျားတွေ ကွဲပြီး သွေးထွက်တော့တာပဲ...။ အဲဒါကို ဆက်တီးနေတာ တွေ့တော့ အကိုက စာရေးပေးတယ်...။ သူ့သူငယ်ချင်း ဂစ်တာသင်တန်းဖွင့်ထားတဲ့ ဆရာတစ်ယောက်ဆီ...။ အဲဒါနဲ့ ကျနော်လည်း အမေ့ကို ခွင့်တောင်းပြီး ညနေလော်ကယ်ရထားက သစ်လုံးတွဲပေါ်မှာ ရထားခိုးစီးပြီး လိုက်ခဲ့တာ...။ လက်ထဲမှာ အနက်ရောင် ဂစ်တာအဟောင်းလေးတစ်လုံးနဲ့ ကိုငှက်သူငယ်ချင်းဆီကို ပေးလိုက်တဲ့ ဂီတနဲ့ ပါတ်သက်ပြီး သင်ပြပေးဖို့ ကျနော့်အတွက် အကူအညီတောင်းတဲ့ စာလေးတစ်စောင်...။ ဒီအကြောင်းတွေ ပို့စ်တစ်ခု ရေးဖို့ စိတ်ကူးရှိပေမယ့် အောင်မြင်နေတဲ့သူတွေကို ချန်ထားခဲ့လို့ မရတာကြောင့် တစ်မျိုးထင်နိုင်တာနဲ့ မရေးပါဘူးလို့ ထားလိုက်တော့တာဗျာ...။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတော့ Idea မဂ္ဂဇင်းမှာ အမေ့နေ့ အမှတ်တရကဗျာအနေနဲ့ ကျနော့်မေမေ ဆိုပြီး ကဗျာတစ်ပုဒ် ရေးခဲ့ဖူးတယ်ဗျ...။ ပြန်တင်မလို့လုပ်ပေမယ့် တစ်ချို့အပိုဒ်တွေကို ပြန်စဉ်းစားလို့ မရတော့ဘူးဖြစ်နေတယ်လေ...။ အင်း... မတ်လ ၂၂ ရက်နေ့က U.K မှာ အမေနေ့...။ နောက်လ ၁၀ ရက်နေ့ကတော့ နေရာအနှံ့ အမေနေ့...။ ခင်ဗျားအတွက်ကတော့ သင်္ကြန်ရက်တွေက ၀င်းလတ်ရဲ့ အမေနေ့ပေါ့... ဟုတ်ဖူးလား...။ ဘယ်တော့ အဖေ့အကြောင်း ထပ်ရေးဦးမလဲ မျှော်နေမယ်ဗျာ...။ မောင်နှမတွေ ဘယ်လို ရုန်းကန်ခဲ့ရတယ်ဆိုတာလေးတွေလည်း ဖတ်ဖို့ စောင့်နေတယ်နော်...။ ဒါနဲ့ ကိုအောင်နိုင်ဦးကိုလည်း ပြောလိုက်ပါဦး...။ ဆက်ရေးပါလို့...။ အားပေးနေပါတယ်လို့...။