Thursday, October 23, 2008

မေတ္တာထား၊လေးစားပါ.. ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချဆက်ဆံခြင်း မပြုရ။

ကျွန်တော်ပြန်ပြောချင်တဲ့စကား....
ရေနံဈေးကျ၊ ရွေဈေးကျ (မိုးသီးဇွန် ဘလော့မှ ဆောင်းပါး)
အမေရိကန် စတော့ ဈေးကွက်ကျဆင်းမှုကြောင့် ဈေးကွက်အားလုံးကို ဂယက်ရိုက်ခတ်ခဲ့တယ်။ အမေရိကန် အစိုးရ နှင့် ဥရောပအစိုးရတို့ မှာ ဘဏ်ရေးပြုပြင်ပြောင်းလဲမှုများ၊ ငွေကြေးထောက်ပံမှုများပြုလုပ်ခဲ့သော်လည်း ဈေးကွက်အတွင်း စိုးရိမ်မှုများက တိုးတက်လျက်ရှိနေသေးတယ်။ ဒါကြောင် ဈေးကွက်တွင်အမြဲတန်း ထိပ်ဆုံးမှနေရာယူခဲ့တဲ့ ရွေဈေးနဲ့ ရေနံဈေး သည်ပင် ကျဆင်းလာပါတယ်။ ရေနံဈေးက တစည်ကို ၇၁ ဒသမ ၈၀ ဖြစ်လာတယ်။ အရင်က တစည်ကို ဒေါ်လာ ၁၄၀ ဒေါ်လာနီးပါးအထိ ဖြစ်ခဲ့တယ်။ ရွှေက တအောင်စကို အမေရိကန်ဒေါ်လာ ၇၈၇ဒသမ၇၀ ဒေါ်လာ ဖြစ်လာတာကိုတွေ့ရတယ်။ မြန်မာပြည်မှာ အိမ်ဈေးတွေ တန်ဖိုးကျဆင်းလာနိုင်ပါတယ်။ မြန်မာပြည်က အိမ်ဈေးက ၀ယ်လိုအားမရှိပဲ ဈေးနှုန်းဖေါင်းပွနေတာကြာပါပြီ။ အဓိကဈေးနှုန်းဖေါင်းပွရတဲ့အကြောင်းတွေကတော့.....
၁- နအဖ ငွေစက္ကူကိုအယုံအကြည်မရှိမှုကြောင့်ပိုက်ဆံရှိတဲ့ သူတွေက အိမ်တွေကို ပဲဝယ်ထားတယ်။
၂- ခွန်ဆာ၊ ရလလဖ၊ ကေအိုင်အို၊ ၀ အဖွဲ့  ၊ ကိုးကန့် အဖွဲ့  စတဲ့ တိုင်းရင်းသားအပြစ်ခတ် ရပ်ဆဲရေး လုပ်ထားတဲ့အဖွဲ့ တွေ ထဲမှာ က မူးယစ်ဆေးဝါးရောင်းဝယ်မှုကရတဲ့ငွေမဲတွေကို အိမ်ယာမြေတွေကိုဝယ်ပြီး ငွေမဲကိုငွေဖြူလျော ကြတဲ့အတွက် အိမ်ဈေး အဆမတန်တက်လာတယ်။
၃- နိင်ငံခြားရောက်မြန်မာများက လည်း မြန်မာ များကလည်း နိင်ငံခြားမှာ ကျွန်လိုလုပ်ပြီး ရတဲ့ဒေါ်လာငွေနဲ့ မြန်မာပြည်မှာ အိမ်တွေကို ၀ယ်ကြတယ်။ ဒီတော့ အိမ်ဈေးတွေက ထိုးတက်လာခြင်းဖြစ်တယ်။ အိမ်ဈေးကွက် ဗူစီပေါင်း ( Bubble ) ဖြစ်လာတယ်။အိမ်ဈေးတွေက အဆမတန်တက်နေတဲ့ ၀ယ်လက်က မရှိဘူးဖြစ်နေတယ်။
(
http://komoethee.blogspot.com/2008/10/blog-post_5394.html )

မိုးသီးဇွန်...သို့

၃- နိင်ငံခြားရောက် မြန်မာများက လည်း မြန်မာ များကလည်း(နှစ်ခါထပ်ရေးထားတယ်..ရေးချင်ဇော သိပ်များပုံရတယ်)နိင်ငံခြားမှာ ကျွန်လိုလုပ်ပြီး ရတဲ့ဒေါ်လာငွေနဲ့ မြန်မာပြည်မှာ အိမ်တွေကို ၀ယ်ကြတယ်။ ဒီတော့ အိမ်ဈေးတွေက ထိုးတက်လာခြင်းဖြစ်တယ်။ အိမ်ဈေးကွက် ဗူစီပေါင်း ( Bubble ) ဖြစ်လာတယ်။အိမ်ဈေးတွေက အဆမတန်တက်နေတဲ့ ၀ယ်လက်က မရှိဘူးဖြစ်နေတယ်။ ........ဆိုတဲ့ စာသားဟာ ကျွန်တော်ဖတ်ဖြစ်တာ ဒါဆို ဒုတိယအကြိမ်ဘဲ...ခင်ဗျားသေသေချာချာ စဉ်းစားပြီးပြောတာ..သုံးသပ်ပြတာဆိုရင် ခင်ဗျားရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဘာမှ မတုံ့ပြန်လိုပါဘူး..ခင်ဗျားသိအောင်ပြောရရင်.....
၁) နိုင်ငံခြားကို ဘာကြောင့်ထွက် အလုပ်လုပ်ကြရတယ်ဆိုတာ အားလုံးသိပြီးသားကိစ္စပါ...။အိမ်ဈေးကွက် အပြောင်းအလဲ ဖြစ်စေတဲ့အထိ နိုင်ငံခြားရောက်အလုပ်သမားတွေမှာ ငွေအင်အားရှိလို့လား...။ ရသလောက်ငွေကို ခြစ်ကုတ်စုပြီးမှ ၀ယ်ကြရတာပါ...။
၂) အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုတဲ့စကားဟာ ခင်ဗျားနဲ့ကျမှ ကျွန်ဘ၀ရောက်တော့တယ်...အားပေးမှု မလုပ်ဘဲ ရှုံ့ချချင်စိတ်ရှိတာဖေါ်ပြနေတာဘဲ..။
၃) နိုင်ငံကြီး လွတ်လပ်ဖို့ ဒီမိုကရေစီရဖို့ ကြီုးစားနေကြသူတွေထဲမှာ ခင်ဗျားတို့က ဦးဆောင်သူတွေပါ..စိတ်ထားလေး ပြင်လိုက်စေချင်တယ်...။
၎) မြန်မာပြည်ကနေခိုးထွက်..နိုင်ငံခြားမှာပညာသင်...ကြာရှည်နေခွင့်ရဖို့ နည်းလမ်းရှာ..ဒီမိုကရေစီအေ၇းကို ခုတုံးလုပ်..သူများနှာခေါင်းပေါက်နဲ့အသက်ရှူ..အဲဒီလိုမျိုးထက်စာရင် ကိုယ်ခွန်ကိုယ့်အားနဲ့ နိုင်ငံခြားထွက် အလုပ်လုပ်သူတွေကို နိုမ့်ချ မပြောဆိုသင့်ပါဘူး...။
၅) နိုင်ငံခြားထွက် အလုပ်လုပ်ပေမဲ့ ကိုယ့်နိုင်ငံအတွက် ပြန်ကြည့် နေကြတယ်ဆိုတာ နာဂစ်ရေဘေး ကိစ္စကို ကြည့်ရင် သိနိုင်ပါတယ်...။
၆)နိုင်ငံခြားရောက်နေပေမဲ့ ကိုယ်ကျိုးကိုယ်စီးပွားတစ်ခုထဲကိုဘဲ ကြည့်တတ်ကြတဲ့အထဲမှာ မြန်မာ လူမျိုးဟာ ရာခိုင်နှုန်း အနည်းငယ်ဘဲ ပါပါလိမ့်မယ်...။
ရ) အရာအားလုံးကို သိမ်းကျုံး အပြစ်ပြောဝေဖန်သလိုမျိုးဆိုရင် ကိုယ့်တန်ဘိုးကို ကိုယ်တိုင် တန်ဘိုးဖြတ်တာဖြစ်လိမ့်မယ်...။
၈) ဟိုတုန်းက လူ့ဘောင်သစ် ပါတီမှာ ခင်ဗျားရဲ့ရာဇ၀င်ကောက်ကြောင်းကို ပြန်စဉ်းစားရင် ပါတီဝင် တစ်ချို့ရဲ့သဘောထားတွေကို စာမျက်နှာဟောင်း ပြန်လှန်ရလိမ့်မယ်...။
၁၀) ဘာဘဲဖြစ်ဖြစ်လေ...အခု ခင်ဗျားတင်တဲ့ ဆောင်းပါးပါ တတိယ အချက်ကိုတော့ ကျွန်တော်အပါအ၀င် နိုင်ငံခြားမှာ အလုပ်လာလုပ်ကြတဲ့ မြန်မာနိုင်ငံသားမှန်သမျှကတော့ သဘောကျ ကျေနပ်ကြမှာမဟုတ်ဘူးလို့ တစ်ထစ်ချ ပြော၇ဲတယ်...။
ကျွန်တော်ရတဲ့ အချိန်လေးမှာေ၇းလိုက်ရလို့ ပြည့်ပြည့်စုံစုံမဟုတ်ပေမဲ့ ပြောချင်တာတွေကို ပြောလိုက်ရတော့နိုင်ငံခြားရောက် မြန်မာအလုပ်သမား တွေ၇ဲ့ ကိုယ်စား ကျေနပ်မိပါတယ်...နိုင်ငံအတွက် အသက်စွန့်တော်လှန်နေကြသူတွေထဲမှာ... ဒီမိုကရေစီသူရဲကောင်းတွေထဲမှာ... ခင်ဗျားနာမည် ရှေ့ဆုံးက ကဗျဉ်းထိုးလိုက်စမ်းပါ...ကျေးဇူးပါ....
ခင်ဗျားရဲ့ ဘလော့ထဲက အောက်ပါစာသားတွေကိုတော့ လေးစားတယ်ဗျာ

၁-- လူလူချင်းမေတ္တာထားရမည်။
၂-- အပြန်အလှန်လေးစားရမည်။
၃-- လူလူချင်း ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချဆက်ဆံခြင်း မပြုရ။
၎-- ညီရင်းအကို စိတ်ဓါတ်ကိုမွေးမြုရမည်။
၅-- အမျိုးသမီးများကိုခွဲ ခြားဆက်ဆံခြင်းမပြုရ။
၆-- တရိစ္ဆာန်များကို ညင်းပန်းနှိပ်စက်ခြင်းမပြုရ။
၇-- သဘာဝပတ်ဝန်းကျင်ကို မဖျက်ဆီးရ။
၈-- မတရားမှုမှန်သမျှ ခေါင်းငုံမခံရ ။
Summary

Rest of your post

6 comments:

နိုင်းနိုင်းစနေ said...

ဒီပို့စ်လေး အီးမေးလ်ထဲ ဝင်လာလို့ လာဖတ်ကြည့်တာပါ။
ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားလို့ ဘလော့ပေါ်မှာပဲ အော်တဲ့နိုင်ငံရေးဆိုက်တွေ
လိုက်မကြည့်ဖြစ်ပေမယ့် ဒီပို့စ်ကိုတော့ ပြီးအောင် ဖတ်လိုက်ပါတယ်။


ကျွန်မနိုင်ငံခြားမှာ ၁ဝနှစ်ကျော် ကျွန်ခံခဲ့ပါတယ်။ (ကျွန်ခံတယ်လို့ပဲ ပြောရမှာပေါ့) ကျွန်ခံလို့ရတဲ့လခနဲ့ ဘွဲ့တစ်ခု ရခဲ့ပေမယ့် အိမ်လေးတစ်လုံးတော့ မဝယ်နိုင်ခဲ့ပါဘူး။

လိုချင်တာရပြီဆိုရင် မြန်မာပြည်ကို ပြန်လာကြဖို့ မမေ့ပါနဲ့လို့.. ဟို သီချင်းထဲကလိုပဲ အော်ဆိုလိုက်ချင်ပါတယ်

ကျေးဇူးပါ ကိုဝင်းလတ်း)

Sit Aung said...

