Monday, April 7, 2008

သေခြင်းတရားဟာ သဘာဝပါဆိုပေမဲ့
လောကကြီးမှာ ရက်ပိုင်းမခြား
ဆိုးဝါးစွာ မုန်တိုင်းတိုက်
သောကတွေ ရင်လှိုင်းရိုက်ခဲ့ပေါ့..။
ကြေးမှုံနဲ့လူထု
မြန်မာပြည်ကို မျက်ကွယ်ပြုကြပြီ..။
မငြိမ်းတဲ့မီး ရှည်လျားသောခရီးကို
သားသမီးတွေအတွက် အားပေးသောလက် နှစ်ဖက်
ကွယ်ပျောက်ခဲ့ပြီလေလား..အော် သေခြင်းတရားရယ်..။
လူတစ်ယောက်ရဲ့မျက်နှာ
မဲ့တဲ့အခါလဲရှိ ပြုံးတဲ့အခါလဲရှိ
အေးချမ်းတဲ့မျက်နှာလဲရှိ မငြိမ်းချမ်းတဲ့မျက်နှာလဲရှိ
ကရုဏာများနဲ့မျက်နှာလဲရှိ ဒေါသထားတဲ့မျက်နှာလဲရှိ

ဒီလိုဒီလို
ကုသိုလ် အကုသိုလ် မျက်နှာများကို
ကြေးမှုံကဖေါ်ပြ
တန်ဘိုးရှိလှ လူ့ဘ၀ရုပ်ပုံ
ဆုံးဖြတ်ပုံ ဘယ်လိုကို
သမာဓိရှိရှိ ရဲရဲကြည့်ပြီးပြီလား
ကြေးမှုံမှာ အဲဒီလို သဘောထားရှိတယ်နော်...။
သမိုင်းရာဇ၀င် ထင်ဟတ်ခဲ့
ကြေးမှုံဦးသောင်းရဲ့ ကလောင်သွား ထက်မှာ
အဖြေတွေ အများကြီးရှိခဲ့ပါတယ်...။
ခုတော့ ဆက်ရေးရဦးမဲ့သမိုင်း
အို.... ကြေးမှုံပြင် မှိုင်းပါပေ ပေါ့လား...။ ။
အမေဆိုတာ အနာဂတ်ရဲ့ လမ်းပြပါ
အမေဆိုတာ အမှန်တရားရဲ့ ပြရုပ်ပမာ
အမေဆိုတာ သားသမီးတွေရဲ့ အားထားရာပါ အမေရယ်.......။
လူတစ်စုမှာ အမေမရှိပေမဲ့
လူထုမှာတော့အမေရှိတယ်...။
လူတစ်စုက အမေ့ကို အား မထားပေမဲ့
လူထုက အမေ့ကို အားထားခဲ့တယ်...။
အကောင်းမမြင် လူတစ်စုကို အမေအပြစ်မမြင်ခဲ့ဘူး
လူထုကိုတော့ အကောင်းဆုံးဘ၀ အမေမြင်တွေ့သွားချင်ရှာခဲ့တယ်..။
အမေရယ်...
အမေ့ဘ၀လမ်းတစ်လျှောက်
လူထုအတွက်ခွန်အားတွေ ထောက်ပံ့ခဲ့
အမှန်တရားနဲ့ လှမ်းလျှောက်ခဲ့တာ...
ကမ္ဘာကသိပါတယ်အမေ...။
ခုတော့ အမေရယ်...
အမေမရှိသည့် အိမ်
ရွှေအတိ ဆင်စေဦးတော့
အသွင်သာအမြင်ဆန်းပေလိမ့်
နန်းတော်ကြီး အရုပ်အိမ်
လူထုအတွက် တကယ့်ကို အရုပ်အိမ်ပါဘဲ အမေရယ်...။ ။
ဘဘကြေးမှုံဦးသောင်း
ဖွားဖွား လူထုဒေါ်အမာ ကောင်းရာသူ့ဂတိ ရောက်ပါစေ..။
ဝင်းလတ်(ကိုရီးယား)(8-4-08)

1 comment:

မီးငယ် said...

A Ko, I can't write in C-Box. Please read this article. http://june3pooh.blogspot.com/2008/04/blog-post_09.html