Monday, June 23, 2008

How Democracies Can Fight Corruption and the Abuse of Power




ကိုမိုးသီးဘလော့မှ .......ဖြစ်ပါတယ်...

A TV in Seoul broadcasts South Korean President Lee Myung-bak makes second apology in month over U.S. beef import controversy


သုံးသပ်သူ - ( m.s)


ဒီမိုကရေစီကျင့်သုံးနေတဲ့တိုင်းပြည်တွေမှာ ဒီမိုကရေစီကျင့်စဉ်ဟာ အာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစား ပြုလုပ် ခဲ့မူ့နှင့် လဒ်ပေး လဒ်ယူပြုလုပ်ခဲ့မူ့တွေကို ဘယ်လိုတိုက်ဖျက်နိုင်ခဲ့တဲ့အကြောင်း၊ အဖြစ်အဖျက်(၂) ခုကို ကျွန်တော်လေ့လာထားသလောက် တင်ပြချင်ပါတယ်။တခုက တောင်ကိုရီယားအစိုးရ၏ အမေရိကန်ဆီသို့ အမဲသားတင်ပို့ရောင်းချမူ့နှင့်ပက်သက်ပြီး တောင်ကိုရီးယားပြည်သူတွေကသူတို့အစိုးရကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့မူ့ပါ။ ဒီ အမေရိကန်ရဲ့ အမဲသားတင်သွင်းမူ့ ကို ပြီးခဲတဲ့ ဧပြီလကပြန်လည်လက်ခံခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကိုပြည်သူတွေက စီးပွားရေးအကြောင်းပြချက်၊ ကျန်းမာရေးအကြောင်းပြချက်တွေနဲ့ သဘောမတူကြောင်း ပြင်းပြင်းထန်ထန်လမ်းမတွေပေါ်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်။ဧပြီလကပြန်လည်လက်ခံခဲ့တဲ့ တောင်ကိုရီးယား-အမေရိကန် အမဲသားတင်ပို့ခွင့်စီးပွားရေး စာချုပ်မချုပ်ဆိုခင်မှာဘဲ၊ အမေရိကန်ကျန်မာရေးဌာနနှင့်အစားအစာစစ်ဆေးရေး ဌာနတွေက အမေရိကန်နွားမွေးမြူရေးခြံတွေ မှာ ရောဂါဖြစ်နေတဲ့ (Bovine Spongiform Encephalopathy (BSE))နွားတွေကိုသတ်ဖြတ်ခဲ့မူ့ ကိုအထောက်အထားတွေရှိရကြောင်း၊ ဈေးကွက်ထဲရောက်နေတဲ့အမဲသား တွေကို ပြန်လည်စစ်ဆေးပိတ်ဆို့မူ့တွေ ကိုပြုလုပ်ခဲ့ပါတယ်။ တကယ်လို့ဒီအမဲသားတွေကိုစားသုံးမိလျှင် လူတွေမှာ (Mad-Cow Disease (MCD)) ရောဂါဖြစ်ပွားနိုင်ကြောင်း လည်းတရားဝင်ထုတ်ပြန်ကျေညာပြီး၊ အရေးယူမူ့တွေပြုလုပ်ခဲ့တယ်။ဒီလိုအခြေအနေတွေမှာတောင်ကိုရီးယားအစိုးရဟာ အမေရိကန်မှ အမဲသားတင်ပို့ မူ့( ၅) နှစ်ကျော်ပိတ်ဆို့ထားရာက ပြန်လည်ခွင့်ပြုခဲ့မူ့ပေါ် ကိုရီးယားပြည်သူတွေက အမျက်ဒေါသဖြစ်ခဲ့ကြလို့ပါ။ တောင်ကိုရီးယားအစိုးရကတော့ အမေရိကန်နဲ့ လွတ်လပ်စွာကူးသန်းရောင်းဝယ်မူ့ အခွင့်အရေးသဘောတူညီချက်အပေါ် ၊နှင့် ကိုရီးယား ကျွန်းဆွယ်လုံခြုံရေး ကိုထောက်ပြပြီး၊ အမေရိကန်နှင့် အစိုးရချင်း ဆက်ဆံရေးအခြေအတင် ဖြစ်မှာ ကိုမလိုလားပါဘူး။ဒါကို တောင်ကိုရီးယားပြည်သူတွေကသူတို့ရဲ့ ကျန်းမာရေးနှင့် စီးပွာရေး ကိုအစိုးရက လစ်လျှူပြု မူ့ဖြစ်တယ်လို့ဆိုပြီး လမ်းမတွေပေါ်မှာ မေလ(၂၂) ရက်ကတည်းက ကန့်ကွက်ဆန္ဒပြနေ ကြတာပါ။ ဒီလို လမ်းမတွေပေါ်မှာ ကန့်ကွက်ဆန္ဒပြမူ့ဟာ တနေ့ထက်တနေ့ပြင်းထန် လာတောင်ကြောင့် နောက်ဆုံးမှာ တောင်ကိုရီးယားသမ္မတလီမြောင်ဘတ် က အမေရိကန်မှ အမဲသားတင်သွင်းမူ့ဆုံးဖြတ် ချက်ကိုပြန်လည်စဉ်းစား ပြီး၊ သူ့အစိုးရ၏ဆုံးဖြတ်ချက် မှားယွင်းခဲ့မူ့ကို ပြည်သူတွေအပေါ်ဝန်ချတောင်းပန်ပါကြောင်း မနေ့ကဘဲ တီဗွီရုပ်မြင်သံကြား ကနေတရားဝင် ကျေညာခဲ့ပါတယ်။တောင်ကိုရီးယားသမ္မတလီမြောင်ဘတ်ဟာ သူရဲ့ အကြံပေးအကြီးအကဲနှင့် တာဝန်ရှိအစိုးရ အကြီးအကဲ (၆) ယောက်ကိုရာထူးကရွေ့ပြောင်းအစားထိုးခန့်အပ်ပြီး၊ အစိုးရ ၀န်ကြီးအပြောင်းအလဲတွေကိုအရေးယူမူ့တွေကိုပြုလုပ်ခဲ့တယ်။ ဒါ့အပြင် ကိုရီးယားပြည်သူတွေရဲ့ အစားအသောက်တွေမှာ ဒီလိုကိုရီးယားပြည်သူတွေ ကျန်းမာရေးထိခိုက်စေမဲ့ အမဲသားတွေ မမြင်ရစေဘူးလို့ဂတိပြုပြောခဲ့တယ်။ ဒါ့ အပြင် အမေရိကန်မှ လ(၃၀) ကျော်တဲ့ နွား၊ ကျန်းမာရေးမကောင်းတဲ့နွားများမှ တင်ပို့တဲ့ အမဲသားတွေတင်ပို့မူ့ကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီကျင့်သုံးနေတဲ့ တောင်ကိုရီးယားမှာ ပြည်သူတွေက အစိုးရ ရဲ့ အာဏာအလွဲသုံးစား ပြုလုပ် ခဲ့မူ့နှင့် လဒ်ပေး လဒ်ယူပြုလုပ်ခဲ့မူ့တွေကိုတိုက်ဖျက်အနိုင်ယူခဲ့တဲ့ အောင်ပွဲတခုပါ။


နောက်အဖြစ်အပျက်တခုကတော့ အမေရိကန်လေတပ်က အသက်ကြီးနေပြီဖြစ်တဲ့ KC 135 လေယဉ်ဆီဖြည့် လေယဉ် နေရာမှာ အစားထိုး ဆီဖြည့် တဲ့ လေယဉ် ကြီးတွေ တည်ဆောက် မူ့တန်ဘိုး ၃၅ ဘီလီယံတန် သဘောတူစာချုပ်ချုပ်ဆိုမူ့ကို ပြည်တွင်းလေယဉ်တည်ဆောက်သော ဘိုးအင်း ကုမ္ပဏီ ( Boeing) ကို မပေးဘဲ၊ ဥရောပက လေယဉ်ပျံ ကြီးတွေတည်ဆောက်သော ကုမ္ပဏီ များ နှင့် နောက်သ်ရို့ ဂရှုမန် ( Northrop Grumman Corp ) တွေကို တည်ဆောက်ခွင့်ပေးခဲ့တဲ့ အမှုပါ။အမေရိကန် ပြည်သူတွေစီးပွားရေးအခက်အခဲဖြစ်နေချိန်၊ အလုပ်လက်မဲ့များပြားနေတဲ့အချိန်၊ ပြည်တွင်းက ကုမ္ပဏီ တွေ အခြားနိုင်ငံများသို့ ရွေ့ပြောင်းနေမူ့ကြောင့် အမေရိကန်ပြည်သူတွေ အလုပ်အကိုင်ဆုံးရှုံး နေရတဲ့အချိန်မှာ အမေရိကန်လေတပ် က လေယဉ်တည်ဆောက်ခွင့်လိုင်စင်ကို နိုင်ငံခြားကုမ္ပဏီများ အကျိုးအမြတ်ရှိအောင်ခွင့်ပြုခဲ့မူ့အပေါ် အမေရိကန်ပြည်သူတွေ၊အတိုက်အခံတွေနှင့် ဘိုးအင်း ကုမ္ပဏီကပြင်းပြင်းထန်ထန်ဝေဖန်ပြီး အစိုးရက တိတိကျကျ စုံစမ်းစစ်ဆေးမူ့တွေပြုလုပ်ဘို့တောင်းဆိုခဲ့ပါတယ်။အမေရိကန်လေတပ်အကြီးအကဲတွေကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ သေသေချာချာတွက်ချက်ပြီး၊ ဈေးနှုံး ချိုသာတယ်၊ ပိုမိုအရည်အသွေးကောင်းတာကြောင့် ဒီလိုဆုံးဖြတ်ခဲ့တာလို့ဆိုတယ်။ ဒီကိစ္စ ကိုGovernment Accountability Office (GAO) က အသေးစိတ် စုံးစမ်းစစ်ဆေးမူ့တွေပြုလုပ်ခဲ့တယ်။ မနေ့က ဒီဌာနက စုံးစမ်းစစ်ဆေးမူ့တွေပြုလုပ်ခဲ့တဲ့ရလာဒ်တွေကို တရားဝင်ထုတ်ပြန်ကျေညာရာမှာ အမေရိကန်လေတပ်ဟာ လေယဉ်တည်ဆောက်ရေးလိုင်စင် ပေးအပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပြုလုပ်ခဲ့ရာမှာ အမှားတွေထင်ထင်ရှားရှားတွေ့ ရှိခဲ့ရသလို၊ သတင်းအချက်အလက်တွေဟာလည်းမှန်ကန်မူ့ မရှိခဲ့တာကြောင့်၊ လိုင်စင်အတွက် မျှမျှတတဖြစ်အောင်အခြားပြည်တွင်းကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မူ့ တွေ ပြန်လည် ခွင့်ပြုရမည်လို့တရားဝင်ကျေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာလည်း ဒီမိုကရေစီကျင့်သုံးနေတဲ့တိုင်းပြည်တွေမှာ ဒီမိုကရေစီကျင့်စဉ်ဟာ အာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစား ပြုလုပ် ခဲ့မူ့နှင့် လဒ်ပေး လဒ်ယူပြုလုပ်ခဲ့မူ့တွေကို ပြည်သူတွေက ဘယ်လိုတိုက်ဖျက် နိုင်ခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်အကြောင်း အရာတွေပါ။ မြန်မာနိုင်ငံမှာလည်း နာဂစ်မုန်တိုင်း နှင့် ပက်သက်တဲ့ အာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစား ပြုလုပ် ခဲ့မူ့နှင့် လဒ်ပေး လဒ်ယူပြုလုပ်ခဲ့မူ့တွေကို အောင်မြင်စွာဖော်ထုတ်နိုင်ပါစေ လို့ဆုမွန်ကောင်း တောင်း ရင်း .။……….။

ဖတ်ကြည့်ချင်သေးလား....

လောင်စာဆီ

လောင်စာဆီ
မော်တော်ယာဉ်ဆီ (fuel) ဈေးတွေ မြင့်တက်လာတဲ့အတွက်ကြုံတွေ့ရမှာကို ဟာသ သရုပ်ဖော်ထားတာပါ ၊၊ နှစ်သက်စရာလေးပါ ၊၊ အားပေးလိုက်ကြပါဦးဗျာ ၊၊
ုကျော်သက်လတ်ဘလော့ထဲက ပွားထားပါတယ်...ကျေးဇူးပါ...

ဖတ်ကြည့်ချင်သေးလား....