Friday, July 25, 2008

ဆေးဝါးကုသမှု မှတ်တမ်း (မြန်မာ+ကိုရီးယား ဘာသာပြန်) click

မြန်မာနိုင်ငံသို့သွားရောက်ပြီး ဆေးဝါးကုသပေးမည့်ကိုရီးယားဆရာဝန်အသင်း၏ တောင်းဆိုမှုအရ ပြည်တွင်း၌ ဆေးဝါး ကုသရာဝယ် လိုအပ်သည်များအားကိုရီးယား၊မြန်မာ ၂-ဘာသာဖြင့်ပြန်ဆိုထားပါသည်။
ဆက်လက် ဖတ်ရှုနိုင်ရန် click လိုက်ပါ..။(စိုးမိုးသူ-ဟန်ဂုရွာဘလော့မှ တင်ပြပါသည်)
Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

လုပ်ငန်းခွင်တွင်း ကျန်းမာရေးအတွက် သိသင့်သိထိုက်သည်များ အပိုင်း(၂)

လုပ်ငန်းခွင်တွင်း ဖြစ်ပွားသော အန္တရာယ်ရှိသည့်အရာများကြောင့် ဖြစ်ပွားရသော ကျန်းမာရေးဆိုးကျိုးများ(စိုးမိုးသူ-ဟန်းဂုရွာ ဘလော့ မှ )

၁-အမှုန်၊အမျှင်ပါသော ဆီလီကိတ်သတ္တု(asbestos)
အမှုန်သည် အဆုတ်သို့ ၀င်ရောက်ကာ အဆုတ်အား ဖျက်ဆီးသည်။အမှုန် ပမာဏ များလေလေ၊ အမှုန်များသော လုပ်ငန်းအား ကြာရှည်စွာ လုပ်ကိုင်လေလေ အဆုတ်ပျက်စီးမှုသည် ပိုမို ကြီးထွားလေ ဖြစ်သည်။အဆုတ် ပျက်စီးပါက အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ သလိပ်ကပ်ခြင်းများ ဖြစ်ပွားသည်။ အဆုတ်ပျက်စီးလာသဖြင့် အမျိုးမျိုးသော ဘက်တီးရီးယားပိုးများနှင့် ဗိုင်းရပ်စ်ပိုးများ လွယ်ကူစွာ ၀င်လာကာ အဆုတ်ရောဂါ ဖြစ်ရသည်။
Summary

ထို့ကြောင့် အမှုန်များသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်သော အလုပ်သမားသည် အမှုန်မရှိသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင် သော အလုပ်သမားထက် တီဘီရောဂါ၊ လေကြောင်းပြွန်ယောင်ရောဂါ စသည့် အသက်ရှူအစိတ်အပိုင်းဆိုင်ရာရောဂါများ လွယ်ကူစွာ ဖြစ် ပွားလေ့ရှိသည်။အမှုန်ကြောင့် အဆုတ် ပျက်စီးပါက ကုသနည်း မရှိပေ။ အဆုတ်တွင်းရှိသည့် အမှုန်များအား ရှင်းလင်နိုင်စွမ်းမရှိခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အသက်ရှူအကူ မျက်နှာဖုံးအား အသုံးပြုပြီး အဆုတ်အတွင်းသို့ အမှုန်များမ၀င်နိုင်အောင် တားဆီးခြင်းသည် အကောင်းဆုံး နည်းလမ်းပင်ဖြစ်သည်။အမှုန်များအနက် အဆိပ်အပြင်းဆုံးသည် အမျှင်ပါသော ဆီလီကိတ်သတ္တု(asbestos)ပင် ဖြစ်သည်။ ယင်းသည် အဆုတ်အပြင်မြှေး ကင်ဆာနှင့် အဆုတ်ကင်ဆာတို့အား ဖြစ်စေသည်။ ယနေ့ ကိုရီးယားနိုင်ငံတွင် အဆောက်အဦဆောက်လုပ်ခြင်းနှင့် ပြန်လည် တည် ဆောက်ခြင်းတို့၌ ယင်း သတ္တုအား အသုံးပြုခြင်းကို တားမြစ်ထားသည်။ သို့သော် အတိတ်က တည်ဆောက်ခဲ့သော အဆောက်အဦ များတွင်မူ ယင်းသတ္တုအား အသုံးပြုခဲ့ကြသည်။ အဆောက်အဦအတွင်း ယင်းသတ္တုရောစပ်ပြုလုပ်ထားသော အရာများ ပျက်စီးခြင်း၊ ကွဲကြေခြင်း မှတဆင့် သတ္တုများ လေထုအတွင်း ၀င်ရောက်လာသည်။အထူးသဖြင့် နံရံအပေါက်ဖောက်သည့်လုပ်ငန်း၊ အပူခံပြားစသည်တို့အား ခွာခြင်း၊ အဆောက်အဦအား ဖြိုဖျက်ခြင်း၊ ပိုက်တပ်ဆင်ခြင်း၊ အဆောက်အဦပြုပြင်ခြင်း စသည် ပြုလုပ်သည့်အခါများတွင်လည်း အဆိုပါသတ္တုများ လွင့်ထွက်လာနိုင်ချေ အထူး မြင့်မားသည်။ထို့ကြောင့် အဆိုပါသတ္တုရှိသည်ဟု ထင်ရသော လုပ်ငန်းမျိုးတွင် သတိကြီးစွာဖြင့် အသက်ရှူ အကူအညီပေးသည့် မျက်နှာဖုံးများ တပ်ဆင်ပြီး လုပ်ကိုင်ရမည်။ အဆိုပါ သတ္တုကြောင့် ဖြစ်ပွားရသော အဆုတ်အပြင် မြှေးကင်ဆာနှင့် အဆုတ်ကင်ဆာများ၏ရောဂါလက္ခဏာများသည် ပျမ်းမျှခြင်းအားဖြင့် အနှစ်၂၀နောက်ပိုင်းမှ တဖြေးဖြေး ပေါ်ပေါက်ကြသည်။ထို့ကြောင့် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အဆိုပါ သတ္တုများ ကိုယ်တွင်း ၀င်ရောက်ခြင်း ခံခဲ့ရသော်လည်း မိမိတို့ဌာနေတိုင်းပြည်သို့ ပြန်ပြီး အတန်ကြာမှသာလျှင် အဆိုပါ ရောဂါများစတင် ဖြစ်ပေါ်မည်ဖြစ်သည်။ ထိုအခါမျိုးတွင် လုပ်ငန်းခွင်တွင်းထိခိုက်မှုကြောင့် ရရှိနိုင်မည့် လျော်ကြေးငွေ တောင်းခံခြင်းသည်လည်း အခက်အခဲ ရှိသဖြင့် ကြိုတင် ကာကွယ်ခြင်းသည် အထူး အရေးကြီးလှပေသည်။အပြည့်အစုံကို http://burmainfokorea.blogspot.com/2008/07/blog-post_6130.html မှာဆက်ကြည့်ပါခင်ဗျာ...

ဖတ်ကြည့်ချင်သေးလား....

Thursday, July 24, 2008

အချိန်လေးနည်းနည်းပေးပါ

အိမ်ထောင်သက် (၂၁)နှစ်အကြာမှာ ကျွန်တော့်မိန်းမက ကျွန်တော့်ကိုအမျိုးသမီးတစ်ယောက်နဲ့ ညစာအတူ ထွက်စားပြီး ရုပ်ရှင်အတူတူကြည့်စေချင်ကြောင်း ပြောလာပါတယ်။ ကျွန်တော့်မိန်းမက ပြောပါတယ်။ သူကျွန်တော့်ကို ချစ်တယ်တဲ့။ ဒါပေမယ့် အဲဒီအမျိုးသမီးလည်း ကျွန်တော့်ကိုသိပ်ချစ်ပြီး ကျွန်တော်နဲ့ အတူတူ ရှိနေချင်တာ သူသိတယ်တဲ့။ကျွန်တော့်မိန်းမပြောနေတဲ့ အမျိုးသမီးဆိုတာ မုဆိုးမအဖြစ် ဘဝကို ဖြတ်သန်းနေတာ (၁၉)နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော့်အမေပါ။ ကျွန်တော့်ရဲ့အလုပ်တွေနဲ့ သားသမီး(၃)ယောက်အတွက် တာဝန်တွေကြောင့် အမေ့ဆီကိုအကြောင်းထူးရှိတဲ့ တခါတရံကလွဲလို့ သိပ်မရောက်ဖြစ်ပါဘူး။ အဲဒီညကတော့ အမေ့ကိုဖုန်းဆက်ပြီး ကျွန်တော်နဲ့အတူ ညစာထွက်စားပြီးရုပ်ရှင်ကြည့်ဖို့ ပြောလိုက်ပါတယ်။ "သား... နေရောကောင်းရဲ့လား။ ဘာများဖြစ်နေလဲ?"အမေဟာ ညည့်နက်မှဖုန်းလာရင်၊ ဆိုင်းမဆင့်ဗုံမဆင့် အပြင်ထွက်စားဖို့ခေါ်ရင်သတင်းဆိုးတွေများ ရှိလို့လားလို့ သံသယဝင်တတ်တဲ့သူပါ။"မဟုတ်ပါဘူး အမေရယ်။ အမေနဲ့ အေးအေးဆေးဆေးတွေ့ပြီး စကားလေးဘာလေးပြောချင်လို့ပါ။ ကျွန်တော်နဲ့ အမေနဲ့ နှစ်ယောက်ထဲလေ"အမေက စဉ်းစားသလို ခဏငြိမ်သွားပြီးမှ "အရမ်းကောင်းတာပေါ့ သားရယ်" လို့ပြန်ပြောပါတယ်။
်Summary

အဲဒီအပတ် သောကြာနေ့မှာ ရုံးဆင်းတာနဲ့ အမေ့ကိုကားနဲ့ သွားကြိုပါတယ်။ ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလှုပ်ရှားနေမိတယ်။ အမေ့အိမ်ကိုရောက်တဲ့အခါမှာ အမေလည်း ကျွန်တော့်လိုပဲ စိတ်လှုပ်ရှားပျော်ရွှင်နေတာတွေ့ရပါတယ်။ အမေက ကုတ်အကျီလေးဝတ်ပြီး တံခါးဝမှာ စောင့်နေပါတယ်။ ဆံပင်လေးတွေကို အခွေအလိပ်လေးတွေ လုပ်ထားပြီး အဖေနဲ့နောက်ဆုံးအကြိမ်မင်္ဂလာနှစ်ပတ်လည် ပွဲတုန်းက ၀တ်ခဲ့တဲ့ အကျီလေးကိုပဲ ၀တ်ထားပါတယ်။အမေ့မျက်နှာပေါ်က အပြုံးဟာ နတ်သမီးတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါလိုပဲလင်းလက်တောက်ပနေပါတယ်။"အမေ့သူငယ်ချင်းတွေကို ငါ့သားလေးနဲ့ အပြင်ထွက်ပြီး ထမင်းစားမလို့လို့ပြောလိုက်တော့ သူတို့တွေက အမေ့ကိုအထင်ကြီးနေကြတယ်။ သားနဲ့ဘယ်တွေသွားတယ် ဘာတွေစားတယ်ဆိုတာ သူတို့ကိုပြန်ပြောပြရဦးမယ်။သိပ်သိချင်နေကြတယ်..."
ကားပေါ်တက်ရင်း အမေကပြောတယ်။ဆိုင်အကောင်းစားကြီးမဟုတ်ပေမယ့် သပ်သပ်ရပ်ရပ်နဲ့ နွေးထွေးမှုရှိတဲ့ဆိုင်လေးတစ်ဆိုင်ကို ကျွန်တော်တို့သွားလိုက်တယ်။ ထိပ်တန်းအမျိုးသမီးကြီးတစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့ အမေက ကျွန်တော့်လက်မောင်းကို ကိုင်ထားပါတယ်။စားပွဲမှာ ထိုင်ပြီးတော့ အစားအသောက်စာရင်းကို ကျွန်တော်က ဖတ်ပြရပါတယ်။အမေက စာလုံးကြီးကြီးတွေကိုပဲ ဖတ်နိုင်တော့လို့ပါ။ ဖတ်ရင်းတန်းလန်းနဲ့မော့ကြည့်မိတော့ ကျွန်တော့်ကို ထိုင်ပြီးစိုက်ကြည့်နေတဲ့အမေ့ကိုတွေ့ရပါတယ်။ အတိတ်ကို သတိရနေတဲ့ အပြုံးလေးနဲ့ အမေကပြောတယ်..."သားငယ်ငယ်လေးတုန်းကတော့ အစားအသောက်စာရင်းကို ဖတ်ပြတဲ့သူက အမေပေါ့...""အခုတော့ အမေအနားယူပြီး ကျွန်တော့်ကို အလှည့်ပေးပေါ့... နော်အမေ..." လို့ကျွန်တော် ပြန်ပြောလိုက်ပါတယ်။
ညစာစားရင်း ကျွန်တော်တို့နှစ်ယောက် စကားကောင်းကောင်း ပြောဖြစ်ခဲ့ပါတယ်။ပြောဖြစ်တဲ့ အကြောင်းအရာတွေက ဘာမှထွေထွေထူးထူးတော့ မဟုတ်ပါဘူး။အခုလတ်တလော ကိုယ်ဘာတွေလုပ်တယ် ဘာတွေဖြစ်တယ်ဆိုတာကို အပြန်အလှန်ပြောဖြစ်ကြတာပါ။ စကားပြောတာ ဘယ်လောက်ကြာသွားသလဲဆိုရင် ရုပ်ရှင်တောင်လွတ်သွားတဲ့အထိပါပဲ။
အမေ့ကို အိမ်ပြန်ပို့တော့ အမေက "အမေတို့ နောက်တစ်ခါလည်း အခုလိုပဲအပြင်ထွက်စားကြဦးမယ်လေ။ ဒါပေမယ့် ဒီတစ်ခါတော့ အမေက ကျွေးမှာနော်..."လို့ပြောလို့ ကျွန်တော် သဘောတူလိုက်ရပါတယ်။အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော့်မိန်းမက "ညစာထွက်စားတာ ပျော်ခဲ့လား" လို့အပြုံးနဲ့ မေးပါတယ်။"အရမ်းပျော်ဖို့ကောင်းတယ်။ ကိုယ်မျှော်လင့်ထားတာထက်တောင် အများကြီးပိုပြီး ပျော်ဖို့ကောင်းပါတယ်..." လို့ ပြန်ဖြေမိပါတယ်။
ရက်အနည်းငယ်အတွင်းမှာပဲ ရုတ်တရက် ပြင်းထန်တဲ့ နှလုံးရောဂါခံစားရပြီးအမေဆုံးရှာပါတယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းလို့ အမေ့ကို ကျွန်တော်ဘာမှတောင် လုပ်မပေးလိုက်နိုင်ပါဘူး။ အမေဆုံးပြီး သိပ်မကြာခင်မှာအမေနဲ့ကျွန်တော် သွားခဲ့တဲ့ စားသောက်ဆိုင်က ငွေလက်ခံဖြတ်ပိုင်းမိတ္တူတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ် ကျွန်တော့်ဆီကို ရောက်လာပါတယ်။ဖြတ်ပိုင်းမိတ္တူနဲ့အတူ အမေရေးထားတဲ့ စာလေးတစ်စောင်ပါ ပါလာပါတယ်။ "သား...ဒီငွေတောင်းခံလွှာအတွက် အမေကြိုပြီး ပိုက်ဆံပေးခဲ့တယ်...အဲဒီနေ့မှာ အမေသားတို့နဲ့ အတူရှိနေနိုင်ပါ့မလားဆိုတာတော့သိပ်မသေချာဘူး...ဘာပဲဖြစ်ဖြစ် အမေလူနှစ်ယောက်စာအတွက် ပိုက်ဆံပေးခဲ့တယ်။ အမေ့သားနဲ့အမေ့ချွေးမ အတွက်ပါ...သားနဲ့ညစာထွက်စားတဲ့ညဟာ အမေ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိတယ်ဆိုတာသားဘယ်တော့မှ သိမှာမဟုတ်ပါဘူး...သားကို အမေသိပ်ချစ်တယ်..."အမေ့စာကို ဖတ်ပြီးချိန်မှာ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်းအချိန်မီပြောဖို့၊ သူတို့ရသင့်တဲ့ တန်ဖိုးရှိတဲ့ပျော်ရွှင်စရာအချိန်တွေကို အချိန်မီပေးဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာကျွန်တော်နားလည်လိုက်ပါတယ်။ဘ၀မှာ ဘုရားနဲ့ မိသားစုထက်ပိုပြီး အရေးကြီးတဲ့အရာ မရှိပါဘူး။တန်ဖိုးရှိတဲ့ ဇာတ်လမ်းလေးမို့လို့ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ အခုလိုမိဝေးဖဝေးနဲ့ တနယ်တကျေးရောက်နေတဲ့အချိန်မှာ လူကြီးမိဘတွေနဲ့ တစ်အိမ်ထဲမှာအတူတူနေခွင့် ပြုစုခွင့်ရနေတဲ့သူတွေကို အားကျမိပါတယ်။ ကျွန်မလည်းမိဘနဲ့အတူတူနေတဲ့ အချိန်တွေတုန်းက (မိဘခိုင်းတာရှိရင်တော့ အကုန်လုံးလုပ်ပေးခဲ့ပေမယ့်) မိဘနားသိပ်မနေခဲ့ပဲ အချိန်အားရင် ကိုယ်ဘာသာတစ်ယောက်ထဲနေတတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မိဘနဲ့နေရတဲ့ အချိန်တွေကို တမက်တမောပြန်လိုချင်နေခဲ့ပါပြီ။ ဘ၀မှာ ကိုယ့်ဘာသာရုန်းကန်ရင်းလူတွေအကြောင်းပိုသိလာတဲ့ အခါကျမှ နောက်ဆုံးကိုယ့်ဘက်မှာအမြဲတမ်းရပ်တည်တဲ့ သူတွေဟာ မိသားစုပဲဆိုတာ ပိုပြီးနားလည်လာမိပါတယ်။မိဘနဲ့ အတူနေနေဆဲဖြစ်တဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်းအလုပ်တွေရှုပ်နေပေမယ့် မိဘအတွက် အချိန်သပ်သပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။
မင်းသန်းထိုက်မောင်(မျိုးချစ်မြန်မာမှ ထပ်ဆင့် ခံစားရပါသည်။)

ဖတ်ကြည့်ချင်သေးလား....

Wednesday, July 23, 2008

“ငါတို့ ပြန်တွေ့ကြမယ် သူငယ်ချင်း ”


ကောင်းကင်ပြာကို

တိမ်ညစ်တို့ အုပ်စိုး
ပြီးတော့ ..
အက်ဆစ်မိုးတို့ ရွာချ
ဘ၀တွေ နစ်မွန်း သွားကြတယ်။
ကျေးငှက်တွေက အတောင်ပံတွေကို တမ်းတ
ပန်းပွင့်တွေက ရနံ့တွေကို သတိရ
စမ်းချောင်းတွေက စီးဆင်းခွင့်တွေကို မျှော်လင့်ကြရင်း
စိတ်ကူးတွေကို မြိုသိပ်
တိတ်တဆိတ် ခရီးဆက်ကြတယ်။
တနေ့နေ့ပေါ့…
တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တွေ စဲမယ့် တစ်နေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှာ
ငါတို့ ပြန်တွေ့ကြမယ်။ ။

နေဘုန်းလတ်
(သံလွင်အိပ်မက်မှ)

ဖတ်ကြည့်ချင်သေးလား....

Monday, July 21, 2008

စိတ်ထားတတ်မှ မြတ်လူလှ

တစ်ယောက်သောလူ
သူလဲ တော်ပါတယ်..
သူ့အတွက်လဲ သူသိတယ်...
အားလုံးအတွက်လဲ စေတနာထားတတ်တယ်..
အားလုံးကလဲချစ်တယ်..။

နောက်တစ်ယောက်သောလူ
သူလဲ တော်ပါတယ်..
သူ့အတွက်ထက် သူများအတွက် အဓိကထားတယ်..
သူကအပြောဆိုးတယ်..
သူ့ကို တစ်ချို့ကချစ်တယ်..တစ်ချို့ကမုန်းတယ်..
ဘာကြောင့်မှန်းမသိ
သူနဲ့လူတွေအကြား ညှိပေးရတတ်တယ်...။

နောက်တစ်ယောက်သောလူ
သူလဲတော်ပါတယ်
သူ့အတွက် သူများအတွက်
အရှုံးအမြတ်ထက်
မေတ္တာသက်သက် စေတနာဖက်
ဆောင်ရွက်တတ်ပါတယ်...
ဒါပေမဲ့
လူတွေက သူ့ကို မသိဘူး..။

နောက်တစ်ယောက်သောလူ
သူ့အတွက်
သူများကို လိုက်လျောတယ်
သူဘဲ အကျိုးရှိတယ်..
အပြောလေးချိုတော့
ဟုတ်သလိုလိုပေါ့....။

နောက်တစ်ယောက်သောလူ
အစကတော့ မင်းသားလေးပေါ့
အဆုံးရောက်တော့ ဘီလူး
ပေါင်းကြည့်မှ ရူးချင်သလိုတောင်ဖြစ်
စိတ်ညစ်စရာတွေဖြစ်ကျန်ရစ်တယ်..။

နောက်တစ်ယောက်သောလူ
သူဘဲတော်တယ်..
သူဘဲသိတယ်..
သူဖြစ်ချင်တာဘဲသိတယ်..
သူများအတွက်မကြည့်တတ်ဘူး
အတ္တကြီးသူ ထိုလူ..

နောက်တစ်ယောက်သောလူ
သူများမကောင်းတာဘဲ ပြောတယ်...
သူကောင်းလားဆိုတော့..
မကောင်းတာတွေအကုန်
သူ့ကိုယ်မှာစုပုံထားသလိုဘဲ..အဟုတ်...။

ကဲ...
အဲဒီလူတွေ...
ခင်ဗျားသိလား...

(သူငယ်ချင်းတစ်ယောက်နဲ့ပြောဖြစ်တယ်...)


Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....