Saturday, October 11, 2008

အိပ်မက်နိဒါန်း ဘလော့ထဲက ကဗျာလေးကောင်းလို့ ကွန်မင့်ရေးခဲ့လိုက်တာကို ပြန်တင်ကြည့်တာပါ..တစ်ခုခု ပြောခဲ့ဦး...ကျေးဇူးဘဲ...

“နာကျင် တဲ့ အရောင်


အမိန့်ပေးသံ မဟုတ်တဲ့
တောင်းပန်သံ အတွက်
နင့် အသံလှိုင်း
လက်ခံနိုင်တဲ့နေရာက ပျက်နေတယ်။


မျက်ရည် မဟုတ်တဲ့
နှလုံးသွေးစက် အတွက်
နင် အလင်းရောင် မဲ့နေတယ်။


အားပေးမှု့ မဟုတ်တဲ့
နှစ်သိမ့်မှု့ အတွက်
နင် တံခါးတွေကို ယောင်လို့တောင် မဖွင့်ခဲ့ဘူး။



ရယူခြင်း မဟုတ်တဲ့
ပေးဆပ်ခြင်း အတွက်
နင့် ခံစားတက်တဲ့နေရာမှာ သွေးခုန်နှုန်း မရှိဘူး။


အရောင် မဟုတ်တဲ့
အရောင် အတွက်
နင် ကျေနပ်ခြင်းကို
ကိုယ်နဲ့မဆိုင်သလို ပစ်ထားတယ်။



အချစ်ဆိုတာကို
တစ်ဖဲ့တစ်ရွဲ့လေးတောင် ပေးဖို့
နင် မရက်ရော ခဲ့ဘူး။


နင့်ရဲ့ ခါးသက်သက် အရသာတွေကို
လိမ်ညာ အရောင်ဆိုးကြိတ်မှိတ်မျိုချပြီး


အမြစ်တွယ်နေတဲ့ နှလုံးသားဗလာကို
ဆွဲနှုတ်ပစ်ဖို့ မကြိုးစားတဲ့ ငါက
ဘယ်သူလဲ . . . . . . . . . .။

(အိပ်မက်နိဒါန်း...၏ ကဗျာ)(http://2mydreams.blogspot.com/ )


“နာကျင်တဲ့ အရောင်”

ပြင်းထန်တဲ့လှိုင်းလုံး
တစ်ဝုန်းဝုန်း စကားလှိုင်း
မုန်တိုင်းထက်အားသန်
မင်း...မာန်တွေလျှော့လိုက်ပါဦး။

တဖက်သတ်အထင်အမြင်နဲ့
စွဲချက်တွေတစ်ပုံတပင်ကို
ငါ့နှလုံးသားရင်ပြင်မှာ
နင့်ကိုလေ အဆိုးမမြင်ပါဘူး..။

အချစ်ဆိုတာကို
တစ်ဖဲ့တစ်ရွဲ့လေးတောင် ပေးဖို့
နင် မရက်ရော ခဲ့ဘူး....တဲ့။

တကယ်ဆို ပိုသူဘယ်သူလဲ
နင်တကယ်ပဲ မသိလျော့လေသလား...။

အရာရာအလျော့ပေး
မင်းအပြုံးလေးမြင်ချင်လို့ပါ...။

လောကကိုအရွဲ့တိုက်
မင်းကြောင့်ပဲငါမိုက်ခဲ့တာ...
အခုတော့ ....
လက်ခုတ်လေးတီးဖို့တောင် မင်းမေ့နေပြီပေါ့.။

မင်းဆီကိုအပြေးလာတုန်းက
ချွေးစို့တော့ သုတ်ပေးဖေါ်ရပေမဲ့
လောကဒဏ်ကို ဖြတ်ကျော်လာမှ
ဆီးကြိုဖို့ မင်းမေ့နေတာ
ငါ...အပြစ်မပြောတော့ပါ..
ကဲ...မင်း...နေသာသလိုသာနေပါ....ကွာ။

(ယောင်္ကျားလေးတွေဖက်ကတွေးလိုက်တာနော်..သဘောမကျရင်ရင်လဲ..ဆောရီး..)
(ကျွန်တော်ပေးတဲ့ ကွန်မင့်)
Summary

Rest of your post

1 comment:

ရွှန်းမီ said...

ဇာတ်ဝင်ခန်းလေးလိုပဲ