Thursday, March 13, 2008

AUTO ANSWER IN MYANMAR'PHONE

ပြောပြရဦးမယ်...ရီစရာလေး.....

အခုရက်ပိုင်းမှာ ရွှေနိုင်ငံကို ဖုန်းဆက်တာလေ..auto answer ကပြန်ဖြေတဲ့ စကားသံလေးက ထူးဆန်းနေလို့ ဘော်ဘော်တို့ကို တစ်ဆင့် ပြန်ပြောလိုက်ရပါတယ်...ဒီလို ဒီလို....
အဲဒါမပြောခင် ဟိုအရင်ဝန်ထမ်းဘ၀တုန်းက အရာရှိကြီးတွေပြောကြတဲ့ စကား ကြားခဲ့တာလေးကို အရင်ဖေါက်သည်ချဦးမယ်နော်... ၊ဆက်သွယ်ရေးအရာရှိကြီးရယ်၊ လျှပ်စစ်အရာရှိကြီးရယ်၊ စည်ပင်အရာရှိကြီးရယ် တွေ့ကြတော့ စည်ပင်အရာရှိကြီးက ညက ကျွန်တော်တို့ ရပ်ကွက်မီးပျက်တာဗျာ မီးရုံးကို ဖုန်းဆက်တာ အင်ဂေ့ ဖြစ်နေတယ်ဗျို့ တဲ့အဲဒီအခါ လျှပ်စစ်အရာရှိကြီး က မီးပျက်မှာပေါ့ဗျ စည်ပင်က သစ်ပင်တွေခုတ်တော့ ဓါတ်ကြိုးတွေပြတ်ကုန်တာပေါ့ တဲ့ဘေးထိုင်နေတဲ့ ဆက်သွယ်ရေးအရာရှိကြီးကလဲ ဟုတ်ပဗျာ တယ်လီဖုန်ကြိုးပေါ် သစ်ကိုင်းတွေ ကျိုးကျကုန်တာကိုဗျ တဲ့။ အဲဒါ ကျွန်တော် နားနဲ့ စပ်စပ် ကြားခဲ့ရတဲ့ ရီစရာစကားတွေပါ။
အဲ..ရွှေနိုင်ငံ ရဲ့ auto answer ကပြန်ဖြေတဲ့ ဖုန်းထဲက မမ ရဲ့ ချစ်စရာစကားသံလေးက ဒီလို လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ဂမ်ဘာရီ ရောက်နေပါသဖြင့် ခုရက်ပိုင်း ခေါ်ဆို၍ မရနိုင်ပါရှင် တဲ့ ကဲ ကောင်းရော ....။


No comments: