Friday, July 25, 2008

လုပ်ငန်းခွင်တွင်း ကျန်းမာရေးအတွက် သိသင့်သိထိုက်သည်များ အပိုင်း(၂)

လုပ်ငန်းခွင်တွင်း ဖြစ်ပွားသော အန္တရာယ်ရှိသည့်အရာများကြောင့် ဖြစ်ပွားရသော ကျန်းမာရေးဆိုးကျိုးများ(စိုးမိုးသူ-ဟန်းဂုရွာ ဘလော့ မှ )

၁-အမှုန်၊အမျှင်ပါသော ဆီလီကိတ်သတ္တု(asbestos)
အမှုန်သည် အဆုတ်သို့ ၀င်ရောက်ကာ အဆုတ်အား ဖျက်ဆီးသည်။အမှုန် ပမာဏ များလေလေ၊ အမှုန်များသော လုပ်ငန်းအား ကြာရှည်စွာ လုပ်ကိုင်လေလေ အဆုတ်ပျက်စီးမှုသည် ပိုမို ကြီးထွားလေ ဖြစ်သည်။အဆုတ် ပျက်စီးပါက အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ သလိပ်ကပ်ခြင်းများ ဖြစ်ပွားသည်။ အဆုတ်ပျက်စီးလာသဖြင့် အမျိုးမျိုးသော ဘက်တီးရီးယားပိုးများနှင့် ဗိုင်းရပ်စ်ပိုးများ လွယ်ကူစွာ ၀င်လာကာ အဆုတ်ရောဂါ ဖြစ်ရသည်။
Summary

ထို့ကြောင့် အမှုန်များသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်သော အလုပ်သမားသည် အမှုန်မရှိသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင် သော အလုပ်သမားထက် တီဘီရောဂါ၊ လေကြောင်းပြွန်ယောင်ရောဂါ စသည့် အသက်ရှူအစိတ်အပိုင်းဆိုင်ရာရောဂါများ လွယ်ကူစွာ ဖြစ် ပွားလေ့ရှိသည်။အမှုန်ကြောင့် အဆုတ် ပျက်စီးပါက ကုသနည်း မရှိပေ။ အဆုတ်တွင်းရှိသည့် အမှုန်များအား ရှင်းလင်နိုင်စွမ်းမရှိခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အသက်ရှူအကူ မျက်နှာဖုံးအား အသုံးပြုပြီး အဆုတ်အတွင်းသို့ အမှုန်များမ၀င်နိုင်အောင် တားဆီးခြင်းသည် အကောင်းဆုံး နည်းလမ်းပင်ဖြစ်သည်။အမှုန်များအနက် အဆိပ်အပြင်းဆုံးသည် အမျှင်ပါသော ဆီလီကိတ်သတ္တု(asbestos)ပင် ဖြစ်သည်။ ယင်းသည် အဆုတ်အပြင်မြှေး ကင်ဆာနှင့် အဆုတ်ကင်ဆာတို့အား ဖြစ်စေသည်။ ယနေ့ ကိုရီးယားနိုင်ငံတွင် အဆောက်အဦဆောက်လုပ်ခြင်းနှင့် ပြန်လည် တည် ဆောက်ခြင်းတို့၌ ယင်း သတ္တုအား အသုံးပြုခြင်းကို တားမြစ်ထားသည်။ သို့သော် အတိတ်က တည်ဆောက်ခဲ့သော အဆောက်အဦ များတွင်မူ ယင်းသတ္တုအား အသုံးပြုခဲ့ကြသည်။ အဆောက်အဦအတွင်း ယင်းသတ္တုရောစပ်ပြုလုပ်ထားသော အရာများ ပျက်စီးခြင်း၊ ကွဲကြေခြင်း မှတဆင့် သတ္တုများ လေထုအတွင်း ၀င်ရောက်လာသည်။အထူးသဖြင့် နံရံအပေါက်ဖောက်သည့်လုပ်ငန်း၊ အပူခံပြားစသည်တို့အား ခွာခြင်း၊ အဆောက်အဦအား ဖြိုဖျက်ခြင်း၊ ပိုက်တပ်ဆင်ခြင်း၊ အဆောက်အဦပြုပြင်ခြင်း စသည် ပြုလုပ်သည့်အခါများတွင်လည်း အဆိုပါသတ္တုများ လွင့်ထွက်လာနိုင်ချေ အထူး မြင့်မားသည်။ထို့ကြောင့် အဆိုပါသတ္တုရှိသည်ဟု ထင်ရသော လုပ်ငန်းမျိုးတွင် သတိကြီးစွာဖြင့် အသက်ရှူ အကူအညီပေးသည့် မျက်နှာဖုံးများ တပ်ဆင်ပြီး လုပ်ကိုင်ရမည်။ အဆိုပါ သတ္တုကြောင့် ဖြစ်ပွားရသော အဆုတ်အပြင် မြှေးကင်ဆာနှင့် အဆုတ်ကင်ဆာများ၏ရောဂါလက္ခဏာများသည် ပျမ်းမျှခြင်းအားဖြင့် အနှစ်၂၀နောက်ပိုင်းမှ တဖြေးဖြေး ပေါ်ပေါက်ကြသည်။ထို့ကြောင့် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အဆိုပါ သတ္တုများ ကိုယ်တွင်း ၀င်ရောက်ခြင်း ခံခဲ့ရသော်လည်း မိမိတို့ဌာနေတိုင်းပြည်သို့ ပြန်ပြီး အတန်ကြာမှသာလျှင် အဆိုပါ ရောဂါများစတင် ဖြစ်ပေါ်မည်ဖြစ်သည်။ ထိုအခါမျိုးတွင် လုပ်ငန်းခွင်တွင်းထိခိုက်မှုကြောင့် ရရှိနိုင်မည့် လျော်ကြေးငွေ တောင်းခံခြင်းသည်လည်း အခက်အခဲ ရှိသဖြင့် ကြိုတင် ကာကွယ်ခြင်းသည် အထူး အရေးကြီးလှပေသည်။အပြည့်အစုံကို http://burmainfokorea.blogspot.com/2008/07/blog-post_6130.html မှာဆက်ကြည့်ပါခင်ဗျာ...

No comments: