Friday, March 21, 2008

Saturday, October 13, 2007

သိကြားမင်းဘာလုပ်နေတာလဲတဲ့…. (ဘုန်းဘုန်း ဘလော့မှ ထပ်ဆင့်တင်ပြပါသည်)
#fullpost {display:none;}
မှတ်မှတ်ရရ မြန်မာပြည်မှာ စစ်အစိုးရက ဘုန်းကြီးတွေကို ဖမ်းဆီးသတ်ဖြတ်မှု အရှိန်ကောင်းနေတုန်းက ဘုန်းဘုန်းလည်း အခြေအနေ စိုးရိမ်လို့ အိမ်ကိုဖုန်းဆက်ဖြစ်ပါတယ်။ ညီမလေးနဲ့စကားပြောဖြစ်တယ်ပေါ့။ ကလေးကတော့ ကိုကြီးမရှိတာ ကံကောင်းတယ်ပေါ့။ မဟုတ်ရင် ကိုကြီးလည်းအဖမ်းခံရတဲ့ အထဲမှာ ပါမှာသေချာတယ်တဲ့… အမှန်ပြောရရင် အဲဒီအချိန်တုန်းက ဘုန်းဘုန်းစိတ်ထဲမှာ ပြန်သွားပြီးကိုယ်တိုင် ပါဝင်လှုပ်ရှားချင်စိတ်တွေကို မနည်းထိန်းချုပ်ထားရပါတယ်။ နီးနီးလေးမဟုတ်တော့လည်း အင်တာနက် စာမျက်နှာများကပဲ ကြည့်ရှုအားပေးခဲ့ရပြီး ဒင်းတို့လုပ်ရက်ကြောင့် စိတ်ထဲမှာအတော့်ကို ခံစားနာကျင်ခဲ့ရပါ တယ်။ညီမလေးနဲ့ ဖုန်းပြောတုန်းက ကလေးကဘာပြောလဲဆိုတော့ …ဒီလောက်ရက်စက်တဲ့၊ သာသနာကို ဖျက်စီးနေ တဲ့သူကို သိကြားမင်းက ဘာမှမလုပ်ဘဲ ဘာလုပ်နေတာလဲ့လို့ မေးပါတယ်။ ဟုတ်တယ်… သိကြားမင်း ဘာလုပ်နေလဲ… တကယ်တော့ ဒင်းတို့လုပ်ရပ်ကို သိကြားမင်းခေါင်းထဲ မထည့်ပါဘူး။ စိတ်လဲမ၀င်စားပါဘူး… ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက်ဘာမှ မထိခိုက်လို့ပါ။ အဲ….သိကြားမင်း စိတ်ဝင်စားပြီး အထူးစောင့်ကြည့် တာက သူ့ထိုင်ခုန်လုပ်မယ့်သူမှ စောင့်ကြည့်ပြီး တစ်ခုခုလုပ်တာပါ။ သိကြတဲ့အတိုင်းပဲ…. သိကြားမင်းဆိုတာ စည်းစိမ်အပြည့်ခံစားတဲ့သူလေ။ တစ်ဘက်နှစ်သမီး ၅၀၀ တောင်တဲ့။ ဘယ်လောက်စည်းစိမ်တွေ ရစ်နေမလဲ ဆိုတာ တွေးကြည့်ပေါ့။တကယ်တော့ သိကြားမင်းစောင့်ကြည့်တဲ့သူက လူ့ပြည်မှာ ကုသိုလ်ကောင်းမှုတွေ အရမ်းလုပ်ပြီး တာဝတိံသာ နတ်ပြည်က သူ့နေရာကို ရောက်လာမယ့်သူကိုပဲ စောင့်ကြည့်တာပါ။ မာဃလုလင်လို မိဘနှစ်ပါးကိုလုပ်ကျွေး၊ ရပ်ရေးရွာရေး တိုင်းရေးပြည်ရေး ကုသိုလ်ရေးတွေမှာ ကြိုးစားအားထုတ်ပြီး ကိုယ်ကျင့်တရားကောင်းတဲ့သူမျိုး တွေကိုသာ စောင့်ကြည့်တာပါ။ သူ့နေရာပျောက်မယ့်အရေးကြောင့်ပေါ့။ တိုတိုပြောရရင် ကောင်းတာလုပ်တဲ့ သူတွေကိုသာ စောင့်ကြည့်တတ်တာ စောင့်ကြည့်ပေးရတာ သိကြားမင်းအလုပ်ပါ။ခု ဒင်းတို့က သိကြားမင်းစောင့်ကြည့်ရမယ့် သူတွေမဟုတ်ပါဘူး။ ယမမင်းစောင့်ကြည့်ရမယ့် သူတွေပါ။ သိကြားမင်းကျောက်ဖျာပူအောင် လုပ်နိုင်ဖို့ သူတို့မှာ ဘာကောင်းမှုမှ မရှိပါဘူး။ ယမမင်းအတွက်ကတော့ မှတ်စရာတွေအပြည့်ရှိသူတွေပါ။ ယုတ်မာလိုက်တာမှ ကမ်းကုန်ပါပဲ။ ကောင်းတာဆိုတစ်ခု မလုပ်တဲ့အပြင် ဘာသာ သာသနာကိုပါ စော်ကားဖျက်စီးနေသူတွေပါ။ တိုင်းသူပြည်သားတွေကို မင်းကျင့်တရားနဲ့ အညီအုပ်ချုပ်ဖို့ဝေးစွ ဘယ်လိုနိုင်ထက်စီးနင်းလုပ်ရမလဲ၊ နှိပ်စက်လိုက်ရမလဲပဲ စဉ်းစားနေသူတွေပါ။ တိုင်းသူပြည်သားတွေကို အကျင့်စာရိတ္တ ကိုယ်ကျင့်တရားကောင်းမွန်အောင် ညွှန်ပြဖို့နေနေသာ သူတို့ကိုယ်တိုင် ဘာကိုယ်ကျင့်တရားမှ မရှိတဲ့အပြင် တိုင်းသူပြည်သားများ ကိုယ်ကျင့်တရား ပျက်ပြားအောင် လုပ်နေသူတွေပါ။ ဟင်း…ဒင်းတို့ ဂုဏ်တွေကတော့ ဖော်လို့ကုန်မှာ မဟုတ်ပါဘူး..ဒါကြောင့်…နောက်ဆုံးညီမလေးကို ပြောဖြစ်လိုက်တာကတော့ …ညီမလေးရေ..သိကြားမင်းကို မတောင့်တနဲ့ ယမမင်းကိုသာ ဒင်းတို့ကို အမြန်မြန်ခေါ်ဖို့တောင့်တပါလို့..ဆိုတဲ့စကားပါ…
အပြည့်အစုံသို့...
အကျဉ်းမျှသာ...
checkFull("post-" + "1193389592639454383")
Posted by vi at 10:19 AM 0 comments Links to this post
Labels:

Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

သင်္ကြန်သံချပ် နားဆင်ကြရအောင်
http://www.khitpyaing.org/KP_music/thangyat_2008/thangyat1.php
http://www.khitpyaing.org/KP_music/thangyat_2008/thangya2.php

ဖတ်ကြည့်ချင်သေးလား....

Monday, March 17, 2008

ခေါင်းဆောင်ကောင်း ဟူသည်
ခေါင်းဆောင်ကောင်း..မှန်ပါက
ငယ်သူကို..ညှာတာစွာ
အာဏာစိုးမိုး..အနိုင်မကျင့်..
ကိုယ်နှင့်.ယှဉ်ထား၊ မာနချပါ
အားငယ်သူ..ငယ်သား
ထားရမဲ့ သနား.ဂရုဏာ.ကြင်နာစွာ…
မသိမိုက်စော်ကားတောင်မှ..
ခန္ဓီစ၊ သည်းခံတတ်စေရာ
မှားသူကို..ဝေဖန်ကာ လမ်းပြ..
ထောက်ရှု ကိုယ်ချင်းစာနာခြောက်ဖြာသော..
ပြည့်စုံမှုကြီးသူ ၏ကျင့်ဝတ်..မင်္ဂလာ။
ခေါင်းဆောင်ဟူသည်..
မိမိဖာသာ..ခန့် အပ်ရရိုးထုံးစံမရှိ
အများ၏ ယုံကြည်မှု..
တည်ကြည်စွာ သစ္စာဂတိပြု.
ဘက်မလိုက်.ဆုံးဖြတ်တတ်မှု
ရိုးသားစွာ ရဲရင့်မှု
သတ္ထိ ဗျတ္တိ..နှလုံးရည်
ပြည့်စုံအရိပ်ကောင်းသော..ပင်ရိပ်မြုံ်နှယ်..
ငယ်သားက.
အားကိုး.ယုံကြည်နိုင်ရမယ်။
အန္တရာယ်ဘေး..ကင်းဝေးအောင်
မျက်နှာကြီးငယ်မရွေး
ကာကွယ်.စောင့်ရှောက်ပေးရေး.
အနစ်နာခံ..သွေးသမိုင်းရေး
ဒါဟာခေါင်းဆောင်ကောင်းရဲ့ အရည်အသွေး
တော်သူကို..နေရာပေးလေးစား
တာဝန်ခွဲဝေ..စီမံခန့် ခွဲနိုင်အား
တိကျ.မှန်ကန်..စေတနာမှန်
ရှေ့ က..ဦးဆောင်ရန်.
အခက်အခဲနဲ့ ယှဉ်..
ဆူးထွင်..မကြောက်..၊
အားပေးလက်နဲ့  ခေါင်းဆောင်တယောက်
သင်လည်း..တယောက်ဖြစ်နိုင်
အများ၏ လေးစား ကြည်ညိုမှု
ခေါင်းဆောင်ကောင်းသို့ ဂုဏ်ပြုသည်။
ကြွခဲ့ပါ..အရှေ့ မှာ ဒေါင်းလံထူထားသည်။
တယောက်ကျရင်..နှစ်ယောက်တက်..
တယောက်သေရင်..နှစ်ယောက်ထွက်..
ကျန်ပစေ..နောက်ဆုံးသွေးတစ်စက်..
ရှူနေမယ်..နောက်ဆုံးထွက်သက်..
မလဲပြိုစေချင်…သာသနာ့ အလံတစ်လက်..
အမိမြေ၏ခေါင်းဆောင်ကောင်းသို့ ..ဖိတ်ခေါ်ချက်။
လာ..အရှေ့ သို့ ဆက်လျှောက်ကြမည်။
ကြိုက်လွန်းလို့ မျှဝေလိုက်ပါတယ်(ကျေးဇူးပါမသဒ္ဓါ)
မသဒ္ဓါ Posted by Ma Thadar

ဖတ်ကြည့်ချင်သေးလား....