ရိုးရိုးသားသားထွက်လာ ပညာသင်ရင်းအလုပ်လုပ် တဲ့ သူတွေက ကျွန်ခံလုပ်တယ်ဆိုရင်
Proposal လေးတင်လိုက်၊ တစိလုပ်ပြလိုက်။ ကိုယ့်ဖာသာ ကိုယ် ခေါင်းဆောင်ခန့်ပြီး နှစ်ယောက်တစ်ပိုင်းနဲ့ အဖွဲ့ တွေဖွဲ့ပြီးလုပ်စားနေတဲ့သူတွေကို ဘယ်လိုပြောမလဲ။ မိုးသီးဇွန်ပို့စ်က သူ့ရဲ့ နိုင်ငံရေးအတိမ်အနက်၊ အတွေး အခေါ်ရင့်ကျက်မှုကို ထပ်ပြီး သက်သေပြလိုက်တာပဲ။ ဘာအခြေခံမှမရှိဘဲနဲ့ ၈၈ ရဲ့ အရေးပေါ်ခေါင်းဆောင်ဖြစ် လာတဲ့အပေါ် ထင်တလုံးနဲ့ ဆရာကြီးလုပ်နေတဲ့သူလို့ပဲ မြင်တယ်။

မုတ်ဆိုး .. said...

ကောင်းတယ် .. ခင်ဗျားတွယ်ထားကိုကြိုက်တယ်ဗျာ ... ကျွန်တော်ကတော့ အပျော်တမ်း သမားပါ ...

Maharburma said...

ဟားဟား ညီလေးရေ

သူကလောကကြီးနဲ့ အဆက်ပြတ်နေတာနဲ့တူတယ် နိုင်ငံခြားမှာ ကျွန်ခံပြီးရတဲ့ ပိုက်ဆံက မြန်မာပြည်လို ရွှေနိုင်ငံကြီးမှာ အိမ်မပြောနဲ့ ကားကောင်းကောင်းတောင် မ၀ယ်နိုင်ဘူး။
်မြန်မာနိုင်ငံက ဆိုက်ကားဈေးက အမေရိကားက ၉၈ထုတ်ကားဈေးလောက်ရှိနေပြီဆိုတာလည်း ပြောပြလိုက်ပါအုံးကွာ ဟေ ဟေး ဟေး

ADMIN said...

မှန်ပါတယ်၊ ခေါင်းစဉ်လိုပဲ အချင်းချင်း နိမ့်ချဆက်ဆံခြင်းမပြုသင့်ပါဘူး။

အထူးသဖြင့် ကိုဝင်းလတ်ရေးထားတဲ့ တတိယ အချက်ထဲကလို နိုင်ငံကြီး လွတ်လပ်ဖို့ ဒီမိုကရေစီရဖို့ ကြိုးစားနေကြသူတွေထဲမှာ ဦးဆောင်သူတွေလို့ နာမည်ခံပြီး အထောက်အပံ့တွေ၊ ပေးစာကမ်းစာတွေ စားနေတဲ့ လူများအနေဖြင့် ကိုယ့်အားကိုယ်ကိုး နိုင်ငံခြားမှာ အလုပ်လုပ် (မနိုင်နိုင်းပြောသလို ကျွန်ခံ) နေကြရတဲ့ လူတွေကို ပိုပြီး မဝေဖန်သင့်ပါဘူး။

puluque said...

မမ မသက်ဇင် ဘလော့မှာ ကွန်မန့် ပွတ်သွားတာ ကြိုက်လို့ လိုက်လာတာပါ။ ခံယူချက်ကို လေးစားပါတယ်။ စကားလုံးတွေကို ကြိုက်တယ်။ "ကြာရှည်နေခွင့်ရဖို့ နည်းလမ်းရှာ..ဒီမိုကရေစီအေ၇းကို ခုတုံးလုပ်..သူများနှာခေါင်းပေါက်နဲ့အသက်ရှူ." ကြိုက်တယ်ဗျာ..အဲဒီလူဆိုဒ်ကို ဝင်မကြည်တာ ကြာလှပါပြီ။ စိတ်ပိန်လွန်းလို့