Saturday, March 8, 2008

ဂမ္ဘာရီ ကို နားလည္တဲ့ ကိုမင်းကိုနိုင်ရဲ့ သဘောထား


မ်ဘာရီကို စောင့်မျှော်နေသူများအတွက် ကိုမင်းကိုနိုင် ပြောကြားခဲ့တဲ့ စကား လက်ဆောင်

အသံဖိုင်ပေးပို့သူ - ဇော်မျိုးလွင်ထောင်ထဲက ပြန်ထွက်လာကြရတဲ့ ရဲဘော်တွေကြားထဲမှာ စကားလေးတခု ရှိတယ်ဗျ။ အဲ … အဲဒါက ဘယ်လိုလဲ ဆိုတော့ဗျာ ထောင်ဝင်စာ လာလို့ရှိရင်တော့ အမြဲတမ်း ပြောကြတယ်။ စားဖို့ ဟင်းမပါရင် နေပါစေ သတင်းပေးပါ။ ဟင်းငတ်တာ အရေးမကြီးဘူး၊ သတင်းငတ်တာ ပြဿနာဖြစ်တယ် အဲလိုမျိုး ပြောကြတယ်ဗျာ။ အဲဒါနဲ့ အထဲက လူတွေက ဘာကြားကြသလဲဆိုရင်တဲ့ ‘ရာဇာလီလာမယ် ရာဇာလီလာမယ်’ ဆိုတာကို ကြားခဲ့ရတယ်တဲ့။ အဲတော့ ရာဇာလီလာရင် ဘာဖြစ်မလဲလို့ ပြန်မေးတဲ့အခါမှာ ရာဇာလီလာရင်တော့ ထူးမယ်လို့ ဒီလိုပြောကြပါတယ်တဲ့။ အဲဒီလိုနဲ့ စောင့်ရင်း စောင့်ရင်းနဲ့ နောက်ကျတော့ ကြာပြီဆိုတဲ့အခါမှာ ရာဇာလီလာပြီ ဆိုပြီးတော့ ကြားကြပါတယ်တဲ့။ ရာဇာလီလာရင် ဘာဖြစ်မလဲဆိုတော့ ရာဇာလီလာရင် ထူးမယ်ဆိုပြီးတော့နဲ့ တော်ကြရပြန်ပါတယ်တဲ့။ အဲဒါနဲ့ စောင့်စားရင်း စောင့်စားရင်းနဲ့ ရာဇာလီပြန်ရင် ထူးမယ်လို့ ပြောပြန်ပါတယ်တဲ့။ ဒါနဲ့ စောင့်စားရင်း စောင့်စားရင်းနဲ့ ရာဇာလီပြန်ပြီလို့ ကြားပါတယ်တဲ့။ ရာဇာလီပြန်ပြီ ဆိုတဲ့အခါမှာ ထူးလားဆိုတော့ ရာဇာလီ ဟိုကိုရောက်သွားရင် ထူးမယ်လို့ ပြောပါတယ်တဲ့။ အဲဒါနဲ့ ရာဇာလီ ပြန်သွားပြီးတဲ့အခါမှာ ထူးသလားဆိုတော့ မထူးပါဘူးတဲ့။ မထူးပါဘူးဆိုပြီး ပြန်စောင့်နေကြပြန်တယ်။ အဲဒါနဲ့ နောက်တခါ မေ့လောက်ပြီ ဆိုတဲ့အခါကျတော့ ရာဇာလီလာမယ် ဆိုပြီးတော့ ပြန်လာပြန်ပါတယ်တဲ့။ အဲဒီသံသရာကြီးပဲ လည်နေတာပါပဲဗျာ။ ဟို … ထောင်ထဲမှာ နေခဲ့ရတဲ့ အများစုရဲ့ ဘ၀ကတော့ ‘မစ္စတာ ရာဇာလီ လာမယ်၊ မစ္စတာ ရာဇာလီ လာပြီ၊ မစ္စတာ ရာဇာလီ ပြန်သွားပြီ’ အဲဒီသုံးခုနဲ့ပဲ ချာလပတ် လည်ခဲ့တာပါဗျာ၊ ဂျာအေး သူ့အမေရိုက် နေခဲ့တာပါပဲ၊ ဒီလောက်ပါပဲခင်ဗျ … ကျနော်နားလည်ခဲ့တာ။
ဒေါက်တာလွဏ်းဆွေ ထံမှထပ်ဆင့်တင်ပြပါသည်။

No comments: