Friday, March 7, 2008


မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂ


ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာ အီဘရာဟင် ဂမ်ဘာရီဟာ ဒီနေ့ရန်ကုန်ကို ရောက်ရှိလာပါပြီး။ မစ္စတာ ဂမ်ဘာရီ ခရီစဉ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာ လူထုအုံကြွမှုနောက်ပိုင်းအတွင်း တ တိယအကြိမ်ခရီစဉ်ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာတဲ့အထိ မြန်မာနိုင်ငံမှာ အချိန်ယူ နေထိုင်မယ်လို့ ကုလသမဂ္ဂက ကြေငြာထားပါတယ်။ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မစ္စ မစ်ချဲ မွန်းတာ့စ်ကမူ မစ္စတာဂန်ဘာရီသည် ၎င်း၏ ခရီးစဉ်အတွင်း မြန်မာလူထု ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး အကြံဥာဏ်များရယူ၍ တိုင်ပင်ဆွေးနွေးမှုများပြုလုပ် နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ပြီးခဲ့သော နောက် ဆုံးခရီးစဉ်တွင် ၎င်းသည် ထိုကဲ့သို့ ထိရောက်စွာ ဆောင်ရွက် နိုင်ခြင်းမရှိခဲ့ကြောင်း တနလာင်္နေ့က သတင်း ထောက်များကို နယူးရောက်မြို့၌ ပြောကြားသည်။ကုလသမဂ္ဂရဲ့ ကြားဝင်မှုကို နအဖက လုံးဝလက်မခံ တော့ဘူးဆိုတာကို ပြသနိုင်တဲ့ခရီးစဉ်ဖြစ်သွားနိုင်တယ်လို့ နိုင်ငံရေးသမားတွေက ပြောဆိုဝေဖန်နေ ပါတယ်။“နအဖအနေနဲ့ သူတို့သွားနေတဲ့ Road Map ကိုဆက်ပြီး အကောင်အထည်ဖော်မယ်ဆိုတော့ မစ္စတာ ဂမ်ဘာ ရီ ဆောင်ရွက်မယ့် ဒေါ်အောင်ဆန်စုကြည်နဲ့ နအဖနဲ့ တွေ့ဆုံဆွေးနွေးဖို့ ၊ ညှိနှိုင်းဖို့ကိစ္စတွေဟာ ပြီးပြတ်သွားပြီးဆို့တဲ့သဘောမျိုးသက်ရောက်နေတဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မယ့်လမ်းကြောင်းမဟုတ်ဘူး။” လို့ပြည်သူလွတ်တော်ကိုယ်စာပြုကော်မတီ CRPP အတွင်း ရေးမှူး ဦး အေးသာအောင်က ပြောပါတယ်။မြန်မာနိုင်ငံကို တတိယအကြိမ်ရောက်ရှိတဲ့ လက်ရှိ ခရီးစဉ်အတွင်း ဒီနေ့မှာတော့ ရန်ကုန်မှာရှိတဲ့ သံတမန်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါ တယ်။ တိုင်း ရင်းသား ခေါင်းဆောင်တွေက မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံဖို့ဆန္ဒရှိကြပါတယ်။ တွေ့ခွင့်ရဖို့ကိုလည်း ဌာနေမှာရှိတဲ့ ကုလသမဂ္ဂရုံးကို မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။“ကျနော်တို့ပြောရမှာက တွေ့ဆုံဆွေးနွေးရေးကို အကြိမ်ကြိမ် ခင်ဗျားလာပေမယ့်လည်းအခုထက်ထိ ဘာမှမဖြစ်ဘူး။ အခုက အခြေခံဥပဒေကို ထောက်ခံဖို့ မေလမှာလုပ်တော့မယ်ဆိုတော့ ဒီကြားထဲမှာ ဘာမှမရှိတော့ဘူးဆိုတော့ အခု ခင်ဗျားလာတာကျနော်တို့ ဘာလုပ်ရမလဲဆိုတာ သူ့ကို ပြန်မေးရမှာပါ။”ဇိုမီးအမျိုးသားကွန်ဂရက်စ်ပါတီ (ဇက်အန်န်စီ) ဥက္ကဋ္ဌလည်းဖြစ်၊ စီအာပီပီ ကိုယ်စားပြုကော်မတီအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးကျင့်ရှင်းထန်က ပြောပါတယ်။တရားမျှတသည့် လူထု ဆန္ဒ ခံယူပွဲ ဖြစ်စေရန်အတွက် ကုလသမဂ္ဂနှင့် ကမ္ဘာ့မီဒီယာများအား စောင့်ကြည့် လေ့လာခွင့်ပေးရန်၊ ဖွဲ့စည်း ပုံကို ဝေဖန်နိုင်ရန်အတွက် ၅/၉၆ ဥပဒေကို ပယ်ဖျက် ပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံ ရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် တို့အတွက် မစ္စတာဂမ်ဘာရီအနေဖြင့် နအဖစစ်အစိုးရကို တိုက်တွန်းသွားစေလိုသည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောသည်။ကုလသမဂ္ဂ ကိုယ်စား လှယ်၏ မြန်မာပြည်ခရီးစဉ်မတိုင်ခင် တရက်စော ထုတ်ပြန်ထားသော အဖွဲ့ချုပ်၏ ကြေညာချက်တွင် ၁၉၉ဝ ရွေးကောက် ပွဲရလဒ်ကို အသိအမှတ်ပြုရန် ပျက်ကွက်သော စစ်အစိုးရအား ဥပဒေကြောင်းအရ တရား စွဲဆိုသည့်ကိစ္စကို ဗဟိုတရားရုံးချုပ်က ပယ်ချခဲ့သည့်ကိစ္စကို ဖော်ပြထားသည်။မစ္စတာဂမ်ဘာရီသည် ခရီးစဉ်အတွင်း မည်သူတို့နှင့်တွေ့ဆုံမည် ဆိုသည်ကို ကြိုတင်အသိပေး ထားခြင်းမရှိပေ။ကုလသမဂ္ဂ ကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီ ရန်ကုန် ရောက်လာပြီး မရှေးမနှောင်းတွင်ပင် ရန်ကုန်မြို့အနှံ့တွင် စစ်ကားများနှင့် စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့များကို ကားများဖြင့် နေရာအနှံ့တွင် တွေ့နေရသည်ဟု မြို့ခံများက ပြောသည်။
Posted by ဖိုးနေ at 8:18 AM 0 comments
Labels:

No comments: