Saturday, June 7, 2008

စိတ်ကိုနိုင်အောင်လုပ်၊စိတ်ကမနိုင်စေနဲ့

စိတ်ကိုနိုင်အောင်လုပ်၊စိတ်ကမနိုင်စေနဲ့
ငါ...စိတ်ကို နိုင်အောင် ကြိုးစားနေတယ်..
ငါ့ အသက်...အခုလောက်မှာ ငါ ဘာမှ မသိရင်..
ငါ..ဘာတန်ဘိုးရှိတော့မှာလဲ..
ငါ့ကို ငါ့စိတ်က အနိုင်ကျင့်လာတာ နှစ်ပေါင်းဆယ်စု လေးခုစွန်းနေပြီ..
လိုချင်တာတွေ အမြဲရခဲ့လို့လား
ဖြစ်ချင်တာတွေ ဖြစ်ခဲ့လို့လား...
ငါ့ကိုငါ ပြန်မေးကြည့်တော့..
မင်းဘက်က အရှုံးတွေက ပိုများတယ်လို့ ဖြေတယ်...
အတ္တနဲ့ မာနတွေ
ငါ့လက်ထဲက လွှတ်ချလိုက်မှ ကောင်းမယ်..
မောဟတွေနောက် တစ်ကောက်ကောက် လိုက်နေရင်
အိပ်ပျက်ညတွေ ထပ်နေမှာဘဲ...
သံသရာမှာ အမြဲ စိတ်ချမ်းသာရအောင်
ဖြူစင်သောစိတ်ဟာ ငါ့အဖေါ်ကောင်းဘဲ..
အခု ဖြစ်နေတဲ့ဘ၀ဟာ
နောက်ကလိုက်လာတဲ့ ငါ့အကျိုးဆို..
နောက်ထပ်လာဦးမဲ့ဘ၀ဟာ...
အခု...ငါ့အကြောင်းပေါ့...
ကောင်းပြီ ....ငါဘာလုပ်မလဲ
စိတ်က ငါ့ကို မနိုင်ဘို့အရေးကြီးတယ်...
ဟုတ်တယ်...
စိတ်ကို နိုင်အောင်လုပ်ရမယ်...
အရောင်
အဆင်း
အနံ့
အရသာ မရှိတဲ့ရေဟာ ရေကောင်းရေသန့်တဲ့..
စိတ်အရောင်..
စိတ်အဆင်း...
စိတ်အနံ့...
စိတ်အရသာ...
စိတ်ကိုသန့်နေအောင်
ငါ ကြိုးစားရင်း
စိတ်ကို နိုင်အောင်လုပ်ရမယ်...။
(စိတ်အရောင်...စိတ်ကိုအရောင်မဆိုးစေနဲ့
စိတ်အဆင်း..စိတ်သဘောထားဖြောင့်မတ်ဖြူစင်ပစေ..
စိတ်အနံ့..စိတ်သဘောထားကောင်းသတင်းဖြစ်ရမယ်..
စိတ်အရသာ..သူတော်ကောင်းလက်ခံစိတ်ရင်းအမှန် ....ကောင်းသန့် စိတ်သဏ္ဍာန်)





Summary

Rest of your post


No comments: