Saturday, August 9, 2008

"ဘယ်တော့မှမမေ့ဘူးလို့..."

သူငယ်ချင်းရေ..
ဒို့တစ်တွေရဲ့ နေထိုင်မှုသမိုင်းဟာ သွေးစက်တွေကို မျက်ရည်တွေကို မျက်ကွယ်ပြုသလို ဖြစ်နေမလားလို့ ပြန်ပြန် တွေးကြည့်ပြီး အိပ်မက်ဆိုးတွေ မက်မနေဘူးလား...။ ဒို့သူငယ်ချင်းတွေ ညီလေးညီမလေးတွေရဲ့ ၀ိဥာဉ်တွေဟာ သမိုင်းတာဝန်မကြေသူရယ်လို့ လက်ညှိုးထိုးကဲ့ရဲ့နေကြလိမ့်မယ်ထင်တယ်..။
အဝေးမှာရောက်နေခဲ့ပေမဲ့ လုပ်သင့်တာလုပ်နေကြသူတွေကို လေးစားပါတယ်..။
အဝေးကို ထွက်လာပြီး မလုပ်သင့် တာ လုပ်နေသူတွေ မမြင် မတွေ့ကြပါစေနဲ့လို့လဲ ဆုတောင်းပါတယ်..။
အတွင်းမှာ ရှိနေပြီး အထဲကိုရောက်နေတဲ့ သူရဲကောင်းညီအကို မောင်နှမတွေကို လေးစားပါတယ်..။
အတွင်းမှာရှိနေပြီး အတွင်းမှာလုပ်စားနေသူတွေကို ရာဇ၀င်ကြွေး ပြန်ဆပ်နိုင်ဖို့ သတ္တိရှိပါစေလို့ ဆုတောင်းပါတယ်..။
ကိုယ်တတ်နိုင်သရွေ့ ကိုယ်စွမ်းနိုင်သရွေ့ စွမ်းဆောင်ပါ့မယ်...။
ရည်ရွယ်ချက်တစ်ခုကို ချမှတ်ထားပါတယ်..။
သံရုံးရှေ့ဆန္ဒပြမှ တာဝန်ကျေတယ်လို့တော့ မယူဆပါနဲ့ကွာ...တောင်းပန်ပါတယ်..။
ဘာဘဲဖြစ်ဖြစ်လေ...မသေခင်ရေးခဲ့တဲ့ သမိုင်း မရိုင်းဘို့ဘဲလိုတယ် ဟုတ်...။
မျက်လုံးထဲကမထွက်ဘူး..။ပြန်ပြီးတမ်းတရင်စိတ်ထဲ ထိခိုက်တယ်...။အတိတ်ကအရိပ်တွေ စိတ်ထဲရောက်လာတယ်...။ကြောက်လာတယ် သူတို့ရဲ့ လက်ညှိးတွေကို..။ဟိုစဉ်တုန်းကအချိန်များ... မေ့မရဘူး တကယ်...။မင်း...မေ့လို့ရလား.....ငိုနေတဲ့သူတွေ....သွေးတွေ....သတ္တိခဲတွေရဲ့ ၀ိဥာဉ်တွေ...အားလုံး....အားလုံး...မင်း မလိမ်ဘူး...မညာဘူး...ပြီးတော့ လုပ်မစားဘူးဆိုရင် ရဲရဲ ပြောလိုက်ကွာ... "ဘယ်တော့မှမမေ့ဘူးလို့..."
Summary

Rest of your post

2 comments:

Unknown said...

So good......

မသက်ဇင် said...

ကိုလတ်အဖိုးပြောတာဟုတ်ပါတယ်။
ကျမတို့ ဗမာတွေဟာ ၃ ယောက်ပေါင်း ရင်ကွဲတာ
ဘာဖြစ်လို့ လဲ။

ညီညွတ်ကြပါ။

တူတာတွဲလုပ်။

အမျိုးမျိုးပြောနေပေမယ့် ကိုယ့်ထက်သာရင် ရိုက်ချိုးဖို့ ပဲ
လုပ်ကြတယ်။ရိုးသားစွာစွန့် လွှတ်သွားကြတဲ့သူရဲကောင်း
တွေကိုအားနာမိတယ်။