Monday, July 21, 2008

စိတ်ထားတတ်မှ မြတ်လူလှ

တစ်ယောက်သောလူ
သူလဲ တော်ပါတယ်..
သူ့အတွက်လဲ သူသိတယ်...
အားလုံးအတွက်လဲ စေတနာထားတတ်တယ်..
အားလုံးကလဲချစ်တယ်..။

နောက်တစ်ယောက်သောလူ
သူလဲ တော်ပါတယ်..
သူ့အတွက်ထက် သူများအတွက် အဓိကထားတယ်..
သူကအပြောဆိုးတယ်..
သူ့ကို တစ်ချို့ကချစ်တယ်..တစ်ချို့ကမုန်းတယ်..
ဘာကြောင့်မှန်းမသိ
သူနဲ့လူတွေအကြား ညှိပေးရတတ်တယ်...။

နောက်တစ်ယောက်သောလူ
သူလဲတော်ပါတယ်
သူ့အတွက် သူများအတွက်
အရှုံးအမြတ်ထက်
မေတ္တာသက်သက် စေတနာဖက်
ဆောင်ရွက်တတ်ပါတယ်...
ဒါပေမဲ့
လူတွေက သူ့ကို မသိဘူး..။

နောက်တစ်ယောက်သောလူ
သူ့အတွက်
သူများကို လိုက်လျောတယ်
သူဘဲ အကျိုးရှိတယ်..
အပြောလေးချိုတော့
ဟုတ်သလိုလိုပေါ့....။

နောက်တစ်ယောက်သောလူ
အစကတော့ မင်းသားလေးပေါ့
အဆုံးရောက်တော့ ဘီလူး
ပေါင်းကြည့်မှ ရူးချင်သလိုတောင်ဖြစ်
စိတ်ညစ်စရာတွေဖြစ်ကျန်ရစ်တယ်..။

နောက်တစ်ယောက်သောလူ
သူဘဲတော်တယ်..
သူဘဲသိတယ်..
သူဖြစ်ချင်တာဘဲသိတယ်..
သူများအတွက်မကြည့်တတ်ဘူး
အတ္တကြီးသူ ထိုလူ..

နောက်တစ်ယောက်သောလူ
သူများမကောင်းတာဘဲ ပြောတယ်...
သူကောင်းလားဆိုတော့..
မကောင်းတာတွေအကုန်
သူ့ကိုယ်မှာစုပုံထားသလိုဘဲ..အဟုတ်...။

ကဲ...
အဲဒီလူတွေ...
ခင်ဗျားသိလား...

(သူငယ်ချင်းတစ်ယောက်နဲ့ပြောဖြစ်တယ်...)


Summary

Rest of your post

1 comment:

မသက်ဇင် said...

ကျမခံစားရတယ်အချို့ဘာလို့ စိတ်ဓါတ်အောက်တန်းကျပါလိမ့်လို့

နာကျဉ်ရသူ
မသက်ဇင်