Friday, August 8, 2008

ဘယ်က ရဲဘော်လဲ

တင်မိုး
သူ့မယုံရ ကိုယ့်မယုံရနဲ့
သံသယတွေ ပိုကဲ
ဟိုတစ သည်တစ ပြိုကွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။
တီးတိုးတီးတိုး
သဖန်းပိုး
ကွယ်ရာတမျိုး ရှေ့တမျိုး
ခြေထိုးမတော် ချော်လို့လဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။
နေရာပိုင်မှု အပြိုင် လု
လူထုအတွက် ပြည့် အတွက် … တဲ့
အရှက်ကနဲ သွေးကခွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။
ခြေပုန်းခုတ်လို့ ကုပ်ပေါ်တက်
မျက်နှာနှစ်ဖက် လျှာ နှစ်ခွ
နှစ်ဖက်လွှနဲ့ သပ်လျှို ခွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။
၁၆၊ ၃၊ ၂၀၀၀

ပြန်ခေါ်ပြီးမှ ကွယ်ရာမှာ လက်သီးတော့ ဆုပ်မပြနဲ့ပေါ့ နော..။

(မိုးချိုသင်း ဘလောက်ထံက ရယူပါတယ်။ http://moechothin.blogspot.com/ )
Summary

Rest of your post


No comments: