Saturday, August 2, 2008

မင်းသိင်္ခ ဘ၀အကြောင်းတစ်စေ့တစ်စောင်း Click လိုက်ပါ


Rest of your post

ဖတ်ကြည့်ချင်သေးလား....

အနှစ်နှစ်ဆယ်တောင် ရှိသွားခဲ့ပြီ

ဆူးလေဘုရားလမ်းမကြီးပေါ်မှာ မှတ်မိသေးရဲ့လား.......

ဖတ်ကြည့်ချင်သေးလား....

Friday, August 1, 2008

“အစနဲ့ အဆုံးကြားမှာ ခဏပြုံးထားကြရအောင်”

သူငယ်ချင်းရေ....
ကိုယ်တို့ဆီမှာအခုနွေရာသီ ပင်လယ်ကမ်းခြေသွားပြီး အနားယူနေကြပြီလေ...။
မျက်မှန် မဲမဲထဲကနေ သောင်ပြင်ပေါ်က မြက်ခင်းစိမ်းစိမ်းလေးတွေကို ခိုးကြည့်နေတဲ့ ပုရိသတွေ
တပုံကြီးပေါ့ကွာ...။တရားစကားနဲ့ပြောရရင်
ခဏလေးတွေ့ရတဲ့ အလှလေးတွေကြောင့်
တို့တစ်တွေမှာ ဘ၀အကြွးတွေ ဆပ်မကုန် ဖြစ်နေကြရတာပေါ့နော်။
အဲဒါအချစ်တဲ့လား...။
လောကကြီးမှာကွာ မိဘနဲ့သားသမီးအချစ်၊မောင်နှမအချစ်၊ဆွေမျိုးအချစ်၊သူငယ်ချင်းအချစ်၊ လင်မယားအချစ်၊ ချစ်သူအချစ်ဆိုပြီး ခေါင်းစဉ်တွေ တစ်ပုံကြီးနဲ့ချစ်နေလိုက်ကြရတာ
သောကကုန်ကို ကျောပေါ်ထမ်းပြီး
တဏှာအဆုန်လမ်းကို ဇရာကုန်ခမ်းတဲ့အထိ
မမောတမ်းခရီးနှင်နေကြရတယ်..။
တကယ်တော့....ခရီးမတွင် ဘူးကွနော်...။
အချိန်ခဏလေးအတွင်းမှာ..လောဘတွေဖက်လာ..။ဒေါသတွေယှက်ဖြာ..မောဟတွေအခက်ဖြာပြီး... တဏှာမီးတွေဟုန်းဟုန်းတောက် ပေါက်ကွဲကုန်တာပါဘဲ သူငယ်ချင်းရယ်...။ တွေ့တုန်းဆုံတုန်းခဏလေးမှာ သဘောထားတူရင်ချစ်ကြတယ် သဘောထားမတူရင် ကွဲကြ မုန်းကြတယ်..။ ကဲ....မင်းစဉ်းစားကြည့်ကွာ...။ တို့တစ်တွေဟာ အစတုန်းထဲက သိခဲ့ကြတာမဟုတ်ဘူးနော်...။ပြောရရင် ရှေးရေစက်လို့ ဆိုစကောင်းရဲ့..။ ကိုယ့်ကို ငယ်ငယ်တုန်းက အဖိုးကဆုံးမဘူးတယ်...။
“ငါ့မြေး...လောကကြီးမှာ အပေါင်းအသင်းလုပ်မိပြီဆို အခေါ်အပြောအဆက်အဆံ ရှိရမှာဘဲ ချစ်သူမုန်းသူဘေးချိတ်ထား လူယဉ်ကျေးတို့ရဲ့စိတ်ဟာ မြင့်မြတ်မှုမှာတည်တယ် တဲ့..။”
ကောင်းပြီ..အစကထဲကမသိရင် ခေါ်နေပြောနေဘို့မလိုဘူးမဟုတ်လား..။အခုသိကျွမ်းခင်မင် ခဲ့ ပြီးကာမှ ငါနဲ့သဘောထားမတူလို့၊ သူကသဘောထားသေးသိမ်လို့စတဲ့ မာနတရားတွေ အာဃာတတွေနဲ့ ရန်သူတွေဖြစ်ကုန်ကြမယ်ဆိုရင် အလွန်အရုပ်ဆိုးမနေဘူးလား..ဟင်။ မိဘကအမွေပြတ်တာတွေ၊လင်မယားကွာရှင်းပြတ်ဆဲကြတာတွေ၊မောင်နှမချင်း ရန်သူတွေဖြစ်ကုန်ကြတာတွေ၊ ချစ်သူချင်းချင်း ကွေကွင်းကုန်တာတွေ၊ သူငယ်ချင်းစာရင်းက ဖျက်ပစ်ကြတာတွေဟာ မာနစိတ်ကိုအလိုလိုက် ဒေါသနဲ့ဖြေရှင်းကြတော့ သံသရာအဆက်ဆက် အမျက်ပြေပါဦးတော့မလားကွာ..။ ဒါတွေအားလုံးဟာ နောက်ဆုံးဘာဖြစ်ကုန်လဲ..။ကိုယ်နားလည်တာကတော့ ဘာမှမဖြစ်ဘူးဆိုတာဘဲ..။အမုန်းတွေဘဲကျန်ခဲ့ပြီး အကျိုးကျေးဇူးဘာတစ်ခုမှမရှိပါဘူးကွာ...။
ဘ၀ကောင်းကျိုး ဆက်ချင်ရင် စိတ်နှလုံးဖြူစဉ်..
ချစ်တာမုန်းတာဘေးဖယ်ထား မြင့်မြတ်တဲ့ စိတ်ထား..။တဲ့...ကောင်းပြီ...။
အဲဒီတော့ ကိုယ်စဉ်းစားကြည့်တယ်...။ကိုယ့်ကို ငယ်ငယ်တုန်းက ဆရာတစ်ယောက် ပြောဖူးတယ်..။ မင်းကို စကားလက်ဆောင်ပေးလိုက်မယ်နော်...။
“မွေးလာတဲ့အချိန်ကစပြီး လူဖြစ်လာပြီ..လောကကြီးထဲကြီးပြင်းလာရပြီ..လောကဓံတရားတွေနဲ့လည်းကြုံတွေ့လာရပြီ လောကကြီးထဲမှာ အကြာကြီးနေရတဲ့သူ ဘယ်သူမှမရှိဘူး အဲဒီတော့ အစနဲ့အဆုံးကြားမှာ တို့တစ်တွေ ခဏပြုံးထားကြရအောင်”
မင်းရဲ့သူငယ်ချင်း


Summary



ဖတ်ကြည့်ချင်သေးလား....