Tuesday, November 11, 2008

မိုးကိုမျှော်တဲ့ လူငယ်တွေ

နွေဆူးလင်္ကာ ရေးဖွဲ့တဲ့ ကဗျာလေးပါ...ဘယ်လောက်ကောင်းလိုက်သလဲ......

လိမ်ဆင်ကြီးမှန်းသိရက်နဲ့တော့
့ဘ၀ကိုပုံလောင်းရလောက်အောင်ထိ
ငါတို့တွေမိုက်ရူးရဲမဆန်ဘူး။

ဒီလိုနဲ့ပဲ ...
အချိန်တွေအကြာကြီး
ငါတို့တွေမှောင်ခဲ့ရဖူးပြီ။

တွင်းဆုံးကျနေတဲ့
ဘ၀တွေအားလုံးအတွက်
ထွက်ပေါက်တစ်ခုကို
ကူရှာပေးရုံလေးပါ။

မိုးခေါင်နေတာကို
လွန်ဆွဲနေရုံနဲ့တော့
မရွာနိုင်မှန်း သိခဲ့ကြပြီ။

ထောင်ချောက်တွေကြားမှာ
ကိုယ့်အမှန်တရားနဲ့ကိုယ်
ပျော်မွေ့ရှင်သန်နေကြတဲ့
လူငယ်တွေလေ ...
အားမတန်ပေမယ့်
ဘယ်တော့မှ မာန်မလျှော့ဘူး။ ။

posted by နွေဆူးလင်္ကာ at 6:38 PM on Nov 7, 2008
Summary

Rest of your post

3 comments:

မဆုမွန် said...

ဒီလိုနဲ့ပဲ ...
အချိန်တွေအကြာကြီး
ငါတို့တွေမှောင်ခဲ့ရဖူးပြီ။

တွင်းဆုံးကျနေတဲ့
ဘ၀တွေအားလုံးအတွက်
ထွက်ပေါက်တစ်ခုကို
ကူရှာပေးရုံလေးပါ။

ကဗျာလေးထဲကလို ထွက်ပေါက်တစ်ခု...ကူ၇ှာပေးကြစို့ နော်

Maharburma said...

ဟုတ်တယ်ညီ နွေဆူး ပြောသလိုပဲ

အားမတန်ပေမဲ့ ငါတို့ ဘယ်တော့မှ မာန်မလျှော့ရဘူးကွ!

winlatt said...

ဟုတ်ပါတယ်...
နိုင်ငံကြီးချွတ်ချုံကျနေ...
မွဲပြာကျနေ..
အမှောင်ထဲမှာ အနှစ်နှစ်ဆယ် ၀ဲလည်နေရတာပါ...။
အင်မတန်ချစ်စရာကောင်းတဲ့ ရွှေမြန်မာပြည်ကြီး
ထပ်ပြီး အကျဉ်းတန်မသွားရအောင်
လူကြားကောင်းတဲ့ မျက်လှည့်ဆရာလေသံတွေနဲ့
သန်း၅၀ ကျော် လူတွေကိုလိမ်နေမဲ့အစား
ကျွန်တော်တို့ လက်နှစ်ဖက်နဲ့ အားထည့်လို့
တွင်းဆုံးကျနေတဲ့...
ဘ၀တွေကို လက်တွေ့ကျကျ(လက်တွေ့ကျကျ)
ထွက်ပေါက်တွေ ကူရှာပေးကြရအောင်လား...
ညီစေနော်...Fighting......