Monday, March 17, 2008

ခေါင်းဆောင်ကောင်း ဟူသည်
ခေါင်းဆောင်ကောင်း..မှန်ပါက
ငယ်သူကို..ညှာတာစွာ
အာဏာစိုးမိုး..အနိုင်မကျင့်..
ကိုယ်နှင့်.ယှဉ်ထား၊ မာနချပါ
အားငယ်သူ..ငယ်သား
ထားရမဲ့ သနား.ဂရုဏာ.ကြင်နာစွာ…
မသိမိုက်စော်ကားတောင်မှ..
ခန္ဓီစ၊ သည်းခံတတ်စေရာ
မှားသူကို..ဝေဖန်ကာ လမ်းပြ..
ထောက်ရှု ကိုယ်ချင်းစာနာခြောက်ဖြာသော..
ပြည့်စုံမှုကြီးသူ ၏ကျင့်ဝတ်..မင်္ဂလာ။
ခေါင်းဆောင်ဟူသည်..
မိမိဖာသာ..ခန့် အပ်ရရိုးထုံးစံမရှိ
အများ၏ ယုံကြည်မှု..
တည်ကြည်စွာ သစ္စာဂတိပြု.
ဘက်မလိုက်.ဆုံးဖြတ်တတ်မှု
ရိုးသားစွာ ရဲရင့်မှု
သတ္ထိ ဗျတ္တိ..နှလုံးရည်
ပြည့်စုံအရိပ်ကောင်းသော..ပင်ရိပ်မြုံ်နှယ်..
ငယ်သားက.
အားကိုး.ယုံကြည်နိုင်ရမယ်။
အန္တရာယ်ဘေး..ကင်းဝေးအောင်
မျက်နှာကြီးငယ်မရွေး
ကာကွယ်.စောင့်ရှောက်ပေးရေး.
အနစ်နာခံ..သွေးသမိုင်းရေး
ဒါဟာခေါင်းဆောင်ကောင်းရဲ့ အရည်အသွေး
တော်သူကို..နေရာပေးလေးစား
တာဝန်ခွဲဝေ..စီမံခန့် ခွဲနိုင်အား
တိကျ.မှန်ကန်..စေတနာမှန်
ရှေ့ က..ဦးဆောင်ရန်.
အခက်အခဲနဲ့ ယှဉ်..
ဆူးထွင်..မကြောက်..၊
အားပေးလက်နဲ့  ခေါင်းဆောင်တယောက်
သင်လည်း..တယောက်ဖြစ်နိုင်
အများ၏ လေးစား ကြည်ညိုမှု
ခေါင်းဆောင်ကောင်းသို့ ဂုဏ်ပြုသည်။
ကြွခဲ့ပါ..အရှေ့ မှာ ဒေါင်းလံထူထားသည်။
တယောက်ကျရင်..နှစ်ယောက်တက်..
တယောက်သေရင်..နှစ်ယောက်ထွက်..
ကျန်ပစေ..နောက်ဆုံးသွေးတစ်စက်..
ရှူနေမယ်..နောက်ဆုံးထွက်သက်..
မလဲပြိုစေချင်…သာသနာ့ အလံတစ်လက်..
အမိမြေ၏ခေါင်းဆောင်ကောင်းသို့ ..ဖိတ်ခေါ်ချက်။
လာ..အရှေ့ သို့ ဆက်လျှောက်ကြမည်။
ကြိုက်လွန်းလို့ မျှဝေလိုက်ပါတယ်(ကျေးဇူးပါမသဒ္ဓါ)
မသဒ္ဓါ Posted by Ma Thadar

No comments: