Friday, March 14, 2008

လမ်းလျှောက်ကြသူများသို့(၂)

သူငယ်ချင်းရေ....

ကိုယ်တို့ ရွှေနိုင်ငံသားတွေ ဒီမိုကရေစီ ဆိုတဲ့ ရသာစုံ ဟင်းလေးအိုးကြီးကို ခပ်ယူစားသုံးချင်လို့ ရင်းနှီးလိုက်ကြရတာ တန်ဘိုးတွေ မနည်းတော့ဘူးနော်..။ နည်းလမ်းတွေကလဲ စုံနေတာဘဲ။ဟင်းလေးအိုးကြီး ကျက်ဖို့ကို စောင့်ရတဲ့ အချိန်တွေလည်း ရာစုနှစ်ချီကြာခဲ့ပြီနော်...။ဟင်းအိုးကြီးက တို့မြန်မာပြည်ပေါ့..။ အထဲက ဟင်းတွေက ဒီမိုကရေစီအနှစ်တွေလေ....။ဖိုခနောက်ကတော့ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတွေပေါ့..။အထဲက မီးခဲ လေးတွေက အလောင်ကျွမ်းခံကြရတဲ့ ကျောင်းသားကျောင်းသူနဲ့ ပြည်သူတွေပေါ့...။မီးတောက်ဖြစ်ဖို့ မီးပျောင်းရယ် လေမှုတ်ပေးတဲ့ လူတွေရယ်လိုဦးမှာပေါ့....။မီးပျောင်းကို UNပြောပြီး လေမှုတ်ပေးတဲ့သူတွေကိုတော့ သူငယ်ချင်းစိတ်ကြိုက်သတ်မှတ်ပေါ့ကွာ...များလွန်းနေလို့ပါ။ သေချာတာ တစ်ခုက ဟင်းအိုးက ထူလွန်းနေတော့ အခုအထိ မီးအပူရှိန်မရသေးဘူး။ ဖိုစောင့်နတ်ကပြောတယ်..ကျက်တော့မှာပါတဲ့....ကိုယ်ထင်တာကတော့ ဖိုစောင့်နတ်ဟာ လိမ်ညာနေတယ်လို့ဘဲထင်တယ်...။


ကိုယ်အခုရောက်နေတဲ့ နိုင်ငံမှာ ဒီမိုကရေစီအရသာကို ပြည်သူတွေခံစားနေတာ ကြည့်ပြီး အားကျတာတော့ အမှန်ဘဲ ပြည်သူတွေ တစ်ဦးချင်းစီရဲ့လွတ်လပ်ခွင့် အကျိုးခံစားခွင့်ကို အပြည့်အ၀ခံစားကြရတယ်...အားလုံးထဲက တစ်ခုပြောပြမယ်...။၂၄-၂-၂၀၀၈ ရက်နေ့က အလုပ်သမားတွေရပိုင်ခွင့် ၊ နိုင်ငံခြားသားအလုပ်သမားတွေ ရပိုင်ခွင့်နဲ့ပတ်သက်ပြီး နောက်တက်မဲ့သမ္မတ(နောက်တနေ့မှာ သမ္မတဖြစ်တဲ့ အီမြောင်ဘတ်)ကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ ဆန္ဒပြပွဲမှာ စည်းကမ်းတကျ ဆန္ဒပြကြတဲ့ ပြည်သူတွေ လုံခြုံရေးတာဝန်သူကြတဲ့သူတွေအားလုံးဟာ ကိုယ်တို့ နမူနာယူကြရမဲ့ ပြရုပ်တစ်ခုပါဘဲ။ရွှေဝါရောင် တော်လှန်ရေးရဲ့ နောက်ဆုံးဇာတ်သိမ်းဟာ စည်းကမ်းမဲ့တွေပူးပေါင်းလာမှုနဲ့ အကြမ်းဖက်နှိမ်နှင်းခံရမှု လို့ ကိုယ်ယူဆတယ် သူငယ်ချင်း...၊အစပျိုး စနစ်ကျပေမဲ့ အဆုံးသတ် ဖရိုဖရဲဖြစ်ခဲ့ရတာ နှမျောစရာမကောင်းဘူးလား၊ စည်းကမ်းမဲ့တွေ ပူးပေါင်းလာမှု ဟာ အကြောင်းရင်းခံဖြစ်ပြီး အကြမ်းဖက်နှိမ်နှင်းခံရမှုဟာ အကျိုးရလာဒ်ဘဲ မဟုတ်လား။အဲဒီနေ့က ဆန္ဒပြပွဲဟာ ပြောချင်တာတွေအစွမ်းကုန် ရင်ဖွင့်ပြောခွင့်ရသလို အန္တရာယ်ကင်းစွာ၊ငြိမ်းချမ်းစွာ ပွဲသိမ်းခဲ့တယ်...။ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ဒီလိုပါဘဲ။ အဲဒါကြောင့်ကိုယ်ကပြောတာပေါ့ အကြောင်းနဲ့ အကျိုးကို မသိလို့ကတော့ မပြောင်းတဲ့ အဆိုးအမွေ တစ်ပုံတစ်ပင်ကို ဒို့ရွှေတွေ ဆက်ခံကြရဦးမှာဘဲ...။ လို့ ရည်ရွယ်ချက်ကြီးမားခဲ့ကြတဲ့ ဆရာတော်သံဃာတော်တွေ၊ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်တွေကို စည်းကမ်းတကျ အကောင်အထည်မဖေါ်ဆောင်နိုင်ခဲ့ဘူး လို့ ကိုယ်ယူဆတယ်သူငယ်ချင်း။အဲဒါကြောင့် ကိုယ်တို့ရဲ့ လက်ရှိ အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီကို လိုချင်ရင် တစ်ဦးချင်းစီမှာ စည်းကမ်းရှိကြဖို့လိုတယ်လို့ ပြောတာပေါ့။အသေးအဖွဲလေးပါ ပြဿနာမရှိပါဘူးလို့ ဆိုပြီးနေလာခဲ့ကြတာဟာ တိုးတက်လိုသူတွေရဲ့အမူအရာ...လုပ်ရပ်မှ မဟုတ်ဘဲ။အောင်မြင်လိုသူတွေရဲ့အယူအဆမှ မဟုတ်ဘဲ..။ ဒါပေမဲ့ ဒါတွေရဲ့ အကြောင်းရင်းကတော့ မဆလခေတ် ရဲ့ မာယာစက်ဝိုင်းထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်နေခဲ့ကြရတာ ကြာပြီလေ...။အမြင်အလင်းတွေ ဖုံးပိတ်ခံခဲ့ကြရတာကြောင့်လို့ ကိုယ်ယူဆတယ် သူငယ်ချင်း အ၀ိဇ္ဇာအမှောင်ဘုန်းလေရင် နောင်အဆုံးသတ်ခက်လိမ့်မယ်တဲ့ ။ကဲ နောက်တစ်ခေါက်အပိုင်း(၃) မှာ မဆလ ဖခင်ကြီးရဲ့ နိုင်ငံရေးမုန်တိုင်းဒဏ်ကို ကိုယ့် အဖိုးအဖွားတွေ ခံခဲ့ရတဲ့ ကိုယ်မှတ်မိနေတဲ့ ငယ်ငယ်ကအကြောင်းလေးတစ်ချို့ နဲ့ပြောပြဦးမယ်..။ (အခုပြောတာတွေဟာ ကိုယ့်အယူအဆတွေပါ သူငယ်ချင်း)

No comments: