Sunday, January 4, 2009

“ ချစ်သူလက်ဆောင် ”


ချစ်တယ်“မ” ရယ်....။
အခုလို ဆောင်းချမ်းချမ်းမှာ
လွမ်းရတဲ့အကြောင်းတွေ ပြောရမှာ
နှင်းလေးတွေကို အားနာလိုက်တာကွယ်...။
ချစ်တယ်“မ”ရယ်...လို့
ပြောခဲ့တဲ့ ထိုတစ်နေ့က
“မ” လက်ဖ၀ါးလေးတွေနွေးနေသလို
ယှက်သွေးဖြာနေတဲ့ “မ” မျက်နှာလေးကို
ခုချိန်ထိ မြင်ယောင်နေသေးတာ
အချစ်ဟာ ဘယ်တော့မှမဟောင်းဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့နော်....။
တက္ကသိုလ်ရဲ့အတန်းစဉ်တိုင်းမှာ
သူငယ်ချင်းအဖြစ်နဲ့သာအတူရှိခဲ့
ချစ်သူတို့ရဲ့ပျော်စရာဘဝ
အဓိပတိလမ်းပေါ်မှာ မရခဲ့ကြဘူးနော်...
အင်းယားကန်ဘောင်နံဘေး
ချစ်တေးတွေ မဆိုခဲ့ကြရဘူးနော်....
အချစ်နဲ့တက္ကသိုလ်
အဲဒီတုန်းက ဘာမှမဆိုင်သလိုပါဘဲ....။
တက္ကသိုလ်ရဲ့ နောက်ဆုံးနှစ်
အချစ်စစ်ကို စတွေ့တော့
စာမေးပွဲအတွက် စာတွေမေ့
ရင်ငွေ့လေးတွေနဲ့ နွေးထွေးနေခဲ့တယ်...
ချစ်သံစဉ်လေးတွေ လှပနေခဲ့တယ်…
ပျော်လိုက်တာ “မ” ရယ်....။
အချိန်တွေ ပြောင်း
ရာသီတွေဟောင်းပေမဲ့
အကြောင်းတကယ် ရေစက်ပါချင်တော့
တသက်တာမခွဲ
လက်တွဲဖို့ ဆုံးဖြတ်ခဲ့ကြတာ
ချစ်သက်သေပါဘဲ...။
ဘယ်အရာမှာဘဲဖြစ်ဖြစ်
တွေးလိုက်တိုင်း တိုက်ဆိုင်နေတတ်တာ
တူညီတဲ့စိတ်ကူး
အံ့သြစရာ ထူး...
ရှေးရေစက်ဆုံဘူးတယ် ထင်ပါရဲ့....။
ဘယ်လောက်ဝေးဝေး
အတွေးစိတ်ကူးတွေထဲမှာ
အိပ်မက်လှလှလေးတွေထဲမှာ
ရင်ခုန်သံတွေဟာ
ဟိုအရင်ကအတိုင်းပါဘဲ...။
ဒီဘ၀ ကြုံရတဲ့အချစ်မှာ
အချစ်ဟာ “မ” တစ်ယောက်ထဲပါလို့
အခုလို ဆောင်းချမ်းချမ်းမှာ
နှင်းလေးတွေရယ်..ပြေးပြောလိုက်စမ်းပါ.....နော်......။ ။
“ အချစ်ဘလော့လေးတွေရောက်တိုင်း အချစ်ကဗျာလေးတွေ ခြေရာချန်ထားခဲ့မိတယ်.....။ အခုလို ဇန်န၀ါရီ ၅-ရက်နေ့မှာ ရောက်လာမဲ့ ချစ်သူမွေးနေ့မှာ“ ရည်းစားစာ တစ်စောင်မှ မပေးမိခဲ့တဲ့ အချစ်ဆုံးသူ အတွက်” ပထမဦးဆုံး ရေးပေးလိုက်တဲ့ ရည်းစားစာ(ကဗျာ)လေးပါ....ဟိုးဝေးဝေးက ချစ်တဲ့....“ မို့ ” ကျေနပ်တော့နော်...”

Summary

Rest of your post

5 comments:

အိပ်မက်နိဒါန်း said...

ကဗျာလေးကိုဖတ်ရင်းခံစားရတယ်.
မနေ့တနေ့ကလိုဘဲ အရိပ်တွေကပိုပီပြင်လာတယ်.
မေ့ထားတဲ့အရာတွေကိုလည်းပြတ်ပြတ်သားသားပြန်မြင်လာတယ်.
တကယ်ကို ရင်နဲ့ခံစားသွားပါတယ်.

မသက်ဇင် said...

ဘာသာတရားကို ဦးထိပ်ထားတတ်သောကိုဝင်းလတ်
"“ ချစ်သူလက်ဆောင် ”"
ကဗျာလေးကို လာဖတ်ပါတယ်
အတိတ်ရဲ့ နူးညံ့လှပသော အချစ်ကဗျာလေးပါ--
ကဗျာဆရာရဲ့ချစ်သူမွေးနေ့မှသည်
ကဗျာဆရာနှင့်အတူ ချစ်သူနှစ်ဦး လှပသောအိပ်မက်
များ--ပျော်ရွှင်ဖွယ်ကြည်နူးဖွယ်များ ထာဝရပိုင်ဆိုင်နိုင်
ကြပါစေ----

Unknown said...

ကဗျာလေးကို လာဖတ်သွားပါတယ်ဗျာ။ မမို့၇ဲ့ဒီနေ့မွေးနေ့မှ နောင်နှစ်ပေါင်းများစွာသို့လို့
ဆုတောင်းပေးလိုက်ပါတယ်
အစ်ကိုကြီး၇ဲ့ ချစ်သောမိသားစုအားလုံးနဲ့လည်း
အမြန်ဆုံးတွေ့ဆုံနိုင်ပါစေကြောင်း

Unknown said...

ကို ကြီးဝင်းလတ် ရဲ့
'' ချစ်သူလက်ဆောင် '' ကဗျာ လေးဖတ်ပြီးခံစားသွားပါတယ်ဗျာ ၊

December Cinderella said...

Opa

မမကို ချစ်ပုံလေးက နူးညံ့လေးနက်လိုက်တာ။
Happy Birthday Wish လေး ပြောပေးပါနော် ..

ခင်တဲ့
Cinderella